ဖခင်ဖြစ်သူစည်းရုံးမှုဖြင့် လူငယ်တစ်ဦး မော်လမြိုင်ဆေးရုံကြီးတွင် ဆေးဖြတ်ကုသမှုခံယူ

သံဖြူဇရပ်၊ နိုဝင်ဘာ ၁၀ သံဖြူဇရပ်မြို့မှ လူငယ်တစ်ဦး ဖခင်၏စည်းရုံးမှုကြောင့် မော်လမြိုင်ဆေးရုံကြီးတွင် ဆေးဖြတ်ကုသမှု ခံယူခဲ့ကြောင်း သိရသည်။<!--more--> အဆိုပါဆေးဖြတ်လိုသူလူငယ်မှာ သံဖြူဇရပ်မြို့နယ် ပဒံငံလေးကျေးရွာမှဖြစ်ပြီး ထိုင်းတွင် ငါးနှစ်ခန့် သွားရောက်ပြီးအလုပ်လုပ်ကိုင်ခဲ့ကာ မူးယစ်ဆေးဝါးစွဲလာသောခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဆေးဖြတ် ချင်ရင် မဖမ်းဆီးပဲ သက်ဆိုင်ရာအဖွဲ့များနှင့် ဆက်သွယ်ပြီးဆေးဖြတ်ခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးအုန်းသော်မှ ပြောသည်။ “ကျွန်တော်တို့အဖွဲ့က ပြုစုကုသရေးအပိုင်းကို ဦးတည်သွားမှာဖြစ်ပါတယ်။ ဆေးဖြတ်သူတွေက…

မုဒုံကန်ကြီးရေကန်၌ ရေဆင်းကူးရာမှလူတစ်ဦးရေနစ်သေဆုံး

မုဒုံ နိုဝင်ဘာ ၉ မုဒုံမြို့၊ ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး ပုရဝုဏ်အတွင်းရှိ ကန်ကြီးရေကန်၌ နိုဝင်ဘာ(၆)ရက်နေ့က လူတစ်ဦးရေဆင်းကူးရာမှရေနစ်သေဆုံးကြောင်းသတင်းရရှိသည်။

နယ်သာလန်နိုင်ငံမှ ပေးအပ်မည့် Scholarship ပညာသင်ဆုကို မြန်မာနိုင်ငံမှ ကျောင်းသားများလည်း လျှောက်ထားနိုင်

နယ်သာလန်နိုင်ငံမှ ပေးအပ်ချီးမြှင့်မည့် University Twente Scholarships 2017 (UTS) ပညာ သင်ဆုကို ဥရောပနိုင်ငံများသာမက မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှ စိတ်ဝင်စားသည့် ကျောင်းသူ၊ ကျောင်းသားများ လျှောက်ထားနိုင်ကြောင်းသိရသည်။

တစ်ပတ်အတွင်း ကုန်ဈေးနှုန်များ

နိုဝင်ဘာလ ဒုတိယအပတ် ကုန်ဈေးနှုန်းများ စားသောက်ကုန်ဈေးနှုန်းများ အမျိုးအစား အရေအတွက် ဈေးနှုန်း(ကျပ်) ပေါ်ဆန်းမွှေး(ရိုးရိုး) ၁ပြည် ၁၀၀၀ ပေါ်ဆန်းမွှေး(တောင်ပျံ) ၁ပြည် ၁၁၀၀ ပေါ်ဆန်းမွှေး(မွှေးဝါ) ၁ ပြည် ၁၂၀၀ ပေါ်ဆန်းမွှေး(ဖျာပုံ) ၁ပြည် ၁၃၀၀ ပေါ်ဆန်းမွှေး(ပုသိမ်) ၁ပြည် ၁၆၀၀ ပေါ်ဆန်းမွှေး(မြောင်းမြ) ၁ပြည် ၁၇၀၀ ပေါ်ဆန်းမွှေး(ရွှေဘို) ၁ပြည် ၁၉၀၀ ဘန်ကောက်…

တနင်္သာရီ တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေး နိုဝင်ဘာလ နောက်ဆုံးအပတ် ကျင်းပမည်

Dawei Watch ထားဝယ်၊ နိုဝင်ဘာ ၇ လာမည့် နိုဝင်ဘာဘာလ ၂၈ ရက်တွင် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၏ တတိယပုံမှန် အစည်းအဝေး ကျင်းပမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးထံမှ သိရသည်။

လက်နက်နှင့် တရားမဝင် တောရိုင်းတိရိစ္ဆာန်အရိုးစုများ ဖမ်းဆီးရမိ

Dawei Watch ကော့သောင်း၊ နိုဝင်ဘာ ၇ ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ မြရည်ပုလဲလမ်းတွင် လက်နက်နှင့် တရားမဝင် တောရိုင်း တိရိစ္ဆာန် အရိုးစုများ ထားရှိ ခြင်းအား နိုဝင်ဘာ ၅ ရက် ညက ဖမ်းဆီးရမိခဲ့ကြောင်း ခရိုင်သစ်တော ဦးစီးဌာနမှ သိရသည်။

သစ်ဈေးကြောင့် နာရေးကူညီမှုအသင်းများ အခေါင်း စရိတ်ထောင်းလာ

Dawei Watch မြိတ် နိုဝင်ဘာ ၉ သစ်ထုတ်ခွင့်ပိတ်ပြီး နောက်ပိုင်း သစ်ရှားပါးကာ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းကြောင့် လူသေအလောင်းများအတွက် အသုံးပြုသည့် အခေါင်းအကြမ်း စရိတ် မြင့်တက်ခဲ့ကြောင်း မြိတ်အခြေစိုက် နာရေးကူညီမှုအသင်းအသိုင်းအဝိုင်းမှ သိရသည်။

မွန်ပြည်နယ်တွင် ၁၀ လအတွင်း လောင်းကစားမှု တစ်ရာကျော် ဖမ်းဆီးရမိ

မော်လမြိုင်၊ နိုဝင်ဘာ ၁၀ မွန်ပြည်နယ်တွင် ၂၀၁၆ခုနှစ် ၁၀ လအတွင်း လောင်းကစားမှုများ တစ်ရာကျော် ဖမ်းဆီးရမိသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မွန်ပြည်နယ်တွင် တိုင်းရင်းသားများနှင့်ဆိုင်သည့် ဦးစီးဌာနရုံး ၂ ခု ဖွင့်လှစ်မည်

မော်လမြိုင်၊ နိုဝင်ဘာ ၉ မွန်ပြည်နယ်တွင် တိုင်းရင်းသားများနှင့် ဆိုင်သည့် ဦးစီးဌာန ရုံးနှစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရရုံးမှ သတင်းရရှိသည်။

စုန်းမကျွန်းရှိ လယ်ဧက ၅၀၀ ကျော်တွင် စပါးစိုက်ပျိုးရန် တာတမံကျိုးပျက်နေသဖြင့် လယ်သမားများအခက်ကြုံနေ

ရေး ၊ နိုဝင်ဘာ ၈ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စုပိုင် စုန်းမကျွန်းပေါ်ရှိ တာတမံမှာ ကျိုးပျက်နေသဖြင့် လယ်ဧက ၅၀၀ ကျော်ခန့်မှာ ရေငံများဝင်ရောက်ကာ စပါးများစိုက်ပျိုးမရ၍ လယ်ယာမြေပိုင်ဆိုင်ထားသူများ အခက်အခဲကြုံတွေ့နေရကြောင်း လယ်သမားများ၏ ပြောကြားချက်အရ သိရသည်။