ရေးမြို့မှာ မဲဆန္ဒရှင်စာရင်း လာကြည့်သူ နည်းပါး
ရေး ၊ ဇူလိုင် ၂၈ မဲဆန္ဒရှင် စာရင်းကပ်ပြီး (၄)ရက်ကြာအထိ ရေးမြို့နယ်မှာ မဲစာရင်းလာကြည့်သူ (၅၀) ရာခိုင်နှုန်း မပြည့်သေးဘူးလို့ ရပ်ကွက် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးတွေက ပြောပါတယ်။ မဲဆန္ဒရှင်စာရင်းတွေကို ဇူလိုင် (၂၅) ရက်နေ့က စတင်ပြီး သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးတွေမှာ ကပ်ထားကြေညာခဲ့တာပါ။ ရပ်ကွက် ကျေးရွာတွေမှာ…
မွန်ပြည်နယ်ရဲ့ ပထမဆုံး Mon Language Class ရေးမှာ ဖွင့်မည်
ရေး ၊ ဇူလိုင် (၂၈) မွန်ပြည်နယ်ရဲ့ ပထမဆုံး Mon Language Class ကို လာမယ့် ဩဂုတ်လအတွင်း ရေးမြို့မှာ ဖွင့်လှစ်သွားတော့မှာပါ။ ရေးမြို့ဟာ မွန်လူမျိုးအများဆုံး နေထိုင်တာဖြစ်ပေမယ့် မွန်စကားနဲ့ မွန်စာပေ တတ်မြောက်သူ နည်းပါးလာတာကြောင့် မွန်ယဉ်ကျေးမှုနဲ့ စာပေ မပပျောက်စေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာလို့ Mon Language Class ဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး…
မဲဆန္ဒရှင် စာရင်းကပ်ပြီး (၃)ရက်ကြာအထိ လာရောက် ကြည့်ရှုသူ အလွန်နည်းပါး
မော်လမြိုင် ၊ ဇူလိုင် (၂၇) မဲဆန္ဒရှင် စာရင်းကပ်ပြီး (၃) ရက်ကြာအထိ မော်လမြိုင်မြို့မှာ မဲစာရင်းလာကြည့်သူတွေ အလွန်နည်းပါးနေတယ်လို့ ရပ်ကွက်ကော်မရှင်အဖွဲ့ရုံးတွေက ပြောပါတယ်။ ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကို ဇူလိုင်လ (၂၅)ရက်နေ့ကနေ ဩဂုတ်လ (၇) ရက်နေ့ အထိ ၁၄ ရက်အကြာ ရပ်ကွက် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးတွေမှာ ကပ်ထား ကြေညာသွားမှာ…
ကိုဗစ်ကာလ ဘဲဥစျေးကျပြီး ကုန်ကြမ်းစျေးကြီးမှုကြောင့် လုပ်ငန်းရှင်တွေ အခက်တွေ့နေ
ရေး ၊ ဇူလိုင် ၂၇ မွန်ပြည်နယ်ရဲ့ ဘဲဥအထွက်နှုန်း အများဆုံးဖြစ်တဲ့ ရေးမြို့နယ်မှာ ကိုဗစ်ကာလအတွင်း ဘဲဥဈေးနှုန်းကျဆင်းပြီး ကုန်ကြမ်းဈေးကြီးမှုတွေကြောင့် မွေးမြူရေးလုပ်ငန်းရှင်တွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ ပုံမှန်အချိန်မှာ ဘဲဥတစ်လုံးကို ကျပ် (၁၃၀) ခန့် ပေါက်စျေးရှိပြီး ကိုဗစ်ကာလမှာတော့ တစ်လုံးကို ကျပ် (၇၀) နဲ့ (၉၀) ဝန်းကျင်သာ စျေးနှုန်း ရရှိတော့တာပါ။ အခုလို…
၂၀၂၀ ရွေးကောက်ပွဲကို မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်း (၆၂) ဦး ယှဉ်ပြိုင်မည်
မော်လမြိုင် ၊ ဇူလိုင် ၂၆ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို မွန်ညီညွတ်ရေးပါတီကနေ ကိုယ်စားလှယ်လောင်း (၆၂)ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဒီကနေ့ ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကနေဆုံးဖြတ်လိုက်ပါတယ်။ မွန် ၊ ကရင် ၊ တနင်္သာရီ နဲ့ ရန်ကုန်တိုင်းဒေကြီးတို့မှာ လွှတ်တော်အသီးသီးအတွက် ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ မွန်ပြည်နယ်တွင် ဗမာတိုင်းရင်းသား လူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ ကရင်ပြည်နယ်တွင်…
USDP ပါတီရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ရက်ပိုင်းအတွင်း ကြေညာမည်
မော်လမြိုင် ၊ ဇူလိုင် ၂၆ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ရက်ပိုင်းအတွင်း ထုတ်ပြန်ပေးသွားမယ်လို့ မွန်ပြည်နယ် USDP ပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောပါတယ်။ ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို လွန်ခဲ့တဲ့ (၄)လ ကတည်းက ရွေးချယ်ထားပြီး ဖြစ်ပေမယ့် ပါတီဗဟိုရဲ့ ခွင့်ပြုချက်မရသေးတာကြောင့် လူထုကို အသိမပေးသေးတာလို့ ဆိုပါတယ်။…
မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ အစွန်းအဖျားတွေမှာ စားသောက်ကုန်ပြတ်လပ်တဲ့ ပြဿနာရင်ဆိုင်နေရ
မော်လမြိုင် ၊ ဇူလိုင် ၂၅ ကိုဗစ်-၁၉ အကြပ်အတည်းကာလ ရက်ကြာလာနဲ့အမျှ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ အစွန်းအဖျားတွေမှာ စားသောက်ကုန်ပြတ်လပ်တဲ့ ပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဆက်ဆံရေး တာဝန်ခံက ပြောပါတယ်။ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာ ကန့်သတ်ထားတာကြောင့် ဒေသခံတွေမှာ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲနေပြီး အခြေခံစားသောက်ကုန်တွေလည်း ပြတ်လပ်လုနီးပါး ဖြစ်နေတယ်လို့ ဆိုပါတယ်။ “အဓိက ဝေးလံခေါင်ဖျားတဲ့ဒေသတွေ အများအားဖြင့်…
NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအပေါ် ဒေသခံတွေ ကန့်ကွက်
ရေး ၊ ဇူလိုင် ၂၅ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအပေါ် ရေးမြို့နယ် ဒေသခံတွေက ကန့်ကွက်လိုက်ပါတယ်။ ဇူလိုင်လ (၂၃) ရက်နေ့မှာ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရေးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာအတွက် ဦးစားပေးစာရင်းမှာ မပါသူကို ရွေးချယ်ထားတာကြောင့် ဒေသခံတွေနဲ့…
မွန်ပြည်နယ် NLD ၂၀၁၅/၂၀၂၀ ကိုယ်စားလှယ်လောင်း
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ နှိုင်းယှဉ်ဖော်ပြချက်များကို သံလွင်တိုင်းမ်သတင်းဌာနမှ ပြုစုဖော်ပြလိုက်ပါသည်။
မွန်မှာ ဇူလိုင်လ (၂၄)ရက်နေ့အထိ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတဲ့ ပါတီ မရှိသေး
မော်လမြိုင် ၊ ဇူလိုင် ၂၄ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဇူလိုင်လ (၂၄) ရက်နေ့အထိ လာရောက်တင်သွင်းတဲ့ ပါတီ မရှိသေးဘူးလို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောပါတယ်။ လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇူလိုင်လ (၂၀) ရက်နေ့မှာ စတင် တင်သွင်းလို့ရပြီး ဩဂုတ်လ (၇)ရက်နေ့မှာ အပြီးသတ်ဆောင်ရွက်ရမှာ…