ရေးမြို့နယ်ရှိ “က” ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်လုပ်လိုသူများအားလုံး လိုင်စင်ရရှိရေးစီစဉ် ဆောင်ရွက်နေ
ရေး ၊ အောက်တိုဘာ ၂၄ ရေးမြို့နယ်အတွင်းရှိ “က” ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်ပြုလုပ်လိုသူများအားလုံး လိုင်စင် ရရှိရေးအတွက် ရပ်ကွက်/ကျေးရွာအတွင်း စာရင်းလိုက်လံတောင်းခံလျက်ရှိနေပြီး ကောက်ယူရရှိ လာမည့်စာရင်းများအရ အားလုံးပြုလုပ်ပေးနိုင်ရေးစီစဉ်ဆောင်ရွက်နေကြောင်း ရေးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
စက်စဲကမ်းခြေ သဲသောင်ပြင် ဧရိယာအတွင်း စီးပွားဖြစ် လုပ်ငန်းများ တားမြစ်ပိတ်ပင်
သံဖြူဇရပ်၊ အောက်တိုဘာ ၂၃ သံဖြူဇရပ်မြို့နယ် စက်စဲကမ်းခြေရှိ သဲသောင်ပြင် ဧရိယာအတွင်း စီးပွားဖြစ် လုပ်ငန်းများ ပြုလုပ်နေခြင်းကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ပြည်နယ် အစိုးရုံးမှ သတင်းရရှိသည်။
စကောတလန်နိုင်ငံသား ဇနီးမောင်နှံနှစ်ဦး ရေးမြို့နယ်ရှိ ကလေးများအား တုတ်ထိုးအရိပ်ရုပ်သေး ပညာ လာရောက်သင်ကြား
ရေး ၊ အောက်တိုဘာ ၂၄ သစ်ပင်သစ်တောများအပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရိစ္ဆာန်များအပေါ် လေးစားချစ်ခင်လာစေရေးအတွက် စကော့တလန်နိုင်ငံမှ ပညာရှင်ဇနီးမောင်နှံသည် အောက်တို ဘာလ ၂၃ ရက်နေ့က ရေးမြို့သို့လာရောက်ပြီး ကလေးငယ်များအား သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်မှုရှိသည့် ဇာတ်လမ်း၊ ပုံပြင်များပါဝင်သော တုတ်ထိုးအရိပ်ရုပ်သေးအကများဖြင့် သင်ကြား ပြသပေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်ရှိ စေတီတစ်ဆူတွင် သရုပ်ဆောင်ဟိန်းဝေယံအမည်ဖြင့် ယတြာပြုလုပ်ခြင်းအပေါ် ဒေသခံများ ကန့်ကွက်မှုဖြစ်ပေါ်
ပေါင်၊ အောက်တိုဘာ ၂၄ ပေါင်မြို့နယ်ရှိ မဟာသုဒဿနတောင် ဆုတောင်းပြည့်ဘုရားတွင် ရုပ်ရှင် သရုပ်ဆောင် မင်းသား ဟိန်း ဝေယံ အမည်ဖြင့် ယထြာပြုလုပ်ထားခြင်းကို ဘုရားဖူးသူများ စိတ်အနှောင့်ယှဉ် ဖြစ်စေသည့်အတွက် မပြုလုပ် ရန် မြို့သူမြို့သားများက ကွန့်ကွက်ကြောင်း သတင်းရရှိသည်။
ကျိုက်ထီးရိုးဘုရားရှိ အလှူခံပုံး(၃၁)ပုံမှ အလှူငွေ သိန်း ၁၅၀ ကျော် ရရှိ
ကျိုက်ထို၊ အောက်တိုဘာ ၂၃ ကျိုက်ထီးရိုး ဘုရားရင်ပြင်ပေါ်ရှိ အလှူခံပုံး(၃၁)ပုံးအား ဂေါပက အသစ်လက်ထက်တွင် ဖွင့်ဖောက်ခဲ့ ရာ သိန်း ၁၅၀ ကျော် ရရှိခဲ့သည်ဟု ဂေါပက အဖွဲ့များထံမှ သိရသည်။
ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး
ကမ္ဘာ့ကုလသမဂ္ဂ ထောင်စုနှစ်ရည်မှန်းချက် (၂၀၁၅)ခုနှစ်တွင် ပြည့်ပြီးနောက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးလမ်းညွှန်ချက်(၁၆)ချက် ထွက်ပေါ်လာသည်။<!--more--> လွတ်လပ်မျှတပြီး ကောင်းမွန်စွာတွေးခေါ်မျှော်မြင်နိုင်ကာ ကျန်းမာသန်စွမ်းပြီး တရားရေးဆိုင်ရာ တန်း တူညီမျှမှု၊ မြို့ပြများဖွံ့ဖြိုးတိုးတက်မှုစသည်များပါဝင်သော ကုလသမဂ္ဂ၏ ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက် ရေး ဆိုင်ရာအချက်(၁၆)ချက်အပေါ်တွင် တစ်ကမ္ဘာလုံးက သာတူညီမျှစွာ တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ် သည်။ တစ်ဖက်တွင် ပြည်နယ်၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုအစီအစဉ်ကား ဘယ်လိုနည်း။ ဘယ်ပုံနည်း။ အစိုးရသစ်တက်ခါစဖြစ်သည့်အတွက် ရေရှည်တည်တံ့သော…
Facebook အကြောင်းသိကောင်းစရာများ(၃)
Facebook ပေါ် MP-3 အသံ ဖိုင် တင်ကြမယ်။ တင်ဆက်သူ-TU Arkar Min ပထမဦးဆုံး 16.8 MB သာ ရှိတဲ့ sound Cloud ဆော့ဝဲလေးကို အောက်က link မှာ ဒေါင်းယူလိုက်ပါ။
“ ပင်လယ်ပြင်ထဲက ပြန်လမ်းမရှိ ဘဝအချို့”
ရဲနိုင်ဦး မွန်ပြည်နယ်၊ ရေးမြို့နယ်ရဲ့ အနောက်တောင်ဘက် ရေမိုင် ၄၀ မှ ၆၀ ကြား ကပ္ပလီပင်လယ် ပြင်ကြီးနဲ့အတူ ကျွန်းကြီး၊ ဝါးကျွန်း၊ နတ်ကျွန်း၊ ငှက်ပျောကျွန်းတွေနဲ့ သာယာလှပလို့နေပါတယ်။ သာယာလှပတဲ့ အဲဒီပင်လယ်ပြင်ထဲမှာတော့ အရုပ်ဆိုးအကျည်းတန်စရာ ဖြစ်ရပ်တွေ ဖြစ်ပေါ်နေပါ တယ်။
ဘေးမသီ ရန်မခ
ဌေးဝင်း ´ကျွန်တော်တို့ လေယဉ်မှူးတွေဆိုတာ ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ်၊ ဘယ်လေကြောင်းလိုင်းမှာဘဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ဟာ Standard operating procedure ဆိုတဲ့ procedure တခုကို follow ဘယ်လောက် လိုက်နိုင်သလဲ။ Hundered per-cent လိုက်နိုင်ရင် Fully safe and sound မြန်မာလိုပြောရင်တော့ ဘေးမသီ ရန်မခပေါ့။ ခရီးသည်တွေရဲ့ လိုရာခရီးကို လုံခြုံချောမွေ့စွာ ပို့ဆောင်နိုင်ရေးပေါ့´…
တိုင်းအတွင်း ရပ်နားထားသည့် လမ်းတံတားလုပ်ငန်းများ ပြန်စတော့မည်
|Dawei Watch| ထားဝယ်၊ အောက်တိုဘာ ၂၄ တိုင်းအတွင်း လမ်းဦးစီးဌာနက လုပ်ဆောင်နေသည့် လမ်းတံတား လုပ်ငန်းများကို လာမည့်အပတ်တွင် စတင်လုပ်ဆောင် တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ် /စွမ်းအင်ဝန်ကြီးက ပြောသည်။