ဝဲခမိကျေးရွာအုပ်စု ကလိန်းပဒေါကျေးရွာတွင် ဘိန်းစားရွက်ပင်များနှင့် လက်လုပ်သေနတ်များဖမ်းဆီးရမိ

သံဖြူဇရပ်၊ အောက်တိုဘာ ၂၄ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအုပ်စု ကလိန်းပဒေါကျေးရွာတွင် အောက်တိုဘာ (၁၈)ရက်နေ့က သံဖြူဇရပ်မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိရဲအုပ်အေးမင်းထွန်းဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများ နှင့် အတူ သတင်းအရ ဘိန်းစားရွက်ပင်များ စိုက်ပျိုးထားကြောင်းသိရှိရ၍ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိ

YSS စီစဉ်မှုဖြင့် ဒေသခံပြည်သူများနှင့် အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံပွဲကျင်းပမည်

ရေး ၊ အောက်တိုဘာ ၂၆ ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (Ye Social Society – YSS) စီစဉ်မှုဖြင့် ဒေသခံပြည်သူများနှင့် အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားဝန်ကြီးများတွေ့ဆုံပွဲကို လာမည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အရည်အသွေးပိုင်းဆိုင်ရာ လိုအပ်မှုများရှိနေသည့် ရေးမြို့အဝေးပြေးကားဝင်း နိုဝင်ဘာလဆန်းအထိ ဖွင့်လှစ်နိုင်ဖွယ်မရှိသေး

ရေး ၊ အောက်တိုဘာ ၂၅ ရေးမြို့၊ အဏ္ဏဝါရပ်၊ တနင်္သာရီလမ်းမကြီးဘေးတွင် ပြန်လည်တည်ဆောက်ပြီးစီးပြီဖြစ်သည့် အဏ္ဏဝါ အဝေးပြေးကားဝင်းမှာ အရည်အသွေးပိုင်းဆိုင်ရာဝေဖန်မှုများရှိနေပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြေ လည်အောင် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ရန်ရှိနေသဖြင့် လာမည့်နိုဝင်ဘာလဆန်းပိုင်းတွင် ဖွင့်လှစ်နိုင် ဖွယ်မရှိသေးကြောင်း သိရသည်။

ရေးမြို့ လဝကရုံးဝန်ထမ်းတစ်ဦး ပထမဆုံးအကြိမ်ဝင်ပြိုင်သည့် ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တွင် ဒုတိယဆုဆွတ်ခူးရရှိ

ရေး ၊ အောက်တိုဘာ ၂၅ ရေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဒုလဝကမှူးအဆင့်ရှိ ဦးစိုး သက်သည် ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မွန်ပြည်နယ်ကိုယ်စားပြု အရေးပြိုင်ပွဲသို့ ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဝါသနာအရှင်-အရေး (ဒုတိယတန်း)တွင် ဒုတိယဆုဆွတ်ခူးရရှိခဲ့ ကြောင်း သိရသည်။

အခြားအနုပညာရှင်များ မပါဝင်နိုင်ခဲ့သော်လည်း မော်လမြိုင် ပရိတ်သတ်များ တခဲနက်အားပေးမှုကြောင့် ပီတိဖြစ်ရကြောင်း နီနီခင်ဇော်ဆို

မော်လမြိုင်၊ အောက်တိုဘာ ၂၄ တေးသံရှင် နီနီခင်ဇော်၏ အနီရောင် DVD အခွေ နှင့် Super Red နှုတ်ခမ်းနီ Promotion ပွဲ ကို အောက်တိုဘာလ (၂၃) ရက်နေ့ ညနေက မော်လမြိုင် Ocean Super Center မှာ မိတ်ဆက်ခဲ့ပြီး ပရိတ်သတ် အားပေးမှု တခဲနက်ရရှိခဲ့သည်။

မုဒုံမြို့နယ်ရှိ နာမည်ကြီးဂျိုကာတံတားအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

မုဒုံ အောက်တိုဘာ ၂၅ မုဒုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာနှင့် နိုင်လှုံကျေးရွာအကြား မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်ရှိ ဂျိုကာ တံတားအနီး၌ အောက်တိုဘာ(၂၄)ရက်နေ့ ညပိုင်းက ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးသွားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှသိရှိရသည်။

မုဒုံ တံခွန်တိုင်ကျေးရွာတွင် သတင်းအရ ရှာဖွေရာ မူးယစ်ဆေးဝါးများဖမ်းမိ

မုဒုံ အောက်တိုဘာ၂၆ မုဒုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာတွင် မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း မုဒုံမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကျိုက်တမော့ စတုဒီသာဇရပ်(၁၂၅)နှစ်ပြည့်အဖြစ် ကမာဝက်ဒေသခံများမှ သိန်းပေါင်း(၃၀၀)ကျော် အကုန်ကျခံလှူဒါန်းမှုပြုလုပ်

မုဒုံ၊ အောက်တိုဘာ ၂၄ ကမာဝက်မြို့ရှိ ကျိုက်တမော့ဆံတော်ရှင် ဗုဒ္ဓပူဇနိယပွဲတော်တွင် ကျိုက်တမော့စတုဒီသာဇရပ်(၁၂၅) နှစ်မြောက်အဖြစ် ကမာဝက်ဒေသခံများမှ ကျပ်သိန်းပေါင်း(၃၀၀)ကျော် အကုန်အကျခံပြီး ဧည့်သည်များအား ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။<!--more--> “ဒီနှစ်(၁၂၅)ကြိမ်မြောက်အလှည့်မှာ ကျွန်တော်တို့ရပ်ကွက်က တိုက်တိုက်ဆိုင်ဆိုင်ကြုံတယ်။ ဒီနှစ်ဘုရားပွဲတော်ကို အရင်နှစ်တွေနဲ့မတူစည်ကားအောင်ကျင်းပဖို့အတွက်လည်း ရပ၊်ရွာက သူနေရာနဲ့တူ စည်း ကား သိုက်မြိုက်စွာပြုလုပ်ရန်အတွက် ကြိုးပမ်းနေကြတော့လည်း ကျွန်တော်တို့ ကမာဝက်ရပ်ကွက်ကလည်း ကိုယ့်အလှည့်မှာ အဆင်ပြေပြေနဲ့ သူများနဲ့မသာခဲ့ရင်တောင်…

ဘားအံရှိ အာဇာနည်ကျောက်တိုင်မြို့မ ဘောလုံးကွင်း ပြန်လည်ရရှိရေး ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်

ဘားအံ၊ အောက်တိုဘာ ၂၀ ဘားအံမြို့ရှိ အာဇာနည်ကျောက်တိုင်မြို့မ ဘောလုံးကွင်း ပြန်လည်ရရှိစေရေး ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာလ(၁၉)ရက်နေ့ ညနေပိုင်းက ဘားအံမြို့ သရက်တောကျောင်းတိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ခေါဇာမြို့၊ ဓမ္မသတ်ကမ်းခြေဝန်းကျင် မြေတစ်ဧကဈေးနှုန်း ကျပ်သိန်း ၁၀၀ ကျော်ခန့်အထိရှိလာ

ရေး ၊ အောက်တိုဘာ ၂၅ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကျုံညဲကျေးရွာအုပ်စု၊ တရုတ်ထောက်ကျေးရွာအနီးရှိ ဓမ္မသတ်ကမ်း ခြေဝန်းကျင်အတွင်း လုပ်ငန်းရှင်အချို့ မြေနေရာဝယ်ယူမှုများရှိလာပြီး လက်ရှိပေါက်ဈေးအနေဖြင့် တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ ကျော်ခန့်အထိရှိလာကြောင်း သိရသည်။