ဖာပွန်ခရိုင်မှာ နှစ်ပတ်အတွင်း တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်၊ စစ်ကောင်စီဘက်က ၇၀ သေဆုံး၊ KNU ဘက်က ၂ ဦးကျ
မော်လမြိုင်၊ စက်တင်ဘာ ၁၈ ဖာပွန်ခရိုင်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ စစ်အုပ်စုတို့ကြား ဒီလ နှစ်ပတ်တာအတွင်း တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်ကအယောက် ၇၀ သေဆုံးခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။ ဖာပွန်ခရိုင်အတွင်းမှ KNLA တပ်မဟာ ၅ နဲ့ စစ်အုပ်စုကြား တိုက်ပွဲတွေနေ့စဉ်ဆိုသလို ဖြစ်ပွားနေပြီး စက်တင်ဘာလ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ…
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နဲ့ ဆက်သွယ်မေးမြန်းချက်
“မွန်ပြည်ကာကွယ်ရေးတပ်-MSDF တပ်ဖွဲ့စည်းပုံတွင် လိုက်နာရမည့် စစ်ဖက်ဆိုင်ရာကျင့်ဝတ်နှင့် စည်းကမ်းကို တိတိကျကျပြဌာန်းထားပြီး စစ်သည်တိုင်း လေးစားလိုက်နာရပါတယ်။ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခွန်အကောက်လုပ်ငန်းများကို လုံး၀(လုံး၀) လုပ်ဆောင်မည်မဟုတ်ပါ” မော်လမြိုင်၊စက်တင်ဘာလ ၁၈ အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်တော်လှန်ဖို့အတွက် မွန်ပြည်ကာကွယ်ရေးတပ် (MSDF)ကိုစက်တင်ဘာလ ၁၆ ရက်နေ့မှာ မွန်ပြည်အတွင်းက တိုင်းရင်းသားလူမျိုးတွေနဲ့ ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ MSDF ဖွဲ့စည်းခဲ့တဲ့နေ့မှာပဲ ရေးမြို့နယ်တောင်ပိုင်း ကျုံညဲရွာမှာ…
အောက်ရေဖြူကျေးရွာကို စစ်ကောင်စီ အင်အားသုံး ဝင်ရောက် ပစ်ခတ်ဖမ်းဆီး
ထားဝယ်၊ စက်တင်ဘာ ၁၇ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ရှိ အောက်ရေဖြူ ကျေးရွာအုပ်စုအတွင်းမှာ ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်တွေ အင်အားသုံးပြီး ဝင်ရောက်ပစ်ခတ် ဖမ်းဆီးတာတွေ လုပ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း နေ့စဉ်ရက်ဆက် ဆန္ဒထုတ်ဖော်နေတဲ့ အောက်ရေဖြူ ကျေးရွာအုပ်စုအတွင်းရှိ ကဒက်ငယ်ထိန်၊ ဝံတွင်း၊ ကျောက်ဖြူ ၊…
ဌာနဆိုင်ရာရုံးတွေကို လုံခြုံရေးချဖို့ စစ်ကောင်စီ စီစဉ်
မော်လမြိုင်၊ စက်တင်ဘာ၊ ၁၇ အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ်အတွင်းက ဌာနဆိုင်ရာရုံးတွေမှာ ရဲနဲ့ စစ်သားတွေကို လုံခြုံရေးချဖို့ စီစဉ်နေတယ်လို့ Non CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပစ်မှတ်ထားဖောက်ခွဲခံရနိုင်တဲ့ ဌာနဆိုင်ရာရုံးအချို့ကို စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်သားတွေကို ကင်းလုံခြုံရေးချထားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ” ဒီနောက်ပိုင်း ရုံးတွေကို ပစ်မှတ်ထားတာတွေ ရှိလာတယ်။ လွန်ခဲ့တဲ့ရက်တွေမှာလဲ ရုံးအချို့ဗုံးပေါက်ခွဲခံရတယ်။…
နယ်မြေတည်ငြိမ်လာလို့ ကျိုက်ဒုံဒေသက စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်
မော်လမြိုင်၊ စက်တင်ဘာ ၁၇ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံဒေသက စစ်ဘေးေရှာင်ပြည်သူအချို့နယ်မြေအခြေအနေလည်း တည်ငြိမ်လာတာကြောင့် ရပ်ရွာကိုပြန်လည်ရောက်ရှိနေထိုင်ကြပြီလို့ စစ်ရှောင်အရေး အကူအညီပေးနေသူေတွက ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကစပြီး ကျိုက်ဒုံဒေသ ကွင်းကလေး ကြိတ် ပိုင်ကလာဒုံစတဲ့ ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွာသူရွာသားတွေဟာ ထိုင်း- မြန်မာနယ်စပ်နဲ့ တောထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။ ဒီလိုစစ်ရှောင်နေရတဲ့ကာလ အတောအတွင်းမှာ စစ်ဘေးရှောင်အချို့…
မြန်မာ့ငွေကြေးတန်ဖိုး ဆက်တိုက်ကျဆင်းလာလို့ အိမ်ခြံမြေ ဝယ်ယူစုဆောင်းသူတွေ များလာ
မော်လမြိုင် ၊ စက်တင်ဘာ ၁၈ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ငွေကြေးတန်ဖိုး ဆက်တိုက်ကျဆင်းလာလို့ ငွေသားထက် အိမ်ခြံမြေဝယ်ယူစုဆောင်းသူတွေက ပိုမိုများပြားလာတယ်လို့ အိမ်ခြံမြေ အကျိုးတော်ဆောင် တွေကပြောပါတယ်။ မြန်မာငွေကြေးတန်ဖိုးဟာ အမေရိကန် တစ်ဒေါ်လာကို ကျပ်ငွေ နှစ်ထောင်ကျော် ပေးလဲရတဲ့အထိ ဆက်တိုက် ကျဆင်းနေသလို ရွှေဈေးတွေမှာလည်း တစ်ကျပ်သားကို ကျပ် (၁၈)သိန်းကျော်အထိ မြင့်တက်နေတာ ဖြစ်ပါတယ်။ အခုလို အခြေအနေတွေကြောင့် ပိုင်ဆိုင်မှုရှိသူတွေဟာ…
ကျိုက်ထီးရိုးတောင်အနီး မိုင်းပေါက်ပြီးနောက် ဒေသခံတွေ တောထဲသွားပြီး ရှာဖွေစားသောက်ဖို့ မဝံ့ရဲတော့
ကျိုက်ထို၊ စက်တင်ဘာ ၁၇ ကျိုက်ထိုမြို့နယ်၊ ကင်မွန်ချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်အနီးမှာ မြေမြှုပ်မိုင်းပေါက်ကွဲပြီးနောက် ဝမ်းရေးအတွက် တောထဲသွားပြီး ရှာဖွေစားသောက်ဖို့ စိုးရိမ်ကြောက်လန့်နေရတယ်လို့ တောင်ပေါ် ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က ကျိုက်ထီးရိုးတောင် ရေတံခွန်လမ်း ဝိဇ္ဇာတောင်အနီးမှာ တောတွင်းမျှစ်ချိုးသွားတဲ့ လူငယ်တစ်ဦး မြေမြှုပ်မိုင်းထိပြီး ခြေထောက်ဒဏ်ရာရှိခဲ့ပါတယ်။ “အခုက မိသားစုအားလုံးနီးပါး စားဝတ်နေရေး အခက်အခဲနေတယ်၊…
မော်လမြိုင် Night Walking Street အနီး ဗုံး ၂ လုံး ဆက်တိုက်ပေါက်
မော်လမြိုင် စက်တင်ဘာ ၁၇ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ ကမ်းနားလမ်း Night Walking Streetအနီးမှာ ဒီကနေ့ စက်တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းက အသံဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနက် ၈ နာရီခွဲမှာ ပထမ ဗုံး ၁ လုံးပေါက်ကွဲခဲ့တာ ဖြစ်ပြီး၊…
ကျိုက်ထိုမှာ စစ်ကောင်စီသတင်းပေးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ
ကျိုက်ထို၊ စက်တင်ဘာ ၁၆ ကျိုက်ထိုမြို့၊ မြောက်ပိုင်းတိုးချဲရပ်ကွက် ဆားဖိုးကြီးအိမ်ရှေ့ ဆိုင်တန်းရှေ့တွင် စက်တင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီသတင်းပေးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ သိရပါတယ်။ သေနတ်နဲ့အပစ်ခံရသူမှာ ဦးရန်ရှင်း ဆိုသူဖြစ်ပြီး ကျိုက်ထိုမြို့နယ် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီဥက္ကဌ ဖြစ်ပါတယ်။ ဦးရန်ရှင်းမှာ ဆားဖိုးကြီးအိမ်ရှေ့ဆိုင်တန်းမှာ ရှိနေစဉ် ဆိုင်ကယ်ဖြင့်လာသူ အမျိုးသားမှ သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ “သူက…
ဘားအံမှာ စစ်အုပ်စု ရှာဖွေဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်လာ
မော်လမြိုင်၊ စက်တင်ဘာ ၁၆ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ နာမည်ကြီး စစ်ကောင်စီ သတင်းပေးဒလန်တစ်ဦး အသတ်ခံရပြီးတဲ့နောက် စစ်အုပ်စုတွေက ရှာဖွေဖမ်းဆီးမှု ပိုမိုတိုးမြင့်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့က စစ်ကောင်စီရဲ့သတင်းပေးဒလန်တစ်ဦးလို့ နာမည်ကြီးနေတဲ့ တကောင်ငကွဲျခေါ် ကျော်ဇင်ဝင်းဟာ သူ့ရဲ့နေအိမ်ရှေ့မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာပါ။ တကောင်ငကျွဲအသတ်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဘားအံမြို့ပေါ်မှာ ရှာဖွေစစ်ဆေးတာတွေ ဖမ်းဆီးတာတွေ…