စစ်ကောင်စီက ရုရှားလုပ်ရပ်အပေါ် ထောက်ခံတာဟာ အာဏာရှင်အချင်းချင်း အပြန်အလှန်အသိအမှတ်ပြုတာလို့ ဝေဖန်
မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၆) ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျုးကျော်တိုက်ခိုက်မှုအပေါ် စစ်ကောင်စီက ထောက်ခံတာဟာ အာဏာရှင် အချင်းချင်း အပြန်အလှန်အသိအမှတ်ပြုတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူနဲ့ တော်လှန်ရေးအင်အားစုတွေက ဝေဖန်လိုက်ပါတယ်။ ရုရှားနိုင်ငံဟာ သူတို့ကို လိုလားတဲ့ ဒွန်ဘတ်စ်ဒေသက ခွဲထွက်ရေးသမားတွေကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့စပြီး ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲနေတာ…
သီရိလင်္ကာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးရောက်လာ
ကိုလံဘို၊ ဖေဖော်ဝါရီ ၂၄ သီရိလင်္ကာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုးသည် ၄ လ ဆက်တိုက်မြင့်တက်ခဲ့ပြီး ပိုမိုဆိုးရွားလာနေသော နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းပြတ်တောက်ခြင်းမှတဆင့် ဖြစ်ပေါ်ခဲ့ရသည့် စီးပွားရေးအကျပ်အတည်း တစ်ခု အဖြစ် အင်္ဂါနေ့က ထုတ်ပြန်သော တရားဝင်ကိန်းဂဏန်းများအရ သိရသည်။ အမျိုးသားစားသုံးသူဈေးနှုန်းအညွှန်းကိန်းသည် နှစ်အစပိုင်း ဇန်နဝါရီလအတွင်း ၁၆.၈ ရာခိုင်နှုန်းမြင့် တက်ခဲ့ပြီး ၎င်းနှုန်းထားသည် ၄ လ ဆက်တိုက်မြင့်တက်ခဲ့ကာ အောက်တိုဘာလအတွင်း ရောက်ရှိခဲ့…
ရုရှားကို ဆိုက်ဘာကနေ တိုက်ခိုက်ဖို့ ယူကရိန်း တိုက်တွန်း
ကိဗ်၊ ဖေဖော်ဝါရီ ၂၅ အရေးကြီးသော အခြေခံအဆောက်အဦများကို ကာကွယ်ရန်နှင့် ဆိုက်ဘာသူလျှိုမစ်ရှင်များဖြင့် ရုရှားတပ်များကို တိုက်ခိုက်ရန် ယူကရိန်အစိုးရက နိုင်ငံတွင်းရှိ ယူဂျီဟက်ကာများအား စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြောင်း အဆိုပါ ပရောဂျက်တွင် ပါ၀င်သူနှစ်ဦးက ပြောကြားခဲ့သည်။ “ယူကရိန်း ဆိုက်ဘာကွန်မြူနတီကြီးအနေနဲ့ ကျွန်ုပ်တို့နိုင်ငံ၏ ဆိုက်ဘာကာကွယ်ရေးမှာ ပါဝင်ဖို့ အချိန်တန်ပြီ” ဟု ပို့စ်မှာရေးသားထားပါသည်။ ဟက်ကာများနှင့် ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူများအနေနှင့် Google…
Radio Than Lwin Times(Episode 22/2)
Sound Cloud Link
Radio Than Lwin Times(Episode 21/2)
Sound Cloud Link
အာဏာသိမ်းကာလ ရက်ကြာလာတာနဲ့မျှ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ဖို့ ပိုမို အခက်ကြုံနေရ
မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၅) စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာ့ငွေကြေးတန်ဖိုး ဆက်တိုက်ကျဆင်းလာမှုနဲ့အတူ သွင်းအားစုကုန်ပစ္စည်းတွေ ဈေးနှုန်း ထပ်မံ မြင့်တက်တာကြောင့် စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ဖို့ ပိုမို အခက်ကြုံနေရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့ငွေကြေးတန်းဖိုး ဆက်တိုက်ကျဆင်းလာပြီး တစ်ဒေါ်လာကို ကျပ် ၁၃၀၀ ကနေ ၁၉၀၀ နီးပါးထိ ဈေးနှုန်းမြင့်တက်လာသလို ထိုင်း တစ်ဘတ်ကို…
ပါတီဖျက်သိမ်းမယ်လို့ ခြိမ်းခြောက်လာပေမယ့် သွားရောက်အစစ်ဆေးခံမှာ မဟုတ်ဟု SNLD ပါတီ တုံ့ပြန်
မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၅) စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့အနေနဲ့ ပါတီ ငွေစာရင်းတွေကို သတ်မှတ်ကာလမတိုင်မီ လာရောက်စစ်ဆေးမခံရင် ပါတီ ဖျက်သိမ်းနိုင်တယ်လို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီ ကော်မရှင်ကတော့ NLD နဲ့…
ရုရှားလုပ်ရပ်ကို ဘေဂျင်းအတုခိုးမှာ စိုးရိမ်ကြောင်း ထိုင်ဝမ်ပြော
ထိုင်ဝမ်၊ ဖေဖော်ဝါရီ ၂၅ ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားသော ဒေသနှစ်ခုမှာ ရုရှားရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ဖြန့်ကျက်ချထားမှုကို ထိုင်ဝမ်က ဗုဒ္ဓဟူးနေ့မှာ ရှုတ်ချခဲ့ပြီး ဘေဂျင်းက မော်စကိုရဲ့ နည်းနာပုံစံကို အတုယူပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ကျွန်းကို အင်အားသုံး သိမ်းယူဖို့ ကြိုးပမ်းလာမှာကို စိုးရိမ်နေပါတယ်။ ခွဲထွက်ဒေသနှစ်ခုသို့ ရုရှားတပ်များ နေရာယူရန် ရုရှားမှ အမိန့်ပေးပြီးနောက်တွင် ယူကရိန်း သမ္မတ…
ယူကရိန်းနိုင်ငံရှိ ထိုင်းနိုင်ငံသားများ ပြန်လည်ထွက်ခွာနိုင်ရေး ထိုင်းအစိုးရပြင်ဆင်
ကီဗ်၊ ဖေဖော်ဝါရီ ၂၄ ရုရှားနှင့် တင်းအားများ အရှိန်မြင့်တက်လာမှုကြောင့် ယူကရိန်းနိုင်ငံတွင် နေထိုင်နေသော ထိုင်းနိုင်ငံသား ၂၅၀ ဦး ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးနိုင်ဖို့ အစီအစဥ်တစ်ရပ်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ကြေငြာခဲ့ပါ တယ်။ သတင်းအချက်အလက် ဝန်ကြီးရုံး ဦးစီးဌာန၏ အထွေထွေဒါရိုက်တာ တာနီးဆန်ဂရတ်က လာဗီရှိ လာဗီဒနီလျိုဟာဗက်စကီ နိုင်ငံတကာလေဆိပ်ကို တိမ်းရှောင်ထွက်ခွာနိုင်ရေးအတွက် ပထမဦးဆုံး ရွေးချယ်မယ်လို့ ပြောကြားခဲ့ပါတယ်။ လာဗီမြို့မှာ…
မွန်က ကွာရန်တင်းစင်တာတွေ စစ်ကောင်စီအထောက်အပံ့ မရလို့ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ဆောင်ရွက်နေရ
မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၄) မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်အတည်ပြုလူနာတွေကို ကုသပေးနေတဲ့ ကွာရန်တင်းစင်တာတွေဟာ စစ်ကောင်စီ အထောက်အပံ့မရတာကြောင့် ကိုယ်ထူကိုယ်ထ စနစ်နဲ့ ဆောင်ရွက်နေရတယ်လို့ ကိုဗစ်အရေးကူညီပေးနေသူတွေက ပြောပါတယ်။ ကိုဗစ်အတည်ပြုလူနာတွေကို သက်ဆိုင်ရာမြို့နယ်တွေရဲ့ ရပ်ကွက်၊ကျေးရွာမှာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ကွာရန်တင်းစင်တာတွေ ဖွင့်လှစ်ပြီး ဆေးကုသပေးနေရတာ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ ကိုဗစ်အတည်ပြုလူနာတွေထဲမှာ ရောဂါအခံရှိသူနဲ့ သက်ကြီးပိုင်းတွေကိုသာ မြို့နယ် ပြည်သူ့ဆေးရုံတွေမှာ…