CDM လုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေနေရာမှာ အလုပ်ဝင်ဖို့ ကြိုးစားသူတွေကို ထားဝယ်ပျောက်ကြားတပ်ဖွဲ့ သတိပေး
ထားဝယ်၊ စက်တင်ဘာ ၂၇ တနင်္သာရီတိုင်းဒေသကြီးရှိ CDM လုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေနေရာမှာ အလုပ်ဝင်ဖို့ ကြိုးစားသူတွေကို စက်တင်ဘာလ ၂၇ ရက်နေ့က ထားဝယ်ပျောက်ကြားတပ်ဖွဲ့(Guerrilla Dawei) သတိပေးလိုက်ပါတယ်။ လတ်တလောအခြေနေမှာ တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ သရက်ချောင်း၊ လောင်းလုံ၊ ရေဖြူ ၊ ပုလော၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်းမြို့နယ်တွေအတွက် ကျန်းမာရေးမှူး (၄)ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)ရာထူးနေရာအတွက်…
သထုံက အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်ဖြင့်ပစ်ခံရ
သထုံ၊ စက်တင်ဘာ ၂၇ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာ အုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လည်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာစိုင်းဟာ ဝင်းစိန်ကျေးရွာရှိ ၎င်းနေအိမ်မှ ကျေးရွာအတွင်းလမ်းသို့ ဆိုင်ကယ်ဖြင့် သွားနေစဉ် ဆိုင်ကယ်တစ်စီးဖြင့်လာသူ အမျိုးသား ၂ ဦးမှ အနောက်ကနေ အနီးကပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။…
ရွှေဈေးနဲ့ ဒေါ်လာဈေး စံချိန်ထပ်တင်
မော်လမြိုင်၊ စက်တင်ဘာ ၂၇ စစ်တပ် အာဏာသိမ်းပြီး ၇ လကျော်ကာလအတွင်း ရွှေဈေးနဲ့ ဒေါ်လာဈေးနှုန်း မြန်မာသမိုင်းမှာ တစ်ကြိမ်မှ မဖြစ်ခဲ့ဖူးတဲ့ အမြင့်ဆုံး စံချိန်တင် ဈေးနှုန်းကို ရောက်ရှိသွားပြီး ဖြစ်ပါတယ်။ ဒီကနေ့ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၂၀ သိန်း ၁ သောင်းထိ စံချိန်တင် ခဲ့သလို ဒေါ်ဈေးနှုန်းမှာလည်း တစ်ဒေါ်လာကို ကျပ်…
စစ်ကောင်စီတပ်တွေ နယ်မြေကျူးကျော်လာလို့ KNU တပ်မဟာ ၁ မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ၊ စစ်ဘေးရှောင်ပြည်သူ ၁၆၀၀ နီးပါး ရှိလာ
မော်လမြိုင်၊ စက်တင်ဘာ ၂၇ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က နယ်မြေကျူးကျော်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြုလုပ်တာကြောင့် KNLA တပ်မဟာ ၁ နဲ့ ပစ်ခတ်တိုက်ခတ်မှုတွေ မကြာခဏရှိလာတယ်လို့ ဒူးသထူခရိုင်က ထုတ်ပြန်ပါတယ်။ စစ်ရေးလှုပ်ရှားမှုကြောင့် တိုက်ပွဲတွေပိုမိုဖြစ်လာခဲ့ပြီး စစ်အုပ်စုဘက် အကျအဆုံးများတဲ့အပြင် ကျိုက်ထိုမြို့နယ်အတွင်းက ဒေသခံပြည်သူလူထု တစ်ထောင်ကျော်စစ်ဘေးရှောင်နေရတယ်လို့ ထုတ်ပြန်ထားတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့မနက်က ကျောက်ဖျားကျေးနယ်…
တိုက်ပွဲတွေ ရပ်သွားလို့ ကျောက်ကြီးက စစ်ရှောင်တချို့ နေရပ်ပြန်
မော်လမြိုင်၊ စက်တင်ဘာ ၂၇ တိုက်ပွဲတွေကြောင့် တပတ်ကြာတိမ်းရှောင်ထွက်ပြေးခဲ့ရတဲ့ ကျောက်ကြီးမြို့နယ် လော်မူသော လော်မူပယ်က ဒေသခံရွာသားတွေဟာ မနေ့ကစပြီး ရွာဘက်ကို ပြန်လာနေကြပြီလို့ ဒေသခံတွေထံကနေ သိရပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့ကစပြီး ကေအဲန်ယူ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် မြေနီကုန်းနဲ့ ဘုရားလေးကုန်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲကြောင့် အဲ့ဒီအနီးအနားက လော်မူသော လော်မူပယ်ရွာတွေက…
ထိုင်းဝန်ကြီးချုပ်က ရာထူးမှ စွန့်ခွာလိမ့်မည်မဟုတ်ပါ
ဘန်ကောက်၊ စက်တင်ဘာ ၂၇ ဝန်ကြီးချုပ် Prayut Chan-o-cha နှင့် နိုင်ငံရေးအရ စိန်ခေါ်လိုသူ ခေါင်းဆောင် Thamanat Prompow တို့၏ ထိပ်တိုက်တွေ့ဆုံမှုကြောင့် လက်ချင်းတွဲခဲ့ကြသည့် ဝန်ကြီးချုပ် Prayut နှင့် ဒုဝန်ကြီးချုပ် Prawitတို့ လူနှစ်ဦးအကြား ထင်မြင်ယူဆချက်များသည် အလွန်နက်ရှိုင်းသော စိတ်ဝမ်းကွဲမှုအခြေအနေတစ်ရပ်ကို ကျော်လွန်လာခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ ထိုင်းဝန်ကြီးချုပ်ကို နိုင်ငံရေးအရစိန်ခေါ်သည့် ခေါင်းဆောင် Thamanat…
လောင်းလုံက ကျွန်းတွေမှာ စစ်ကောင်စီ အမြှောက်တပ် ပစ်ခတ်လေ့ကျင့်မည်
လောင်းလုံ၊ စက်တင်ဘာ ၂၇ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့်လောင်းလုံးမြို့ အကြားရှိ ကျွန်း ၄ ကျွန်းကို စစ်ကောင်စီ ထားဝယ်တပ်နယ်လက်အောက်ရှိ အမှတ်(၃၀၂) အမြှောက်တပ်ရင်းမှ အမြှောက်ပစ်ခတ်လေ့ကျင့်မှုတွေ ပြုလုပ်မယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ ထိုသို့ ပစ်ခတ်လေ့ကျင့်မှုပြုလုပ်ရာမှာ ကမြောကင်းတံတားမှ လောင်းလုံးမြို့အကြားရှိ ရေလယ်ကျွန်း၊ ကူးတို့ဆိပ်ဟောင်းကျွန်း၊ ဓနိကျွန်း၊ ရွှေကျွန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။ “အဲဒါတော့ မသိသေးဘူး။ အုပ်ချုပ်ရေးပိုင်းက…
မီတာခ မဆောင်ရင် မီတာပုံးတွေ ပြန်သိမ်းမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်
မော်လမြိုင်၊စက်တင်ဘာလ ၂၇ မွန်ပြည်နယ်မှာ မီတာခ မဆောင်ရင် မီတာပံုးတွေ ပြန်သိမ်းယူဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ လျှပ်စစ်ဝန်ထမ်းေတွက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ မီတာခ မဆောင်ရင် မီးြဖတ်မယ်လို့ ဖိအားပေးလာပြီးနောက် အခုအခါမှာတော့ မီတာပုံးတွေကိုပါ ပြန်သိမ်းယူမယ်လို့ ြခိမ်းေြခာက်လာတာ ဖြစ်ပါတယ်။ “ မီတာခ မပေးဆောင်ရင် ပထမအဆင့်အနေနဲ့ ၇ရက် (တစ်ပတ် )မီးဖြတ်မယ်၊ အဲ့ဒါမှမပေးရင်…
သားဖြစ်သူအား စီရင်ချက်ချမည့်နေ့ကို မျှော်နေတဲ့ မိခင်
By နောင်ခန့် ဖက်ဆစ်တော်လှန်ရေးလို့ လူထုက သတ်မှတ်တဲ့ မတ်လ (၂၇)ရက် စနေနေ့ ၊ ကျိုက်ထိုမြို့ရဲ့ လမ်းမအချို့မှာ မီးတဟုန်းဟုန်း တောက်လောင်နေတဲ့ တာယာကွင်းတွေက ကန့်လန့်အနေအထားနဲ့ လမ်းကို ပိတ်နေပါတယ်။ ကျိုက်ထိုရဲ့ လမ်းထောင့်တစ်နေရာမှာတော့ ခြေကျင်းဝတ် ကျည်ထိမှန်ထားတဲ့ သက်လတ်ပိုင်း လူရွယ်တစ်ယောက်ကို လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ ရဲနဲ့စစ်သားတွေက ဆဲဆိုကြိမ်းမောင်းပြီး ထိုးကြိတ်နေပါတယ်။ “ ထထ…
စစ်ကောင်စီခန့်ဝန်ထမ်းတွေက လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံ
မော်လမြိုင်၊ စက်တင်ဘာ ၂၆ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံအဖွဲ့တွေက စီးပွားရေးလုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ပြီး ငွေကြေး တောင်းခံတာတွေ မကြာခန ပြုလုပ်နေတယ်လို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရဲ၊ စစ်သားနဲ့ ဌာနဆိုင်ရာအကြီးအကဲတွေကအစ အောက်ခြေဝန်ထမ်းများပါမကျန် ငွေကြေးတောင်းခံတာတွေကို ဆက်တိုက်ပြုလုပ်နေတာပါ။ လုပ်ငန်းခွင်နဲ့ နေအိမ်တွေအထိ ငွေကြေး လာရောက်တောင်းခံပြီး မပေးရင် ခြိမ်းခြောက်မှုတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီနောက်ပိုင်းကနေ ယနေ့အချိန်ထိ…