ရေးမြို့နယ်တွင် ဆင်းကဒ်မှတ်ပုံတင်သူ နေ့စဉ် ၁၀၀ နီးပါးခန့်ရှိ

ရေး၊ စက်တင်ဘာ ၅ ရက် ရေးမြို့ မြန်မာ့ဆက်သွယ်ရေးရုံးတွင် ဆင်းကဒ်လာရောက်မှတ်ပုံတင်သူ နေ့စဉ် ၁၀၀ နီးပါးခန့် ရှိနေကြောင်း ရေးမြို့ မြန်မာ့ဆက်သွယ်ရေးရုံး တာဝန်ခံ ဦးစန်းနိုင်က သံလွင်တိုင်းမ်သို့ ပြောသည်။

ရေးမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အမည်စာရင်းအား ပြည်နယ်တရားလွှတ်တော်သို့ ပေးပို့ထား

ရေး ၊ စက်တင်ဘာ ၇ ရေးမြို့နယ်တရားရုံးတွင် ယခုနှစ် ဇွန်လ ၁၇ ရက်နေ့က ပြုလုပ်သည့် ဥပဒေဆိုင်ရာအထောက်အကူ ပေးရေးအဖွဲ့ ဖွဲ့စည်းရေးအစည်းအဝေးတွင် တက်ရောက်သူများက အဆိုပြုတင်ပြသည့် ဥက္ကဋ္ဌအပါအဝင် ၄ ဦးတို့၏အမည်စာရင်းအား ပြည်နယ်လွှတ်တော်သို့ ပေးပို့တင်ပြထားဆဲဖြစ်ကြောင်း ရေးမြို့နယ် တရားရုံးမှ တရားသူကြီး ဦးအောင်တင်ညွန့်က သံလွင်တိုင်းမ်သို့ ပြောကြားသည်။

မုဒုံတွင် လူမှုကယ်ဆယ်ရေး Rescue ကူညီမှုပေါင်း ၁၇ ခုဆောင်ရွက်နိုင်ခဲ့

မုဒုံ၊ စက်တင်ဘာ ၇ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၏ အဖွဲ့ခွဲဖြစ်သော မုဒုံလူမှုကယ်ဆယ်ရေးအဖွဲ့သည် စတင်ဖွဲ့ စည်းသည့်အချိန်မှစပြီး နှစ်လအတွင်း ကူညီမှုပေါင်း(၁၇)ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းအဖွဲ့ထံမှ သိရဥည်။<!--more--> "ဒို့မုဒုံမြို့ဟာ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်မှာတည်ရှိတယ်။ လမ်းချိုး၊လမ်းကွေ့၊လမ်းဆုံတွေ လည်း တအားများတယ်။ မကြာခဏဆိုသလိုပဲယာဉ်အန္တရာယ်ဖြစ်မှုတွေ ယာဉ်တိုက်မှုတွေဖြစ်တယ်။ ဖြစ်တဲ့ အခါမှာ၊ သွေးသံရဲရဲဖြစ်နေတာတွေကို ကိုင်ဖို့၊သယ်ဖို့လက်တွန့်ကြတယ်။ အချိန်နဲ့တစ်ပြေးညီဆောင်ရွက်ပေးမယ့်အဖွဲ့အစည်းကလည်းမရှိဘူး။ ဒီလိုအပ်ချက်ကွက်လပ်ကိုဖြည့်တဲ့အနေနဲ့ အခမဲ့အရေးပေါ် လူမှု ကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ရခြင်းဖြစ်တယ်"ဟု ဥက္ကဌဦးမိုးမြင့်ရှိန်က…

ယာဉ်လမ်းကြောပြောင်းဝင်မောင်းသည့် ယာဉ်နှင့် တိုက်ပြီး ယာဉ်မောင်းသေဆုံး

မုဒုံ၊ စက်တင်ဘာ ၄ မုဒုံမြို့နယ် တံခွန်တိုင်ကျေးရွာ အထပ်သားစက်ရုံအနီး မော်လမြိုင်-သံဖြူဇရပ်သွားကားလမ်းပေါ်တွင် စက်တင်ဘာ(၄)ရက်နေ့ နံနက်(၅း၃၀)အချိန်က လမ်းပြောင်းပြန်မောင်းနှင်သည့် ယာဉ်ဖြင့် တိုက်မိပြီး ယာဉ်မောင်းတစ်ဦးသေဆုံးသွားကြောင်း သိရသည်။

မွန်ဒေသ မြေယာမူဝါဒရေးဆွဲရန်အတွက် ၁၅ဦးကော်မတီဖွဲ့

မော်လမြိုင်၊ စက်တင်ဘာ ၈ မွန်ဒေသ မြေယာမူဝါဒရေးဆွဲရန်အတွက် ၁၅ဦးပါဝင်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဟု မွန်ဒေသ မြေယာမူဝါဒရေးဆွဲရေးကော်မတီထံမှ သိရသည်။

နည်းပညာတက္ကသိုလ်ကျောင်းများတွင် ပေါင်ကူးမထားရှိတော့ဘဲ BE တိုက်ရိုက်ဝင်ခွင့်ပြုမည်

မော်လမြိုင်၊စက်တင်ဘာ ၇ နည်းပညာတက္ကသိုလ်ကျောင်းများ၏ စနစ်ဟောင်းတွင် သတ်မှတ်ထားသောB-Tech အရည်အချင်း ပြည့်မှီမှသာ BE ဝင်ခွင့်ပေးထားသော်လည်း ယခုနှစ်မှစ၍ ပေါင်းကူးမရှိတော့ဘဲ B-Tech အောင်မြင်ရုံဖြင့် BE ဝင်ခွင့်ရရှိမှာဖြစ်ကြောင်းသိရသည်။

မေးခွန်းပေါက်ကြားမှု မရှိစေရန် ခရိုင်နှင့် မြို့နယ် ပညာရေးမှူးရုံးများတွင် CCTV တပ်ဆင်မည်

မော်လမြိုင်၊ စက်တင်ဘာ ၇ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင်ပြီး အခြေခံပညာကျောင်းများ၏ မေးခွန်းပေါက်ကြားမှုများ ထပ်မံမဖြစ်ပေါ်စေရန် ခရိုင်၊မြို့နယ်နှင့်ပြည်နယ် ပညာရေးမှူးရုံးများတွင် CCTV Camera တပ်ဆင် အသုံးပြုသွားမည် ဖြစ်ကြောင်းသိရသည်။

ဘာကြောင့် မိမိအသုံးပြုနေတဲ့ ဖုန်းတွေ မှတ်ပုံတင်ရတာလဲ။

ဦးကိုကိုဦး အငယ်တန်းအင်ဂျင်နီယာ ၊ သထုံမြို့ အော်တိုအိပ်ချိန်းရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်တွေ့ဆုံမေးမြန်းခြင်း

Miss Universe Myanmar 2017 ပြိုင်ပွဲကြီးကို အောက်တိုဘာလတွင် ကျင်းပမှာတော့ မှာဖြစ်ပြီး မော်လမြိုင်မှ လဲ့လဲ့မိုးကျော် ဝင်ရောက်ယှဉ်ပြိုင်မည်

မော်လမြိုင်၊စက်တင်ဘာ ၃ Miss Universe Myanmar 2017 ပြိုင်ပွဲကြီးကို လာမည့်အောက်တိုဘာလ (၆)ရက်နေ့ ညနေ(၆)နာရီအချိန် နိုဗိုတယ်ဟော်တယ်မှာ ကျင်းပပြုလုပ်တော့မှာဖြစ်ကြောင်းသိရသည်

မိုးအောင်ရင်ကို မူးယစ်ဆေးဝါးမှုနှင့်ဖမ်းဆီးအမှုဖွင့်ပြီးနောက် သုံးစွဲထားခြင်းရှိပါက ထောင်ဒဏ်(၅)နှစ်အထိ ချမှတ်နိုင်ဟုဆို

မော်လမြိုင်၊စက်တင်ဘာ ၃ ရုပ်ရှင်သရုပ်ဆောင်မိုးအောင်ရင် ကို မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုဖြင့် ပထမဦးဆုံးအမှုဖွင့်အရေးယူထားပြီး နောက် သုံးစွဲထားခြင်းရှိပါက အနည်းဆုံးထောင်ဒဏ် (၅)နှစ်အထိ ချမှတ်နိုင်ကြောင်းသိရသည်။