ထိုင်းအစိုးရရဲ့MOU လုပ်သားခေါ်ယူမယ့်အရေး မဖြစ်နိုင်သေးဘူးလို့ သုံးသပ်မှုတွေ ရှိနေ
မော်လမြိုင် ၊ နိုဝင်ဘာ (၇) လာမယ့် ဒီဇင်ဘာလမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက MOU ရွှေ့ပြောင်းလုပ်သား (၈၀၀၀၀)ကျော် ခေါ်ယူမယ်လို့ ပြောဆိုထားပေမယ့် လက်တွေ့အခြေအနေတွေအရ မဖြစ်နိုင်သေးဘူးလို့ မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီနေသူတွေက ပြောပါတယ်။ ထိုင်းအစိုးရဟာ ကိုဗစ်ကြောင့် ရပ်တန့်သွားတဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ လုပ်သားတွေကို ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိုင်းအလုပ်သမားဝန်ကြီးဌာနဟာ အလုပ်အကိုင်ရှာဖွေရေး…
မြန်မာစစ်တပ်၏ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ကုလပါဝင်ဆောင်ရွက်ရန် အဖွဲ့အစည်း ၅၀၀ ကျော်တောင်းဆို
မော်လမြိုင်၊ နိုဝင်ဘာ ၆ ချင်းပြည်နယ်အတွင်း၌ ကျယ်ပြန့်စွာ ဖြစ်ပေါ်လာသော အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ရပ်တန့် ပေးနိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီပါဝင်နိုင်ရန် အရပ်ဘက်အဖွဲ့အစည်း ၅၀၀ ကျော်က တောင်းဆိုထားပါသည်။ ဒေသတွင်း မီဒီယာ၊ မျက်မြင်သက်သေများနှင့် ကုလသမဂ္ဂ စသည့်တို့အစီရင်ခံမှုများအရ ချင်းပြည်နယ်တွင် စစ်သုံး အကြီးစားလက်နက်များကို တပ်ဆင်ကာ တပ်ဖွဲ့ဝင်များကို အင်အားဖြည့်တင်းလာနေကြောင်း သိရှိရပြီး ၎င်းအခြေအနေသည် မြန်မာ့တပ်မတော်သည် ဖေဖော်ဝါရီလ ၁…
သထုံမှာ အထောက်အထားအပြည့်အစုံမပါတဲ့ ဆိုင်ကယ်နဲ့ဆိုင်ကယ်ဘေးတွဲတွေကို ဖမ်းဆီးဒဏ်ရိုက်
သထုံ၊ နိုဝင်ဘာလ ၆ သထုံမြို့နယ်အတွင်းမှာ နိုဝင်ဘာလ လဆန်းပိုင်းမှ စတင်ပြီး အထောက်အထားအပြည့်အစုံမပါတဲ့ မော်တော်ဆိုင်ကယ်နဲ့ဆိုင်ကယ်ဘေးတွဲတွေကို ဖမ်းဆီးဒဏ်ရိုက်တာတွေ ရှိနေပါတယ်။ စစ်ဆေးရာမှာတော့ ဆိုင်ကယ်လိုင်စင်၊ ဦးထုပ်၊ နောက်ကြည့်မှန်၊ ယာဉ်မောင်းလိုင်စင်၊ နံပါတ်ပြား အပါအဝင် ယာဉ်နဲ့ပတ်သက်တာတွေအားလုံးကို စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။ အဲဒီလို စစ်ဆေးပြီး လိုအပ်ချက် တစ်စုံတစ်ရာတွေ့ပါက ဖမ်းဆီးပြီး ဒဏ်ကြေးဆောင်ခိုင်းတာတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။…
ရေဖြူမြို့နယ်က ထပ်မံတိုးပွားလာတဲ့ စစ်ဘေးဒုက္ခသည်များ
(ပိုမိုများပြားလာသော စစ်ဘေးဒုက္ခသည်များဆိုင်ရာအချက်အလက်ဖော်ပြချက်) အာဏာသိမ်းစစ်ကောင်စီနဲ့ ရေဖြူမြို့နယ်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်အပြီးမှာတော့ သစ်ကတိုးကျေးရွာ၊ မြေးခန္တီး၊ ရေပုတ်ကျေးရွာက ဒေသခံ (၂၀၀)ကျော်ဟာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးပြီး စစ်ဘေးဒုက္ခသည်အဖြစ် တိမ်းရှောင်လာရပါတယ် … ဒါဟာ ရွာလုံးကျွတ်တိမ်းရှောင်ရတာဖြစ်ပြီး ရွာသားတွေကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ၊ ပစ်ခတ်မှုတွေကြောင့် နေအိမ်တွေမှာ မနေရဲတော့တာကြောင့်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမျာတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ ကူညီသူတွေက…
ကျိုက်ထီးရိုးတောင် ခရီးသည်ဝင်ရောက်မှုနည်းလို့ ဈေးသည်တွေ အရောင်းအဝယ် မကောင်း
ကျိုက်ထို၊ နိုဝင်ဘာလ ၆ စစ်ကောင်စီက ကျိုက်ထီးရိုးဘုရားပွဲတော်ကို ပြန်ဖွင့်ခဲ့ပေမယ့် လာရောက်ဖူးမြော်သူ နည်းပါးတာကြောင့် တောင်ပေါ်က ဈေးသည်တွေ အရောင်းအဝယ် မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။ ကျိုက်ထီးရိုးဘုရားပွဲတော်ကို စည်စည်ကားကား ဖွင့်လှစ်နိုင်ဖို့အတွက် ဈေးဆိုင်တန်းတွေကို စစ်ကောင်စီက နှစ်စဉ်ပေးသွင်းနေရတဲ့ တင်ဒါအခွန်တွေကို ကင်းလွတ်ခွင့်ပေးပြီး ရောင်းချခွင့် ပြုခဲ့တာလည်း ဖြစ်ပါတယ်။ အခုချိန်ထိတော့ ဘုရားဖူးလာရောက်သူ နည်းပါးတာကြောင့် အရောင်းအဝယ်မကောင်းလို့ အရင်းပြုတ်တော့မယ်လို့ ဈေးရောင်းချနေသူတစ်ဦးက…
Radio Than Lwin Times(Episode 6/11)
https://www.youtube.com/embed/St0LxtsZ6-A
တောင်ပျောက်တိုက်နယ်အတွင်း စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ
သရက်ချောင်း၊ နိုဝင်ဘာလ ၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ တောင်ပျောက်တိုက်နယ်မှာ နိုဝင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။ ယနေ့မနက် ၉ နာရီကျော်ခန့်မှာ သဲချောင်းကြီးကျေးရွာဘက်ကို ထွက်လာတဲ့ စစ်ကောင်စီကား ၂ စီးကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။…
ပြည်သူ့တော်လှန်ရေးအင်အားစုများအတွက် ကျင့်ဝတ်စည်းကမ်းတွေ NUG ထုတ်ပြန်
မော်လမြိုင်၊ နိုဝင်ဘာ ၆ ပြည်သူ့တော်လှန်ရေးအင်အားစုများ လိုက်နာရန်အတွက် ကျင့်ဝတ်စည်းကမ်းလမ်းညွန်ချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက ထူထောင်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတပ်ဖွဲ့များအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့များနှင့် မြေပြင်ပြောက်ကျားအင်အားစုများပါ လိုက်နာရန်အတွက် ထုတ်ပြန်ခြင်းဖြစ်တယ်လို့ NUG က ဆိုပါတယ်။ အဓိကအချက်များအနေဖြင့် NUG ရဲံ စက်ဖက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းများကို လိုက်နာဖို့၊ ကာကွယ်ရေးဝန်ကြီးဌာနရဲံ အမိန့်ပေးကွပ်ကွဲမှုစနစ်တွင် ပူးပေါင်းပါဝင်ဖို့၊ ဒေသတွင်း ကာကွယ်ရေးအဖွဲ့များနှင့်…
ရေဖြူမြို့နယ်က ကျေးရွာ ၃ ရွာ ရွာလွတ်လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ
မော်လမြိုင် ၊ နိုဝင်ဘာ (၆) ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံ PDF တွေက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ကျေးရွာ ၃ ရွာ ရွာလွတ်လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ရေဖြူမြို့နယ် သစ်ကတိုးရွာနဲ့ မြေးခန္တီ ရွာကြားမှာ နိုဝင်ဘာ ၃ ရက်နေ့က ဒေသခံ PDF တွေ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ…
ဘားအံမှာ CDM ဝန်ထမ်းတွေနဲ့ အရပ်သား ပြည်သူတွေ နေ့စဉ်နဲ့အမျှ ဖမ်းဆီးခံနေရ
မော်လမြိုင် ၊ နိုဝင်ဘာ (၆) ဘားအံမြို့မှာ CDM ဝန်ထမ်းတွေနဲ့ အရပ်သား ပြည်သူတွေ နေ့စဉ်နဲ့အမျှ ဖမ်းဆီးခံနေရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ညဘက်တွေမှာ မော်တော်ယာဉ်တွေနဲ့အဖွဲ့တွေခွဲပြီး ရှာဖွေစစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်လာတာဖြစ်ပြီး အခုရက်ပိုင်းအတွင်း CDM နဲ့ အရပ်သားပြည်သူ ၁၀ ဦးထက် မနည်း ဖမ်းဆီးခံထားရပါတယ်။ ဖမ်းဆီးခံထားရတဲ့ CDM ဝန်ထမ်းတွေနဲ့…