Radio Than Lwin Times(Episode 13/11)
https://www.youtube.com/embed/bz_vb014CCk
စစ်ကောင်စီ တိုင်းမှူးခရီးစဥ်အတွက် လုံခြုံရေးတိုးမြှင့်ထားလို့ တိုက်ပွဲဖြစ်မှာကို ကော့ကရိတ် ဒေသခံတွေ စိုးရိမ်
မော်လမြိုင်၊ နိုဝင်ဘာ ၁၅ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးခရီးစဉ်ရဲ့ လမ်းလုံခြုံရေးအတွက်ဆိုပြီး စစ်ကောင်စီတပ်တွေဟာ ကော့ကရိတ်မြို့အာရှလမ်းမအနီးက ကျေးရွာတွေအချို့မှာ ဒီကနေ့မနက်ပိုင်းက ဝင်ရောက်နေရာယူထားလို့ တိုက်ပွဲတွေဖြစ်ပွားမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်ရဲ့ မြဝတီခရီးစဉ်ရဲ့ လမ်းလုံခြုံရေးအတွက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီကနေ့မနက်ပိုင်းက ကော့ကရိတ်မြို့ အာရှလမ်းမအနီးက ကော့နွဲ့၊ ရွာသစ်နဲ့ ကမိုင်းကုန်းကျေးရွာတွေဝန်းကျင်မှာ ရောက်ရှိနေရာယူထားလို့ နယ်မြေခံ KNLA တပ်နဲ့ စစ်ရေးတင်းမာမှုတွေဖြစ်ပွားမှာကို ဒေသခံတွေက…
စင်ကာပူနိုင်ငံအပါအဝင် အာရှသို့ အမေရိကန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Gina Raimondo လာရောက်မည်
စင်ကာပူ၊ နိုဝင်ဘာ ၁၅ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimondo သည် နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ၃ ရက်တာ ကြာမြင့်မည် ပထမဆုံး တရားဝင်ခရီးစဥ်ကို အာရှ သို့ လာရောက်မည်ဟု အမေရိကန် စီးပွားကူးသန်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ခရီးစဥ်တွင် Ms Raimondo သည်…
ဖာပွန်က စစ်ဘေးရှောင်တွေ ငှက်ဖျားနှင့် ဝမ်းရောဂါ ပြဿနာတွေ ရင်ဆိုင်နေရ
မော်လမြိုင် ၊ နိုဝင်ဘာ (၁၄) ဖာပွန်ခရိုင်က နေရပ် မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေမှာ ငှက်ဖျားနဲ့ ဝမ်းလျှောရောဂါတွေ ခံစားနေရတဲ့အတွက်ကြောင့် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီသူတွေက ပြောပါတယ်။ ဖာပွန်ခရိုင်ထဲမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၃ သောင်းဝန်းကျင်လောက်ဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့အတွက်ကြောင့် နေရပ်မပြန်ရဲကြသေးလို့…
ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် ပဲစိုက်တောင်သူတွေ အခက်တွေ့
မော်လမြိုင် ၊ နိုဝင်ဘာ (၁၃) မွန်ပြည်နယ်မှာတော့ အခုနှစ် ဆောင်းရာသီမှာ ပဲစိုက်ဖို့အတွက် ပဲစိုက်တောင်သူတွေက အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပါတယ်။ ပဲစိုက်တောင်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ကုန်ပစ္စည်းတွေဖြစ်တဲ့ ဆေးဝါးနဲ့ ဓာတ်မြေသြဇာ ဈေးနှုန်းမြင့်တက်လာတာ၊ စက်သုံးဆီ ဈေးနှုန်းကြီးမြင့်နေတာ၊ တန်ဆောင်မုန်းလဆန်းမှာ မိုးရွာသွန်းခဲ့တာကြောင့် မြေဆီလွှာမခြောက်လို့ ထွန်းယက်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတာပါ။ တဖက်မှာတော့ ပဲစိုက်တောင်သူတွေဟာ ပဲမျိုးစေ့အတွက်…
မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အဂတိမှု (၈) မှု ထပ်တိုးအမှုဖွင့်
မော်လမြိုင် ၊ နိုဝင်ဘာ (၁၄) မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှု ၈ မှု ထပ်တိုး အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ ဆက်တိုက်…
ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားများ လုံခြုံစွာ ခေါ်ယူရေးကို အဆင့် ၈ ဆင့် ဖြင့် သဘောတူ
ဘန်ကောက်၊ နိုဝင်ဘာ ၁၃ လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းဖို့ နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလုပ်သားများ ခေါ်ယူရေးနှင့် ဝင်ရောက် လာသူများသည် ကူးစက်ရောဂါများကင်းစင်ကြောင်း သေချာစေရန် စည်းမျဥ်း သတ်မှတ် ချက်များပါဝင် သည့် လုပ်သားခေါ်ယူရေးလုပ်ငန်းစဥ်တစ်ရပ်ကို ထိုင်းနိုင်ငံ ကိုဗစ်ထိန်းချုပ်ရေး ဗဟိုစင်တာ CCSA မှ အတည်ပြုပေးလိုက်ပြီးဖြစ်ပါတယ်။ CCSA ၏ ပြောရေးဆိုခွင့်ရှိသူ Dr Taweesilp Visanuyothin က…
Radio Than Lwin Times(Episode 12/11)
https://www.youtube.com/embed/82lExwRD2no
မြန်မာစစ်တပ်ကျူးလွန်သောအချက်အလက်များထပ်မံပေးပို့ရန် Facebook ကို ကုလတောင်းဆို
မြန်မာစစ်တပ် လူ့အခွင့်အရေးကျူးလွန်ခဲ့သည်က ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ သာ မဟုတ်ပေ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း လူနည်းစုတိုင်းရင်းသားများအပေါ် မြန်မာစစ်တပ်ကျူးလွန်ခဲ့သော ရာဇဝတ်မှုများမှ စတင်ရေတွက်မည်ဆိုလျှင် ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်သည်။ လူနည်းစုတိုင်းရင်းသားများ နေထိုင်ရာ မြို့ပြကျေးရွာများကို မီးရှို့ခြင်း၊ တိုင်းရင်းသူများကိုမုဒိမ်းကျင့်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းနှင့် သတ် ဖြတ်ခြင်းများကို မြန်မာစစ်တပ်ကျူးလွန်ခဲ့သော်လည်း ထိထိရောက်ရောက်အရေးယူနိုင်ခဲ့ခြင်းမရှိပေ။ ပြည်တွင်း ပြည်ပ မည်သည့်အဖွဲ့အစည်းကမှ အရေးယူနိုင်ခဲ့ခြင်းမရှိသေးသဖြင့် ယခုအချိန်ထိ မြန်မာစစ်တပ်က…
အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ကိုဗက်ဆင်း (Covaxin) ဆေးသည် ၇၇.၈ ရာခိုင်နှုန်းအထိ အကျိုးအာနိသင်ရှိဟုဆို
နယူးဒေလီ၊ နိုဝင်ဘာ ၁၂ အိန္ဒိယနိုင်ငံအစိုးရ၏ ဆေးဘက်ဆိုင်ရာ သုတေသနအေဂျင်စီနှင့် Bharat Biotech International (ဘဟာရက်ဘိုင်အိုတက်) တို့မှ ပူးပေါင်းထုတ်လုပ်သော Covaxin ကာကွယ်ဆေးသည် ကိုဗစ် ရောဂါ လက္ခဏာကို ၇၇.၈ ရာခိုင်နှုန်းအထိ ပျောက်ကင်းစေသည့် အကျိုးအာနိသင်ရှိသည်ဟု The Lacent (သည် လာဆန့်) ဆေးဝါးဂျာနယ်ပါ သုံးသပ်ချက်တွင် ဖော်ပြထားသည်။ Covaxin (ကိုဗက်ဆင်း)…