Non CDM ဝန်ထမ်းတွေမှာ စစ်ကောင်စီ ချေးငွေပြန်တောင်း

မော်လမြိုင်၊ စက်တင်ဘာလ ၁၁ NLD အစိုးရလက်ထက်က နိုင်ငံ့ဝန်ထမ်းတွေကို ကြိုတင်ထုတ်ထားပေးခဲ့တဲ့ ၂ လစာ အတိုးမဲ့ချေးတွေကို အောက်တိုဘာလ ၁ ရက် ကနေ့စပြီး ပြန်ဆပ်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနက ညွှန်ကြားစာ ထုတ်ပြန်ထားပါတယ်။ လက်ရှိတာဝန်နေဆဲဖြစ်တဲ့ Non CDM ဝန်ထမ်း‌ တွေဟာ ဒီချေးငွေကို တစ်လတစ်ကြိမ် အရစ်ကျမဖြစ်မနေ ပြန်လည်ပေးဆောင်ရမှာ ဖြစ်ပါတယ်။…

ဘားအံက စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးခန့် ဖမ်းဆီးခံရ

ဘားအံ၊ စက်တင်ဘာ ၁၁ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ စည်သူစတီးလုပ်ငန်း၊ ဝင်းမြင့်လေးသစ်စက်၊ Footvilla၊ Nicety Cafe’၊ Km Mobile၊ Mg Oo Factory အပါအဝင် လုပ်ငန်းရှင် ၁၀ ဦးခန့်ပါတယ်လို့ သိရပါတယ်။ စက်တင်ဘာလ…

သထုံမှာ တစ်ညတည်း ဗုံး ၂ ကြိမ်ပေါက်၊ လူထိခိုက်မှုမရှိ

သထုံ ၊ စက်တင်ဘာ (၁၁) မွန်ပြည်နယ်၊ သထုံမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ညပိုင်းက ဗုံး (၂ )ကြိမ်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိဘူးလို့ ဒေသခံတွေက အတည်ပြုပြောပါတယ်။ မနေ့ည ၁၀ နာရီဝန်းကျင်ခန့်မှာ ဘက်လှိုင်ရပ်ကွက်၊ ဦးဖြူ လမ်းနှင့်ဝါးပါးဆည်အနီးရှိ စစ်တပ်ဘက်တွင် ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ “ညက အသံက အကျယ်ကြီးဘဲ ပေါက်ကွဲသံကြားတယ်။ သိရသလောက်တော့…

ပေါင်မြို့နယ်မှာ ညမထွက်ရအမိန့် သက်တမ်းထပ်တိုးကြောင်း စစ်ကောင်စီ ကြေညာ

ပေါင်၊စက်တင်ဘာလ ၁၀ မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ညမထွက်ရအမိန့်သက်တမ်း ထပ်တိုး‌ေကြာင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းမှာ လိုက်လံကြေညာခဲ့ပါတယ်။ မြို့နယ် အတွင်းရှိ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ညမထွက်ရအမိန့်သက်တမ်းထပ်တိုးရတာလို့ ဆိုထားပါတယ်။ ပေါင်မြို့နယ်မှာတော့ နေ့စဉ် နံနက် ၄ နာရီမှ ည ၈ နာရီထိ ညမထွက်ရအမိန့်…

တိုက်ပွဲတွေ ပိုစိပ်လာလို့ ကရင်စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီ လိုအပ်နေ

မော်လမြိုင်၊ စက်တင်ဘာ ၁၀ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဖာပွန်ခရိုင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ သောင်းချီခန့်ရှိနေပြီး သူတို့တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်ရှိနေတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) ထံကနေ သိရပါတယ်။ ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဖြစ်ပွားမှုတွေကြောင့် ဒေသခံပြည်သူလူထုဟာ ကျေးရွာကိုစွန့်ခွာရပြီး နီးစပ်ရာတောထဲတောင်ထဲနဲ့ မြို့တွေပေါ်ကို သွားရောက်တိမ်းရှောင်နေခဲ့ရပါတယ်။ “အခုက လက်နက်ကြီးတွေက နေ့တိုင်းလိုလိုပစ်ချတယ်။ စစ်ရှောင်တွေကလည်း…

သထုံခရိုင်အတွင်း အခြေခံလူတန်းစားများ စားဝတ်နေရေး ပိုမိုကြပ်တည်းလာ

သထုံ၊ စက်တင်ဘာ ၁၀ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုအပြင် စစ်ကောင်စီအာဏာသိမ်းမှု နောက်ဆက်တွဲပြသနာကြောင့် သထုံခရိုင်အတွင်းက ဝင်ငွေနည်း အခြေခံလူတန်စားတွေမှာ စားဝတ်နေရေး ပိုမိုကြပ်တည်းလာကြတယ်လို့ ဒေသခံတွေထံက ပြောပါတယ်။ အခြေခံစားသောက်ကုန်စျေးနှုန်းတွေ ပိုမိုမြင့်တက်လာတဲ့အပြင် အပြင်ထွက်ချိန် ကန့်သတ်ခံရခြင်း၊ စစ်ကောင်စီတပ်တွေ ပိတ်ဆို့စစ်ဆေးနေခြင်းနဲ့တိုက်ပွဲတွေ ဖြစ်ပေါ်လာတော့မယ့် သတင်းတွေကြောင့် အလုပ်အကိုင်အဆင်မပြေတော့ဘဲ ပိုမိုကြပ်တည်းလာတယ်လို့ ဆိုပါတယ်။ “ကျွန်တော်က စျေးထဲမှာ ကုန်ထမ်းတာပါ။ အရင်ဆို မနက်…

မဲဝိုင်းဒေသက ကျေးရွာအချို့ကို စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီး၊ ရွာသား ၁ ဦး အသတ်ခံရ၊ ပျောက်ဆုံးသူတွေရှိနေ

မော်လမြိုင်၊ စက်တင်ဘာ ၁၀ ကေအဲန်ယူ တပ်မဟာ ၅ ဖာပွန်ခရိုင် မဲဝိုင်ဒေသထဲမှာရှိတဲ့ ကျေးရွာတွေထဲကို အာဏာသိမ်း စစ်အုပ်စုတပ်ဖွဲ့တွေက ဝင်ရောက်ပြီး လူနေအိမ်တွေကိုဖျက်ဆီးကာ ဒေသခံလူထုတွေကို သတ်ပစ်ခဲ့တယ်လို့ မူတြော်သတင်းစဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ ၇ ရက်အတွင်း မဲဝိုင်ဒေသမှာရှိတဲ့ မဲခေါ်ဖိုးခီး၊ ကပေခီးရွာစတဲ့ ကျေးရွာတွေထဲကို အာဏာသိမ်း စစ်အုပ်စုတပ်ဖွဲ့တွေက…

CDM ဝန်ထမ်းတွေ မရှိ၊ ရှိတာ ရောင်းပြီး ဝမ်းရေးဖြေရှင်းနေရ

မော်လမြိုင်၊ စက်တင်ဘာလ ၉ အာဏာ ဖီဆန်ရေး CDM ဝန်ထမ်းများအနေနဲ့ လက်ရှိမှာ အခြေခံစားသောက်ကုန် ကြီးမြင့်မှု ကြားကနေ နေ့စဉ်စားဝတ်နေရေးကို ခက်ခက်ခဲခဲဖြေရှင်းနေရတယ်လို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ Covid တတိယလှိုင်းတွေကြောင့် သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်တာ ၊လမ်းခရီးအခက်အခဲတွေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းထားတွေကြောင့် ကုန်ပစ္စည်း စျေးနှုန်းတွေ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေပါတယ်။ “စားဝတ်နေရေးကတော့ အရင်က စုဆောင်းထားတဲ့ ဟာတွေကို…

စစ်ကောင်စီရဲ့ ထိန်းချုပ်မှုကြောင့် ဒေါ်လာဈေးနှုန်း မြင့်တက်‌လို့ လုပ်ငန်းရှင်တွေ ဝေဖန်

မော်လမြိုင် ၊ စက်တင်ဘာ ၉ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ရဲ့ မလိုအပ်တဲ့ ထိန်းချုပ်မှုတွေကြောင့် ဒေါ်လာဈေးတွေ ဆက်တိုက် မြင့်တက်လာ ရတာဖြစ်တယ်လို့ စီပွားရေး လုပ်ငန်းရှင်တွေက ဝေဖန်လိုက်ပါတယ်။ စစ်ကောင်စီ ဗဟိုဘဏ်က ပို့ကုန်တင်ပို့သူတွေအနေနဲ့ ကုန်ပို့ရငွေကနေ မသုံးဘဲ ကျန်တဲ့ငွေကို ဘဏ်စာရင်းထဲ ငွေဝင်ပြီး ၄ လအတွင်း ပေါက်ဈေးအတိုင်း သက်ဆိုင်ရာ နိုင်ငံခြား…

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေကို ထပ်မံတိုးမြှင့်

တိုကျို၊ စက်တင်ဘာ ၉ ဂျပန်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ နိုင်ငံ့အရေးပေါ်အခြေအနေကို တိုကျိုနှင့် အိုစကာမြို့အပါအဝင် ၁၉ မြို့များတွင် စက်တင်ဘာလကုန်အထိ တိုးမြှင့်ရန် အစီအမံတစ်ရပ်ကို ရေးဆွဲလိုက်ပါသည်။ ကျွမ်းကျင်ပညာရှင်များပါဝင်သော အဆိုပါအကြံပေးအဖွဲ့က ၎င်းအစီအမံကို ကြာသပတေးနေ့က ကျင်းပသော အစည်းအဝေး၌ ရှင်းလင်းတင်ပြခဲ့ပါသည်။ မူလတွင် ဂျပန်နိုင်ငံ၏ ၂၁ မြို့များ၌ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ နိုင်ငံ့အရေးပေါ်အခြေအနေကို စက်တင်ဘာ ၁၂အထိ သတ်မှတ်ထားရှိခဲ့သည်။…