စစ်ကောင်စီခန့်ဝန်ထမ်းတွေက လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံ

မော်လမြိုင်၊ စက်တင်ဘာ ၂၆ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံအဖွဲ့တွေက စီးပွား​ရေးလုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ပြီး ငွေကြေး တောင်းခံတာတွေ မကြာခန ပြုလုပ်နေတယ်လို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရဲ၊ စစ်သားနဲ့ ဌာနဆိုင်ရာအကြီးအကဲတွေကအစ အောက်ခြေဝန်ထမ်းများပါမကျန် ငွေကြေးတောင်းခံတာတွေကို ဆက်တိုက်ပြုလုပ်နေတာပါ။ လုပ်ငန်းခွင်နဲ့ နေအိမ်တွေအထိ ငွေကြေး လာရောက်တောင်းခံပြီး မပေးရင် ခြိမ်းခြောက်မှုတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီနောက်ပိုင်းကနေ ယနေ့အချိန်ထိ…

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ ၊ ၁၀ ဦးကျော် ဒဏ်ရာရ

သရက်ချောင်း၊ စက်တင်ဘာ ၂၆ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ အစ်အစ်ကျေးရွာအုပ်စုမှာ စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါ မနက် ၁၀ နာရီခန့်မှာ မာလကာချောင်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားတွေ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူရှိ မရှိဆိုတာကိုတော့ အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။ “စစ်တပ်ကား…

ကျိုက်ထို ရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင် ဖမ်းဆီးခံရ

ကျိုက်ထို၊ စက်တင်ဘာ ၂၆ ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ ရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်ကို စက်တင်ဘာလ ၂၅ ရက်နေ့ညမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၎င်းနေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ CDM ဝန်ထမ်းများ၊ PDF များကို ထောက်ပံပေးနေသည်ဆိုသည့် အကြောင်းပြချက်နဲ့ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ၎င်းနှင့်နီးစပ်သူတွေထံက သိရပါတယ်။ “ညဘက်ကြီးလာပြီး ဖမ်းသွားတယ်လို့ သိရတယ်။ ဘယ်ခေါ်သွားလဲတော့ မသိဘူး။…

KNU စနိုက်ပါကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

သထုံ၊ စက်တင်ဘာ ၂၅ သထုံမြို့နယ်အတွင်းရှိ ထုံးဘိုကြီး၊ ထုံးဘိုလေးကျေးရွာနှင့်ဝီယော်ကျေးရွာအနီး စက်တင်ဘာလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့တို့မှာ KNUတပ်ဖွဲ့ စနိုက်ပါတပ်သား၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ KNU ထံက သိရပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့ နေ့လည်မှာ ထုံးဘိုကြီး-ထုံးဘိုလေးကျေးရွာအထက်နားမှာ KNU တပ်မဟာ(၁)နှင့်စစ်ကောင်စီတပ်တို့ မိနစ်ပိုင်းလောက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNU တပ်မဟာ(၁)ဘက်မှ…

ရေး အစင်စံပြကျေးရွာက စစ်ကောင်စီသတင်းပေး သေနတ်နဲ့ ပစ်သတ်ခံရ

မော်လမြိုင်၊ စက်တင်ဘာ ၂၅ မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်စံပြကျေးရွာက စစ်ကောင်စီ သတင်းပေး ဦးကျော်သူထွန်းအား စက်တင်ဘာလ ၂၄ ရက် ညနေ ၆ နာရီခွဲခန့်မှာ သေနတ်နှစ်ချက်ပစ်သတ်ခဲ့တယ်လို့ ရေးမြို့နယ် ကာကွယ်ရေးအထူးတပ်ဖွဲ့ YSTF က ထုတ်ပြန်ပါတယ်။ ဦးကျော်သူထွန်းဟာ CDM ဝန်ထမ်းများနှင့်တော်လှန်ရေး တက်ကြွလှုပ်ရှားသူများကို သတင်းပေးနေတဲ့ ဒလံတစ်ဦးဖြစ်တယ်လို့ ရေးမြို့နယ် ကာကွယ်ရေးအထူးတပ်ဖွဲ့က ဆိုပါတယ်။…

စစ်တပ်ထောက်ခံသူတွေကို အခြေခံစစ်သင်တန်းနဲ့ ထောက်လှမ်းရေး သင်တန်းပေးဖို့ စစ်ကောင်စီ ပြင်ဆင်နေ

မော်လမြိုင်၊ စက်တင်ဘာ ၂၄ မွန်ပြည်နယ်က မြို့နယ်တချို့မှာ စစ်အုပ်စုထောက်ခံသူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေကို အာဏာသိမ်း စစ်ကောင်စီက အခြေခံစစ်ပညာသင်တန်းပေးဖို့ စီစဉ်နေတယ်လို့ သံလွင်တိုင်းမ်သတင်းဌာနမှ စုံစမ်းသိရှိရပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က ဖွဲ့စည်း​ပေးထားတဲ့ အဖွဲ့တွေ၊ ဗျူစောထီးအဖွဲ့နဲ့ စစ်တပ်ထောက်ခံသူတွေကို အခြေခံစစ်ပညာသင်တန်းနဲ့ စုံစမ်းထောက်လှမ်းခြင်းသင်တန်းတွေကို ဖွင့်လှစ်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ “ဟိုတလော စစ်တပ်က…

လွတ်လပ်သော အင်ဒို-ပစိဖိတ်ဒေသအတွက် ဂျပန်နှင့် အိန္ဒိယနှစ်နိုင်ငံ နီးကပ်စွာလက်တွဲလုပ်ဆောင်ရန် သဘောတူ

တိုကျို၊ စက်တင်ဘာ ၂၄ တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုများ ကြီးထွားလာနေသည့်အတောအတွင်း ဂျပန်နှင့် အိန္ဒိယနှစ်နိုင်ငံသည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်ရှိ ၎င်းတို့၏ အခြေအနေကို ပြောင်းလဲစေရန် လုပ်ဆောင်သည့် မည်သည့်တစ်ဖက်သတ်ကြိုးပမ်းမှုကိုမဆို ဆန့်ကျင်ရန် သဘောတူညီကြပြီးဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် Suga Yoshihide နှင့် အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့အကြား ပုဂ္ဂိုလ်ချင်းတွေ့ဆုံမှုကို ပထမဆုံးအကြိမ်အဖြစ် ဝါရှင်တန်မြို့တော်၌ ကြာသပတေးနေ့တွင်…

တိုက်ခိုက်ရေးသမား ဖြစ်လာတဲ့ စေတနာ့ဝန်ထမ်း လူငယ်

By နောင်ခန့် စစ်တပ်အာဏာမသိမ်းမီ ကာလမှာတော့ ကိုသန့်စင်လင်းထက်ဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေသူ ဖြစ်ပါတယ်။ အသက် (၂၁) နှစ် အသားဖြူဖြူ အရပ်မနိမ့်မမြင့်နဲ့ ကိုသန့်စင်လင်းထက်ဟာ နိုင်ငံရေးကို စိုးစဉ်မျှ စိတ်ဝင်စားသူ မဟုတ်ပါ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးလို့ အဝေးသင်တက္ကသိုလ်တက်ရောက်ကာ နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေသူ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ…

စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေး အဆမတန် တောင်းယူနေ

မော်လမြိုင်၊ စက်တင်ဘာလ ၂၄ အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေး အဆမတန် တောင်းယူနေတယ်လို့ ယာဉ်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အရင်က လမ်းတံတားဂိတ်ကြေးနဲ့ စည်ပင်ဂိတ်ကြေးတွေသာ ပေးဆောင်ခဲ့ရပေမယ့် အခုနောက်ပိုင်းမှာတော့ စစ်ကောင်စီက ဖွင့်ထားတဲ့ စစ်ဆေးရေးဂိတ် အားလုံးကို ငွေကြေးပေးဆောင်ပြီးမှ ဖြတ်သန်းသွားလာလို့ ရတာ ဖြစ်ပါတယ်။ “ဝါးတားဂိတ်တွေ များလာတာပေါ့ဗျာ၊ သူတို့နဲ့ အဆင်ပြေရင် အဆင်ပြေသလိုပေး…

ဆိုင်ကယ်လိုင်စင် လာလုပ်သူတွေရဲ့ အသက်အန္တရာယ် တာဝန်ယူတော့မှာ မဟုတ်ကြောင်း မွန် PDF ထုတ်ပြန်

မော်လမြိုင်၊ စက်တင်ဘာ ၂၄ မော်လမြိုင်မြို့က ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးမှာ ဆိုင်ကယ်လိုင်စင် လာလုပ်သူတွေရဲ့ အသက်အန္တရာယ် တာဝန်ယူတော့မှာ မဟုတ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF က ဒီကနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အကြိမ်ကြိမ် သတိပေးထားတဲ့ကြားက လိုင်စင်လာလုပ်သူတွေကို စစ်ကောင်စီအား ကူညီထောက်ပံ့သူတွေအဖြစ် သတ်မှတ်လိုက်ကြောင်းနဲ့ နောက်ပိုင်းမှာ အသက်အန္တရာယ်အတွက် တာဝန်ယူတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ပါတယ်။ မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့…