ပြည်သူ့တော်လှန်ရေးအင်အားစုများအတွက် ကျင့်ဝတ်စည်းကမ်းတွေ NUG ထုတ်ပြန်
မော်လမြိုင်၊ နိုဝင်ဘာ ၆ ပြည်သူ့တော်လှန်ရေးအင်အားစုများ လိုက်နာရန်အတွက် ကျင့်ဝတ်စည်းကမ်းလမ်းညွန်ချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက ထူထောင်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတပ်ဖွဲ့များအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့များနှင့် မြေပြင်ပြောက်ကျားအင်အားစုများပါ လိုက်နာရန်အတွက် ထုတ်ပြန်ခြင်းဖြစ်တယ်လို့ NUG က ဆိုပါတယ်။ အဓိကအချက်များအနေဖြင့် NUG ရဲံ စက်ဖက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းများကို လိုက်နာဖို့၊ ကာကွယ်ရေးဝန်ကြီးဌာနရဲံ အမိန့်ပေးကွပ်ကွဲမှုစနစ်တွင် ပူးပေါင်းပါဝင်ဖို့၊ ဒေသတွင်း ကာကွယ်ရေးအဖွဲ့များနှင့်…
ရေဖြူမြို့နယ်က ကျေးရွာ ၃ ရွာ ရွာလွတ်လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ
မော်လမြိုင် ၊ နိုဝင်ဘာ (၆) ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံ PDF တွေက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ကျေးရွာ ၃ ရွာ ရွာလွတ်လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ရေဖြူမြို့နယ် သစ်ကတိုးရွာနဲ့ မြေးခန္တီ ရွာကြားမှာ နိုဝင်ဘာ ၃ ရက်နေ့က ဒေသခံ PDF တွေ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ…
ဘားအံမှာ CDM ဝန်ထမ်းတွေနဲ့ အရပ်သား ပြည်သူတွေ နေ့စဉ်နဲ့အမျှ ဖမ်းဆီးခံနေရ
မော်လမြိုင် ၊ နိုဝင်ဘာ (၆) ဘားအံမြို့မှာ CDM ဝန်ထမ်းတွေနဲ့ အရပ်သား ပြည်သူတွေ နေ့စဉ်နဲ့အမျှ ဖမ်းဆီးခံနေရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ညဘက်တွေမှာ မော်တော်ယာဉ်တွေနဲ့အဖွဲ့တွေခွဲပြီး ရှာဖွေစစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်လာတာဖြစ်ပြီး အခုရက်ပိုင်းအတွင်း CDM နဲ့ အရပ်သားပြည်သူ ၁၀ ဦးထက် မနည်း ဖမ်းဆီးခံထားရပါတယ်။ ဖမ်းဆီးခံထားရတဲ့ CDM ဝန်ထမ်းတွေနဲ့…
မြို့ပြများတွင် အသက်မွေးဝမ်းကြောင်းလုပ်ရန်ရောက်လာသူများ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ထိုင်းအစိုးရတိုက်တွန်း
ဘန်ကောက်၊ နိုဝင်ဘာ ၅ ထိုင်းနိုင်ငံအတွင်း ကန့်သတ်ထိန်းချုပ်မှုများကို ဖြေလျှော့ပြီးသည့်နောက်တွင် မြို့ပြသို့ အလုပ်လုပ်ကိုင်ရန် ပြန်လည် ရောက်ရှိလာသူများကို ကိုဗစ် ၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထိုးနှံရေး ဆောင်ရွက်နိုင်ရန် အတွက် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ ပြင်ဆင်လျှက်ရှိသည်။ ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က လူအများသည် ကာကွယ်ဆေး ဒုတိယအကြိမ်နှင့် တတိယ အကြိမ် ကာကွယ်ဆေးအတွက်…
တစ်လအတွင်း တိုက်ပွဲ (၃၀၀)နီးပါး ဖြစ်ပွားခဲ့တယ်လို့ KNU ထုတ်ပြန်
မော်လမြိုင် ၊ နိုဝင်ဘာ (၆) ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ (၅) ခုမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား အောက်တိုဘာလအတွင်း တိုက်ပွဲပေါင်း ၃၀၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင် ညောင်လေးပင်ခရိုင် တောင်ငူခရိုင် ဖာပွန်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေမှာ KNLA၊ KNDO…
တက္ကသိုလ်တွေ ပြန်ဖွင့်ဖို့ စီစဥ်တာဟာ ပညာရေးကို ဓားစာခံလုပ်နေတာလို့ ဆရာတွေ ဝေဖန်
မော်လမြိုင် ၊ နိုဝင်ဘာ (၆) အာဏာသိမ်း စစ်ကောင်စီဟာ လာမယ့် ဒီဇင်ဘာလမှာ တက္ကသိုလ်တွေနဲ့ ကောလိပ်တွေကို ပြန်လည် ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။ တက္ကသိုလ်တွေနဲ့ ကောလိပ်တွေကို ပြန်လည် ဖွင့်နိုင်ဖို့အတွက် တက်ရောက်ဖို့ စာရင်ပေးထား တဲ့သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့လည်း စစ်ကောင်စီက စီစဉ်နေပါတယ်။ စစ်ကောင်စီက တက္ကသိုလ်နဲ့ကောလိပ်တွေကို ပြန်ဖွင့်ဖို့စီစဉ်တာဟာ ပညာရေးကို ဓါးစားခံ လုပ်နေတာဖြစ်ပြီး တက်ရောက်သူတွေအတွက်လည်း…
Radio Than Lwin Times(Episode 5/11)
https://www.youtube.com/embed/RnobDFXSw7o
စစ်ကောင်စီက ပြည်သူလူထုရဲ့ အိုးအိမ်များ၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုကို PPST က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ
မော်လမြိုင်၊ နိုဝင်ဘာလ ၅ စစ်ကောင်စီက ပြည်သူလူထုရဲ့ အိုးအိမ်များ၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က နိုဝင်ဘာလ ၅ ရက်နေ့မှာ သဘောထားထုတ်ပြန်လိုက်ပါတယ်။ အထူးသဖြင့် အောက်တိုဘာလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ချင်းပြည်နယ်၊ ထန်တလန်ကိစ္စအပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ကရင်နီဒေသတွေမှာ စစ်ကောင်စီက ပြည်သူလူထုရဲ့ အိုးအိမ်တွေ ဘာသာရေး အဆောက်အအုံတွေကို…
ကိုဗစ် ကာကွယ်ဆေးထိုးနှံရေးကို နှေးကွေးစွာဆောင်ရွက်သည့် အရာရှိများကို အပြစ်ပေးမည်ဟု သမ္မတဒူတာတေးပြော
မနီလာ၊ နိုဝင်ဘာ ၄ နိုင်ငံ၏ စီးပွားရေးကို ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးစားဆောင်ရွက်နေသောကြောင့် ဒေသန္တရအစိုးရအနေဖြင့် သက်ဆိုင်ရာ ကာကွယ်ဆေး ထိုးနှံရေး သတ်မှတ်ချက်များကို ပြည့်မီအောင် ပျက်ကွက်ပါက အပြစ်ပေးခံရမည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ အာရှတိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အဆိုးရွားဆုံးကပ်ဘေးကို ရင်ဆိုင်ရသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ် သည့် ဖိလစ်ပိုင်နိုင်ငံသည်…
KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ နေ့စဉ် တိုက်ပွဲ ဖြစ်နေ
မော်လမြိုင် ၊ နိုဝင်ဘာ (၅) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် နေ့စဉ်နဲအမျှ ထိတွေ့ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ KNU က ပြောပါတယ်။ KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း ၃ ခုမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ကုန်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့်…