ဆိုရှယ်မီဒီယာအကောင့်တုများစွာဖြင့် ပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်နေသော စစ်ကောင်စီ
လမ်းမများပေါ်ထွက်ပြီး ဆန္ဒပြနေကြသောပြည်သူများကို မြန်မာအကြမ်းဖက်စစ်တပ်က ကျည်ဆန်အစစ်များသုံး ပြီး ရက်ရက်စက်စက်ဖြိုခွဲနေချိန်နှင့်တပြိုင်တည်း ဆိုရှယ်မီဒီယာများပေါ်တွင်လည်း တိုက်ပွဲများအပြိုင်အဆိုင် ဆင်နွှဲနေကြလေသည်။ မြန်မာစစ်ကောင်စီသည် သူ၏အတိုက်အခံပြိုင်ဘက်များကို ပစ်မှတ်ထားတိုက်ခိုက်ရန် အကောင့်အတုများအသုံးပြုကာ ရွေးကောက်ပွဲမဲသမာမှုများမှ တိုင်းပြည်ကိုကယ်တင်ရန် နိုင်ငံတော်အာဏာသိမ်း ယူခဲ့ခြင်းဖြစ်သည်ဟူသောမက်ဆေ့ချ်ကို လူထုကြားထဲဖြန့်ဝေလျက်ရှိသည်ဟု ၎င်းတို့နှင့်ပတ်သက်ပြီး နားလည် သူ ၈ ဦးကပြောသည်။ အွန်လိုင်းပလက်ဖောင်းတွင် Facebook ကို မြန်မာနိုင်ငံမှလူအများဆုံးအသုံးပြုလေ့ရှိသည်။ ဖေဖော်ဝါရီ ၁ ရက်…
အာရပ်စော်ဘွားများပြည်ထောင်စုက အင်ဒိုနီးရှားနိုင်ငံတွင် ဒေါ်လာ ၃၂.၇ ဘီလီယမ် အထိ ရင်းနှီးမြှုပ်နှံမည်
ဂျာကတာ၊ နိုဝင်ဘာ ၈ ကာကွယ်ဆေးထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးအပါအဝင် အင်ဒိုနီးရှားနိုင်ငံ၏ ကဏ္ဍအများအပြားတွင် UAE (အာရပ်စော်ဘွားများပြည်ထောင်စု)၏ စီးပွားရေးလုပ်ငန်းများမှ ဒေါ်လာ ၃၂.၇ ဘီလီယမ် တန်ဖိုး ရှိသော ရင်နှီးမြှုပ်နှံဖို့ ကတိကဝက်များကို ရရှိထားပြီးဖြစ်သည်ဟု အင်ဒိုနီးရှားအစိုးရ မှ ထုတ်ပြန်ကြေငြာခဲ့သည်။ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သော ရင်းနှီမြှုပ်နှံမှုဆိုင်ရာ ကြေငြာချက်သည် အင်ဒိုနီးရှားသမ္မတ၏ UAE သို့ အလည်အပတ်ရောက်ရှိသည့် ခရီးစဥ်ပြီးနောက်…
NUG အစိုးရနဲ့ မပတ်သက်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီ ထပ်မံ ခေါ်ယူ သတိပေး
မော်လမြိုင် ၊ နိုဝင်ဘာ (၇) မွန်ပြည်နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဆက်စပ်အဖွဲ့အစည်းတွေနဲ့ မပတ်သက်ဖို့ စစ်ကောင်စီက အောက်တိုဘာ နောက်ဆုံးအပတ်မှာ ထပ်မံခေါ်ယူ သတိပေးခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံဌာနတွေဖြစ်ကြတဲ့ အခွန်၊ စည်ပင်၊ ထွေအုပ်နဲ့ ရဲစတဲ့ဌာနတွေက စီပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ NUG အစိုးရကို ငွေကြေးထောက်ပံ့တာတွေ မလုပ်ကြဖို့ ခေါ်ယူသတိပေးခဲ့တာ…
ထိုင်းအစိုးရရဲ့MOU လုပ်သားခေါ်ယူမယ့်အရေး မဖြစ်နိုင်သေးဘူးလို့ သုံးသပ်မှုတွေ ရှိနေ
မော်လမြိုင် ၊ နိုဝင်ဘာ (၇) လာမယ့် ဒီဇင်ဘာလမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက MOU ရွှေ့ပြောင်းလုပ်သား (၈၀၀၀၀)ကျော် ခေါ်ယူမယ်လို့ ပြောဆိုထားပေမယ့် လက်တွေ့အခြေအနေတွေအရ မဖြစ်နိုင်သေးဘူးလို့ မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီနေသူတွေက ပြောပါတယ်။ ထိုင်းအစိုးရဟာ ကိုဗစ်ကြောင့် ရပ်တန့်သွားတဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ လုပ်သားတွေကို ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိုင်းအလုပ်သမားဝန်ကြီးဌာနဟာ အလုပ်အကိုင်ရှာဖွေရေး…
မြန်မာစစ်တပ်၏ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ကုလပါဝင်ဆောင်ရွက်ရန် အဖွဲ့အစည်း ၅၀၀ ကျော်တောင်းဆို
မော်လမြိုင်၊ နိုဝင်ဘာ ၆ ချင်းပြည်နယ်အတွင်း၌ ကျယ်ပြန့်စွာ ဖြစ်ပေါ်လာသော အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ရပ်တန့် ပေးနိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီပါဝင်နိုင်ရန် အရပ်ဘက်အဖွဲ့အစည်း ၅၀၀ ကျော်က တောင်းဆိုထားပါသည်။ ဒေသတွင်း မီဒီယာ၊ မျက်မြင်သက်သေများနှင့် ကုလသမဂ္ဂ စသည့်တို့အစီရင်ခံမှုများအရ ချင်းပြည်နယ်တွင် စစ်သုံး အကြီးစားလက်နက်များကို တပ်ဆင်ကာ တပ်ဖွဲ့ဝင်များကို အင်အားဖြည့်တင်းလာနေကြောင်း သိရှိရပြီး ၎င်းအခြေအနေသည် မြန်မာ့တပ်မတော်သည် ဖေဖော်ဝါရီလ ၁…
သထုံမှာ အထောက်အထားအပြည့်အစုံမပါတဲ့ ဆိုင်ကယ်နဲ့ဆိုင်ကယ်ဘေးတွဲတွေကို ဖမ်းဆီးဒဏ်ရိုက်
သထုံ၊ နိုဝင်ဘာလ ၆ သထုံမြို့နယ်အတွင်းမှာ နိုဝင်ဘာလ လဆန်းပိုင်းမှ စတင်ပြီး အထောက်အထားအပြည့်အစုံမပါတဲ့ မော်တော်ဆိုင်ကယ်နဲ့ဆိုင်ကယ်ဘေးတွဲတွေကို ဖမ်းဆီးဒဏ်ရိုက်တာတွေ ရှိနေပါတယ်။ စစ်ဆေးရာမှာတော့ ဆိုင်ကယ်လိုင်စင်၊ ဦးထုပ်၊ နောက်ကြည့်မှန်၊ ယာဉ်မောင်းလိုင်စင်၊ နံပါတ်ပြား အပါအဝင် ယာဉ်နဲ့ပတ်သက်တာတွေအားလုံးကို စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။ အဲဒီလို စစ်ဆေးပြီး လိုအပ်ချက် တစ်စုံတစ်ရာတွေ့ပါက ဖမ်းဆီးပြီး ဒဏ်ကြေးဆောင်ခိုင်းတာတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။…
ရေဖြူမြို့နယ်က ထပ်မံတိုးပွားလာတဲ့ စစ်ဘေးဒုက္ခသည်များ
(ပိုမိုများပြားလာသော စစ်ဘေးဒုက္ခသည်များဆိုင်ရာအချက်အလက်ဖော်ပြချက်) အာဏာသိမ်းစစ်ကောင်စီနဲ့ ရေဖြူမြို့နယ်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်အပြီးမှာတော့ သစ်ကတိုးကျေးရွာ၊ မြေးခန္တီး၊ ရေပုတ်ကျေးရွာက ဒေသခံ (၂၀၀)ကျော်ဟာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးပြီး စစ်ဘေးဒုက္ခသည်အဖြစ် တိမ်းရှောင်လာရပါတယ် … ဒါဟာ ရွာလုံးကျွတ်တိမ်းရှောင်ရတာဖြစ်ပြီး ရွာသားတွေကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ၊ ပစ်ခတ်မှုတွေကြောင့် နေအိမ်တွေမှာ မနေရဲတော့တာကြောင့်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမျာတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ ကူညီသူတွေက…
ကျိုက်ထီးရိုးတောင် ခရီးသည်ဝင်ရောက်မှုနည်းလို့ ဈေးသည်တွေ အရောင်းအဝယ် မကောင်း
ကျိုက်ထို၊ နိုဝင်ဘာလ ၆ စစ်ကောင်စီက ကျိုက်ထီးရိုးဘုရားပွဲတော်ကို ပြန်ဖွင့်ခဲ့ပေမယ့် လာရောက်ဖူးမြော်သူ နည်းပါးတာကြောင့် တောင်ပေါ်က ဈေးသည်တွေ အရောင်းအဝယ် မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။ ကျိုက်ထီးရိုးဘုရားပွဲတော်ကို စည်စည်ကားကား ဖွင့်လှစ်နိုင်ဖို့အတွက် ဈေးဆိုင်တန်းတွေကို စစ်ကောင်စီက နှစ်စဉ်ပေးသွင်းနေရတဲ့ တင်ဒါအခွန်တွေကို ကင်းလွတ်ခွင့်ပေးပြီး ရောင်းချခွင့် ပြုခဲ့တာလည်း ဖြစ်ပါတယ်။ အခုချိန်ထိတော့ ဘုရားဖူးလာရောက်သူ နည်းပါးတာကြောင့် အရောင်းအဝယ်မကောင်းလို့ အရင်းပြုတ်တော့မယ်လို့ ဈေးရောင်းချနေသူတစ်ဦးက…
Radio Than Lwin Times(Episode 6/11)
https://www.youtube.com/embed/St0LxtsZ6-A
တောင်ပျောက်တိုက်နယ်အတွင်း စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ
သရက်ချောင်း၊ နိုဝင်ဘာလ ၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ တောင်ပျောက်တိုက်နယ်မှာ နိုဝင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။ ယနေ့မနက် ၉ နာရီကျော်ခန့်မှာ သဲချောင်းကြီးကျေးရွာဘက်ကို ထွက်လာတဲ့ စစ်ကောင်စီကား ၂ စီးကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။…