ကျင်စန်းကျော့ဂိတ်ကို ပြန်ဖွင့်လိုက်ပေမယ့် ကွန်တိန်နာစနစ်ကြောင့် အခက်အခဲ ရှိနေ

မော်လမြိုင် ၊ နိုဝင်ဘာ (၂၈) တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ် တစ်ခု ဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်ကို ပြန်လည် ဖွင့်လိုက်ပေမယ့် ကွန်တိန်နာစနစ်ကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ၅ လကျော်အကြာ ပိတ်ထားခဲ့တဲ့ ကျင်စန်းကျော့ကုန်သွယ်ရေးဂိတ်ကို တရုတ်ဘက်က နိုဝင်ဘာ ၂၆ ရက်နေ့ ၃၀ ရက်နေ့ထိ ၅ ရက် အစမ်းသပ်ကာလအဖြစ်…

ထိုင်းနိုင်ငံ၏ ခရိုင်အချို့တွင် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို ထပ်မံရုပ်သိမ်းမည်

ဘန်ကောက်၊ နိုဝင်ဘာ ၂၇ ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် ခရီးသွားကဏ္ဍပြန်လည် မြှင့်တင်နိုင်ရေးအတွက် ကျန်ရှိ‌သော ခရိုင် ၆ ခုတွင် တင်း ကြပ်ထားသော ညမထွက်ရ စည်းကမ်းချက်ကို ပယ်ဖျက်လိုက်ပြီးနောက် လာမည့်လမှ စတင်၍ ကာဖျူးလ် အမိန့်ကို ရုတ်သိမ်းသွားမည်။ ထိုင်းနိုင်ငံသည် ကုန်းလမ်းနှင့် ပင်လယ်လမ်းခရီးမှ ဝင်ရောက်ကြမည့် ခရီးသွားဧည့်သည်များကို နိုင်ငံအတွင်း သို့ ဝင်ရောက်နိုင်ရန် စီစဥ်မည်ဖြစ်ပြီး…

ကျောင်းဖွင့်ပြီး ကာလတိုအတွင်း စာမေးပွဲကျင်းပမယ့်အပေါ် ဆရာဆရာမတွေ ဝေဖန်

မော်လမြိုင် ၊ နိုဝင်ဘာ (၂၈) အာဏာသိမ်း စစ်ကောင်စီက ကျောင်းပြန်ဖွင့်ပြီး ကာလတိုအတွင်း စာမေးပွဲ ကျင်းပမယ့်အပေါ် ဆရာ၊ဆရာမနဲ့ ကျောင်းသားမိဘတွေ ဝေဖန်လိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ အခြေခံပညာကျောင်းတွေရဲ့ အတန်းအလိုက် စာမေးပွဲတွေကို မတ်လအတွင်း ကျင်းပသွားမှာ ဖြစ်ပြီး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကိုတော့ ဧပြီလ သင်္ကြန်မတိုင်ခင် ကျင်းပသွားမယ်လို့ နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်တဲ့…

အိုမီခရွမ်လို့ အမည်ပေးထားတဲ့ ကိုဗစ်-၁၉ ရောဂါမူကွဲမျိုးစိတ်သစ်တွေ့ရှိကြောင်း ကြေငြာ

ဘန်ကောက်၊ နိုဝင်ဘာ ၂၇ အိုမီခရွမ်လို့အမည်ပေးထားတဲ့ စိုးရိမ်ဖွယ်ရာကောင်းတဲ့ ကိုဗစ်ရောဂါမျိုးစိတ်သစ်ကို တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့ကြောင်း သောကြောနေ့မှာ ကမ္ဘာကျန်းမာရေးအဖွဲ့ က ကြေငြာလိုက်ပါတယ်။ အိုမီခရွမ်ဟာ ကိုဗစ်-၁၉ ရောဂါမျိုးကွဲတွေအထဲမှာ အပြင်းထန်ဆုံးအမျိုးအစားထဲမှာ ပါတာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ Alpha, Beta နဲ့ Gamma မျိုးစိတ်ပေါင်း Delta မျိုးစိတ်ထက် ကျော်လွန်ပြီး ဆိုးရွားနိုင်တယ်လို့ ဖော်ပြပါတယ်။ သောကြာနေ့မှစပြီး အိုမီခရွန်ပိုးပျံ့နှံ့မှုလျော့နည်းစေဖို့အတွက်…

စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် မွန်က အထည်ချုပ်လုပ်ငန်းတွေ နလံမထူနိုင်သေး

မော်လမြိုင် ၊ နိုဝင်ဘာ (၂၇) စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေ အပါအဝင် ကုန်ကြမ်းဈေးနှုန်း ကြီးမြင့်နေတဲ့အတွက်ကြောင့် မွန်ပြည်နယ်အတွင်းက အထည်လုပ်ငန်းချုပ်တွေ ပုံမှန်အတိုင်း မလည်ပတ်နိုင်ဘဲ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ အထည်ချုပ် လုပ်ငန်းရှင်တွေက ပြောပါတယ်။ အထည်ချုပ်လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်ပက တင်သွင်းလာတဲ့ ကုန်ကြမ်း ပစ္စည်း ဈေးနှုန်း ၂ ဆ နီးပါး မြင့်တက်လာတာ…

မြန်မာနိုင်ငံသို့ ခရီးစဉ်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနှင့်ပတ်သက်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

ဘန်ကောက်၊ နိုဝင်ဘာ ၂၆ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai (ဒွန် ဖရာမွတ်ဝီနိုင်)က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော သူ၏ ခရီးစဥ်သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဖြန့်ဝေရေး အတွက် ခြုံငုံသုံးသပ်ရန် ဖြစ်သည်ဟု ကြာသပ‌တေးနေ့က အောက်လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး၏ နိုဝင်ဘာလ ၁၄ ရက်နေ့ ခရီးစဥ်နှင့် ပတ်သက်၍ ဖွေထိုင်းပါတီကိုယ်စားပြု လွှတ်တော် အမတ်…

ကမ္ဘာ့ချန်ပီယံအဆင့် Squash ပွဲစဥ်သို့ လာရောက်ကြမည့် အစ္စရေးကစားသမားများကို မလေးရှားအစိုးရ ပြည်ဝင်ခွင့် လက်ခံရန် ငြင်းဆို

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၅ မလေးရှားနိုင်ငံသည် လာမည့်လအတွင်း ကျင်းပမည့် Squash (စကွပ်ဂိမ်း – လေးဘက်လေးတန်အခန်း တွင် ဘောလုံးကို ဘက်တန်ဖြင့် ရိုက်သည့် အားကစားနည်းတမျိုး)အားကစားပြိုင်ပွဲကြီးသို့ ပါဝင်ယှဥ် ပြိုင်မည့် အစ္စရေးနိုင်ငံကိုယ်စားပြုကစားသမားများကို ဗီဇာပေးရန် ငြင်းဆိုထားပါသည်ဟု အားကစားပွဲ ကြီးကြပ်ရေးအဖွဲ့ က ပြောကြားခဲ့သည်။ အစ္စရေးနိုင်ငံနှင့် သံခင်းတမန်ခင်း ဆက်ဆံရေးမရှိသော အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံသည် တဖက် နိုင်ငံမှ…

ဖာပွန်က စစ်ရှောင်တွေအတွက် အစားအစာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ် လိုအပ်နေ

မော်လမြိုင် ၊ နိုဝင်ဘာ (၂၆) ဖာပွန်ခရိုင်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအစာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။ ကေအဲန်ယူထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေဒေသထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒီကနေ့လက်ရှိအချိန်ထိ ဒေသခံပြည်သူတွေဟာ တိမ်းရှောင်ထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တောတောင်ထဲမှာ တိမ်းရှောင်နေရတဲ့…