ဆောင်းပါး

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (ခ) ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်လေ့လာသူတစ်ဦး၏အမြင်များ

မင်းအောင်ထူး (အရပ်ဘက်အဖွဲ့အစည်းကိုယ်စားပြုလေ့လာသူ) အခုဆို ညီလာခံ ၂ ရက်ပြီးသွားပါပြီ။ အဲဒီမှာ လေ့လာသူတစ်ဦးအနေနဲ့ပြောရရင် အဖွင့်မှာ ပြောခဲ့ကြတဲ့ မူဝါဒဆိုင်ရာ အယူအဆတွေ ဒုတိယနေ့မှာ တင်ပြတဲ့ အဖွဲ့အသီးသီးရဲ့သဘောထားတွေကို ကြည့်ပြီး သုံးသပ်ရင် ဤခရီးမနီးသေးပါလို့ ပဲ ပြောရမယ်ထင်တယ်၊။

“အာ ဝါ ဒေး” ကို “အထာ” ပေးသူများ

ဝရဇိန် (ပေါင်) မလှမ်းကမ်းကနေလှမ်းကြည့်လိုက်ရင်ပဲ ပူပြင်းတဲ့နေရောင်အောက်မှာ ဆိုင်ကယ်အစီး၅၀လောက်နဲ့ကား ၃/၄စီး ရပ်တန့်ထားတာကို တွေ့နိုင် ပါတယ်။ ပူပြင်းလှတဲ့နေအပူရှိန်အောက်က လယ်ကွင်းလွင်ပြင် တစ်ဧက လောက်မှာ ဟိုဟိုဒီဒီထိုးထားတဲ့ရွက်ဖျဉ်တဲတွေရှိနေပါတယ်။ ကွင်းထဲရောက် နေသူအားလုံးဟာ တစ်နည်း မဟုတ်တစ်နည်းနဲ့ ဝိုင်းတစ်ခုခုမှာ စုအုံဝိုင်းဖွဲ့နေကြတာကိုတွေ့နိုင်ပါတယ်။

ကမ္ဘာကိုလှုပ်ခါခဲ့တဲ့ ဓါတ်ပုံ ၅ ပုံ

အလီဇိန်း (ပါကစ္စတန်နေ့စဉ်) လာဟိုး – လေကြောင်းတိုက်ခိုက်မှုကြောင့်ပြိုကျခဲ့တဲ့ အဆောက်အဦးထဲကနေဆွဲထုတ်လာတဲ့ အသက် ၅ နှစ်အရွယ် ဆီးရီးယားကလေးငယ် အကြောင်း ကို မကြာသေးခင်ကာလတုန်းကပဲ လူအတော် များများ ပြောဆိုခဲ့ကြပါတယ်။

” တန် ၉၀ စွန့်ပစ်အရာများနဲ့ သူတို့ဘ၀ “

ရဲနိုင်ဦး အချိန်က မနက်စောစော။ သူတို့အနေဖြင့် နိစ္စဓူဝမြင်တွေ့ရလေ့ရှိတာက ရွံရှာဖွယ်အတိဖြစ်သော ထမင်းကျန်ဟင်းကျန်များ၊ သားငါးစိမ်းမှထွက်လာသော အရိုးအရင်းများ၊ အမျိုးသမီးသုံးစွန့်ပစ်ပစ္စည်းများ၊ အမျိုးမည်မသိထွက်ပေါ်လာသည့် အနံ့အသက်ဆိုးများ။ မျက်စေ့အမြင်၊ နှာခေါင်းအနံ့ နှစ်ခုလုံးက သာမန်လူအဖို့ ရှောင်ကွင်းကြသည်။ သို့သော်လည်း ဘဝရည်တည်ရေး၊ မိသားစုစားဝတ်နေရေးအတွက် အချို့သူတွေမှာတော့ မရှောင်လွှဲနိုင်ခဲ့။

“ကမ္ဘာ့ရွာက မြန်မာတို့ရဲ့အိမ်ဂေဟာ”

(က) တစ်နေ့ကဂျာနယ်တစ်စောင်ရဲ့မျက်နှာဖုံးမှာ “အပြည်ပြည်ဆိုင်ရာ ကျားများနေ့တွင် မီးမီးခဲကိုပွဲထုတ်မည်” ဆိုတဲ့ သတင်းခေါင်းစဉ်တစ်ခုကိုတွေ့လိုက်တယ်။ ပေးထားတဲ့ခေါင်းစဉ်ကိုစိတ်ဝင်စားသွားပြီး ဖေါ်ပြထားတဲ့စာမျက် နှာအတိုင်း အတွင်းစာသားတွေကို ရှာကြည့်လိုက်တယ်။ မီးမီးခဲဆိုတာကျွန်တော်ထင်ထားသလိုမဟုတ်ဘဲ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်က ကျားမ ဒေစီ မွေးထားတဲ့ကျားပေါက်မလေး ဖြစ်နေတယ်။ အဲဒီကျားပေါက်မလေးရဲ့ သွားလာ လှုပ်ရှားမှုတွေနဲ့ ကျွမ်းကျင်မှုတွေကိုတင်ဆက်ပြသမယ်ထင်ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးစကားဝိုင်းအပြင်အခြားလိုအပ်တာတွေ

အက်ရှ်လေဆောက်သ် သြဂုတ်လ ၃၁ ရက်နေ့ကနေစတင်ပြီး အမျိုးသားအဆင့် စကားဝိုင်း သို့မဟုတ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့အတွက် မြန်မာနိုင်ငံရဲ့မြို့တော် နေပြည်တော်မှာ ပြင်ဆင်မှုတွေ စတင်နေပြီဖြစ်ပါတယ်။ ၁၉ ၄၇ ခုနှစ် ဖေဖော်ဝါရီလတုန်းက ပင်လုံလို့ခေါ်တဲ့ မြို့ကလေးမှာ ကျင်းပခဲ့ တဲ့ညီလာခံကို အသိအမှတ်ပြုလိုတဲ့သဘောနဲ့ ဒီ စုရုံးဆွေးနွေးမှုကို တစ်ခါတစ်ရံမှာတော့ ၂၁ ရာစု ပင်လုံညီလာခံလို့လည်း ရည်ညွှန်းခေါ်ဆိုကြပါတယ်။ ယခင်မူလပင်လုံညီလာခံမှာတော့…

မွန်းကျပ်နေသော ဘဝများမှ ဖောက်ထွက်ကြရအောင်

ဌေးဝင်း လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတဲ့ သတ္တဝါမျိုး မဟုတ်လား။ မျှော်လင့်ချက်အတွက် လူတိုင်းမှာ အိမ်မက် ကိုယ် စီကိုယ်စီ သို့မဟုတ် ရည်ရွယ်ရာ ပန်းတိုင်တခုစီတော့ ဧကန်ရှိကြရမှာပါ။

ကျွန်တော်တို့ရဲ့ လမ်းကလေး

ဌေးဝင်း (က) မိုးကလည်း ပြတ်တယ်ကိုမရှိ။ နေ့လည်း နေ့မို့။ ညလည်းညမို့။ ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့ ဆိုရိုးစကားက ဒီလို မျိုး သည်းထန်စွာ အဆက်မပြတ် ရွာသွန်းတတ်တဲ့ မိုးကိုများ ရည်ညွှန်းပြီး ရှေ့လူကြီးများက ပြောခဲ့ကြတာ ထင်ပါရဲ့။ ရွာပြီ ဟေ့ဆိုရင် ကျွန်တော်တို့ ပဲခူးမြို့ကတော့ ရေနစ်တာ ရိုးရာမပျက်ပါဘဲ။ ကျွန်တော်ကလည်း သိပ်ပြီး ကျန်းမာရေး မ…

မော်လမြိုင်မြို့အဝင်ဟင်္သာနဲ့ကိုနိုင်ဦး။

ရွှေမြိုင်မောင်ပေါက်ကျိုင်း ရန်ကုန်က ဧည့်သည်လာမယ်ဆိုလို့ ဇင်းကျိုက်ရေတံခွန်ကို ဆွမ်းအုပ် အဝိုင်းထိပ်ကနေ မော်လမြိုင်-သထုံကား နဲ့လိုက်ဖြစ်ပါတယ်၊ ဆွမ်းအုပ်အဝိုင်းဆိုလို့ ကိုနိုင်ဦး (သံဖြူဇရပ် AMDP အမတ်ဟောင်း)ကို သတိရမိပါတယ်/ ဒီနေရာကို ဟင်္သာပြန်နေရာချဖို့ ဟိုဖက် ဦးအုန်းမြင့် ဝန်ကြီးချုပ်ခေတ်မှာ လွှတ်တော်မှာ သူတင်ပြခဲ့ပါတယ်၊ အစိုးရအဖွဲ့က ကြယ်ပွင့်မပြတဲ့ အမေးဖြေစာနဲ့ ဖြေတာကို သတင်းသမားတစ်ဦးအနေနဲ့ မိတ္တူရခဲ့ပါတယ်။ အဲဒါကလည်း စက်စဲအဝင်မှာ ဆွမ်းအုပ်တည်တာ

ပြိုင်ဆိုင်မှုစိတ်လာမယ့် ကျိုက္မရော ဘိလပ်မြေစက်ရုံရဲ့ ကျောက်မီးသွေး။

ဇူလိုင်လ(၁၈)ရက်နေ့က MCL စက်ရုံဝန်းကျင် ရွာ(၁၂)ရွာလောက်က မွန်ဆရာတော်တွေဦးစီးပြီး မွန်လူငယ် (၄၀၀)လောက်ဟာ ရွာအလိုက် ကျောက်မီးသွေး အလိုမရှိဆိုတဲ့ စတစ်ကာတွေကို အိမ်၊ ကား၊ ဆိုင်ကယ်၊ လက်ကိုင်ဖုံးတွေမှာလိုက်ကပ်ရင်း သူတို့သိထားတဲ့ ကျောက်မီးသွေးဆိုးကျိုးကို ရွာသူတွေကို လိုက်ပြောကြ