နိုင်ငံတကာ

ရုရှားလုပ်ရပ်ကို ဘေဂျင်းအတုခိုးမှာ စိုးရိမ်ကြောင်း ထိုင်ဝမ်ပြော

ထိုင်ဝမ်၊ ဖေဖော်ဝါရီ ၂၅ ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားသော ဒေသနှစ်ခုမှာ ရုရှားရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ဖြန့်ကျက်ချထားမှုကို ထိုင်ဝမ်က ဗုဒ္ဓဟူးနေ့မှာ ရှုတ်ချခဲ့ပြီး ဘေဂျင်းက မော်စကိုရဲ့ နည်းနာပုံစံကို အတုယူပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ကျွန်းကို အင်အားသုံး သိမ်းယူဖို့ ကြိုးပမ်းလာမှာကို စိုးရိမ်နေပါတယ်။ ခွဲထွက်ဒေသနှစ်ခုသို့ ရုရှားတပ်များ နေရာယူရန် ရုရှားမှ အမိန့်ပေးပြီးနောက်တွင် ယူကရိန်း သမ္မတ…

ယူကရိန်းနိုင်ငံရှိ ထိုင်းနိုင်ငံသားများ ပြန်လည်ထွက်ခွာနိုင်ရေး ထိုင်းအစိုးရပြင်ဆင်

ကီဗ်၊ ဖေဖော်ဝါရီ ၂၄ ရုရှားနှင့် တင်းအားများ အရှိန်မြင့်တက်လာမှုကြောင့် ယူကရိန်းနိုင်ငံတွင် နေထိုင်နေသော ထိုင်းနိုင်ငံသား ၂၅၀ ဦး ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးနိုင်ဖို့ အစီအစဥ်တစ်ရပ်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ကြေငြာခဲ့ပါ တယ်။ သတင်းအချက်အလက် ဝန်ကြီးရုံး ဦးစီးဌာန၏ အထွေထွေဒါရိုက်တာ တာနီးဆန်ဂရတ်က လာဗီရှိ လာဗီဒနီလျိုဟာဗက်စကီ နိုင်ငံတကာလေဆိပ်ကို တိမ်းရှောင်ထွက်ခွာနိုင်ရေးအတွက် ပထမဦးဆုံး ရွေးချယ်မယ်လို့ ပြောကြားခဲ့ပါတယ်။ လာဗီမြို့မှာ…

ပုဂ္ဂိုလ်ရေးအခွန်ကင်းလွတ်ခွင့်ပေးမယ့် ကာလရှည်ကြာနေထိုင်ခွင့်ဗီဇာကို ထိုင်းအစိုးရထုတ်ပေးမည်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၃ ထိုင်းအစိုးရအဖွဲ့မှ နိုင်ငံခြားသား အခွန်ပေးဆောင်သူ အုပ်စု ၃ စုကို ပုဂ္ဂိုလ်ရေး ဝင်ငွေခွန် ကင်းလွတ်ခွင့်ပေးဖို့ အတည်ပြုခဲ့ပြီး ထိုအထဲတွင် ဝင်ငွေအမြင့်ဆုံးရှာနိုင်သူများ၊ ပင်စင်စာများနှင့် ထိုင်းနိုင်ငံမှနေ၍ အဝေးရောက် စနစ်ဖြင့် အလုပ်လုပ်ကိုင်လိုသူများပါဝင်သည်ဟု ဘဏ္ဍာရေးဝန်ကြီး အာခွန်မ် တာမ်ဖစ်တာယာပိုင်စစ်တ်က ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ အကျိုးခံစားခွင့်ရှိသူများသည် အစိုးရမှ ပေးအပ်ထားသော ကာလရှည်ကြာနေထိုင်ခွင့်ဗီဇာရှိရန် လိုအပ်ပြီး…

တရုတ်နှင့် ရုရှားက မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့နေတယ်လို့ ကုလပြော

နယူးယောက်၊ ဖေဖော်ဝါရီ ၂၃ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များဖြစ်သော တရုတ်နှင့် ရုရှားတို့အပြင် ဆားဘီးယားနိုင်ငံတို့သည် အရပ်သားများကို တိုက်ခိုက်ရန်အတွက် ပြီးခဲ့သည့်နှစ် အာဏာသိမ်းချိန်မှစ၍ မြန်မာစစ်အစိုးရအား လက်နက်များ ဆက်လက်ထောက်ပံ့ပေးနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွန်အင်ဒရူးစ် Tom Andrews က “မြန်မာစစ်တပ်က အရပ်သားတွေကို…

ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးသန်း ၆၀ ကို မြောက်ကိုရီးယားထံ ပေးပို့ဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူး အကြံပြု

နယူးယောက်၊ ဖေဖော်ဝါရီ ၂၃ မြောက်ကိုရီးယားကို ကိုဗစ် ၁၉ ကာကွယ်ဆေးများ အနည်းဆုံး သန်း ၆၀ ပံ့ပိုးပေးရန် နိုင်ငံတကာအသိုက်အဝန်း က မဟာဗျူဟာတစ်ရပ်ကို ချမှတ်သင့်သည်ဟု လွတ်လပ်သော ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး က ဖေဖော်ဝါရီ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါသည်။ အဆိုပါ ကာကွယ်ဆေးများသည် လူ ၂၆ သန်းထဲမှ အချို့ကို…

ထိုင်းတောင်ပိုင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ မတ်လ ၇ ရက်နေ့တွင် မလေး၌ ပြန်လည်ကျင်းပမည်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၃ ထိုင်းအစိုးရနှင့် တောင်ပိုင်းလက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများကို မတ်လ ၇ ရက်နေ့ တွင် မလေးရှားနိုင်ငံ၌ ပြန်လည်ကျင်းပမည်ဟု ဆွေးနွေးမှုများ၏ အကျိုးဆောင်ပြောကြားချက်ကို ကိုးကား ၍ Star သတင်းစာပါ သတင်းအစီရင်ခံမှုအရ သိရသည်။ နှစ်ဖက်စလုံးမှ ကိုယ်စားလှယ်များသည် ပီတာလင်ဂျာယာရှိ ဟိုတယ်တစ်ခုတွင် တွေ့ဆုံကြမည်ဟု မလေး အစိုးရကိုယ်စားပြု ရာဟင်မ်နော် ၏ ပြောကြားချက်ကို…

EU မှ မြန်မာစစ်ခေါင်းဆောင်အပေါ် အရေးယူပိတ်ဆို့မှု တိုးမြှင့်ချမှတ်

ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၂ မြန်မာနိုင်ငံတွင် ယမန်နှစ်အာဏာသိမ်းမှုဖြစ်ပွားပြီး တစ်နှစ်အကြာ အကြမ်းဖက်ဖြိုခွင်းမှုတွေ ဆက် လက်ဖြစ်ပွားနေမှုကြောင့် ဥရောပသမဂ္ဂသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့၌ အာဏာသိမ်း စစ်အုပ်စု အရာရှိ ၂၂ ဦးနှင့် ၎င်းတို့နှင့်ပတ်သက်သော ကုမ္ပဏီ ၄ ခုကို အစုအဖွဲ့လိုက် ပိတ်ဆို့မှုစာရင်းထဲ ထပ်မံ ထည့်သွင်းခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်တပ်မှ…

ဖိလစ်ပိုင် အစိုးရမှ ဆရာဝန်တစ်ဦးကို အကြီးစားပုန်ကန်သူဟု စွပ်စွဲပြီး ဖမ်းဆီး

မနီလာ၊ ဖေဖော်ဝါရီ ၂၁ အစိုးရကို ရာစုနှစ်ရှည်ကြာ ဆန့်ကျင်သော မော်ဝါဒီသူပုန်အဖွဲ့၏ ခေါင်းဆောင်ဟု စွပ်စွဲ၍ ဆရာဝန် တဦးကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့များက မြို့တော်မနီလာတွင် ဖမ်းဆီးခဲ့ပါသည်။ အသက် ၅၂ နှစ်အရွယ် မာရီယာ နာတီဗီဒတ် ကတ်စ်ထရိုကို အာမခံမပေးပဲ ချုပ်နှောင်ထားပြီး ၂၀၂၀ ခုနှစ်အတွင်းက သူမအားဖမ်းဆီးရန် အမိန့်ချမှတ်ထားသော အောက်ရုံးတော် ပြန်ပေးဆွဲမှုဖြင့် စွဲချက်တင် စစ်ဆေးမည်ဟု…

(၂)နှစ်တာ ပိတ်ထားတဲ့ ဩစတေးလျသို့ ခရီးသွားခွင့်ကို ပြန်လည်ဖွင့်လှစ်

ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၂၁ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသား ဗီဇာကိုင်နိုင်ငံတကာနယ်လှည့်ခရီးသွားတွေအနေနဲ့ ဩစတေးလျကို လာရောက် လည်ပတ်နိုင်ဖို့အတွက် ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ ပြန်လည်ဖွင့်လှစ်လိုက်တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာတော့ ဆစ်ဒနီနိုင်ငံတကာလေဆိပ်မှာ လာရောက် လည်ပတ် မယ့်သူတွေကို ခရီးသွားလုပ်ငန်းဝန်ထမ်းတွေက လက်ဆောင်ပစ္စည်းပန်းခြင်းများနှင့် စောင့်ဆိုင်းနေခဲ့ပါတယ်။ ကိုဗစ်ကပ်ဆိုး မဖြစ်ခင်ကာလက ခရီးသွားလုပ်ငန်းမှာ နိုင်ငံ့လုပ်အား ၅ ရာခိုင်နှုန်း ဖြစ်ခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရဲ့ ၃ ရာခိုင်နှုန်းကို…

ရုရှားကုမ္ပဏီများ၏ အမေရိကန် ဒေါ်လာသုံးစွဲခွင့်ကို အနောက်နိုင်ငံများက ဖြတ်တောက်ဖို့ ပြင်ဆင်နေ

ရုရှားကုမ္ပဏီများ၏ အမေရိကန် ဒေါ်လာသုံးစွဲခွင့်ကို အနောက်နိုင်ငံများက ဖြတ်တောက်ဖို့ ပြင်ဆင်နေ လန်ဒန်၊ ဖေဖော်ဝါရီ ၂၀ ကရင်မလင်က ယူကရိန်းကို ကျူးကျော်ဖို့ အမိန့်ပေးလျှင် အမေရိကန်နဲ့ ဗြိတိန်မှ ရုရှားကုမ္ပဏီတွေရဲ့ အမေရိကန် ဒေါ်လာနဲ့ ဗြိတိန်ပေါင်တွေကို ဖြတ်တောက်ပစ်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်စင်က ဘီဘီစီကို ပြော သည်။ “ကျွန်ုပ်တို့ လက်ရှိမြင်နေရတဲ့အခင်းအကျင်းတွေက ဥရောပအတွက် ၁၉၄၅ ခုနှစ်နှောင်းပိုင်းကာလရဲ့…