နိုင်ငံတကာ

စီးပွားရေးအကြပ်အတည်းတွေကြောင့် သီရီလင်္ကာနိုင်ငံအရေးပေါ် အခြေအနေကြေညာ

ဘန်ကောက်- ဧပြီ(၃) သီရိလင်္ကာနိုင်ငံရဲ့အဆိုးဆုံးစီးပွားရေးအကြပ်အတည်းတွေနဲ့ နိုင်ငံသားတွေရဲ့ပြင်းထန်တဲ့ ဆန္ဒထုတ်ဖော် မှုတွေကြောင့် သမ္မတ ဂိုဒါဘာရာ ရာဂျာပက်ဆာ ကတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ထားတဲ့ အရေးပေါ်ကြေညာချက်ဟာ ဧပြီလ(၁) ရက်နေ့ကစပြီး အသက်ဝင်မှာဖြစ်ပြီး အာဏာပိုင်တွေအနေနဲ့ သံသယရှိသူတွေကို ဝရမ်းမပါပဲ ဖမ်းဆီးစစ်ဆေးအကျဉ်းချ ခွင့်ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြင်းထန်တဲ့ ဆန္ဒထုတ်ဖော်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ်…

အာဆီယံအဖွဲ့ကိုပေးအပ်ထားတဲ့ ကတိကဝတ်တွေမတည်ရင် မြန်မာကို အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ဆိုင်းငံ့ထားဖို့လိုအပ်

ဘန်ကောက်- ဧပြီ(၃) အာဆီယံခေါင်းဆောင်တွေအနေနဲ့ အာဆီယံအဖွဲ့ကိုပေးထားတဲ့ ကတိတွေ မပြည်စုံမချင်း မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ထားဖို့ သတ္တိရှိသင့်တယ်လို့ The Straits Times သတင်းဌာနက ဆောင်းပါးဖော်ပြထားပါတယ်။ ဒီမိုကရေစီနည်းကျရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို စစ်အုပ်စု ကလုယူထားတဲ့ အာဏာပြန် မပေးမချင်း အာဆီယံအဖွဲ့ဝင်အဖြစ်ကနေဆိုင်းငံ့ထားပြီး သူတို့ရဲ့ မဆင်မခြင်လုပ်ရပ်တွေအတွက် တာဝန်ယူသင့်တယ်လို့ ဆောင်းပါးရှင်ကရေးသားထားပါတယ်။ ပြီးခဲ့တဲ့ နှစ်က အင်ဒိုနီးရှား၊မလေးရှား၊စင်္ကာပူနဲ့ ဖိလစ်ပိုင်ခေါင်းဆောင်တွေက…

ထိုင်းနိုင်ငံဗဟိုဘဏ်က ခရစ်ပတိုငွေကြေးကို ကြားခံ ငွေကြေး စနစ်မဟုတ်တဲ့အကြောင်းပြချက်နဲ့ တားမြစ်

ထိုင်းနိုင်ငံဗဟိုဘဏ်က လက်ရှိဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်(Promptpay) ရှိနေပြီး သင့်လျော်တဲ့ ကြားခံငွေကြေးစနစ်မဟုတ်တဲ့အကြောင်းပြချက်နဲ့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကိုငွေပေးချေဖို့ ခရစ်ပတိုငွေကြေးအသုံးပြုဖို့ တာမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီကြေငြာချက်ရဲ့ အဓိက အချက်တွေမှာ ကုန်စည်နဲ့ ဝန်ဆောင်မှုပေးချေမှုတွေအတွက် ခရစ်ပတိုငွေကြေးရဲ့ ပရိုမိုးရှင်းနဲ့ ကြော်ငြာတွေကို ပိတ်ပင်ထားပြီး ဒီအတောအတွင်း သုံးစွဲသူတွေအ အနေနဲ့ ခရစ်ပတိုငွေကြေးနဲ့ အသုံးပြုတာကိုတွေ့ရှိပါက အော်ပတေတာတွေအနေနဲ့ ငွေလွှဲတာကိုပယ်ဖျက်ပြီး အာဏာပိုင်တွေကို ချက်ချင်းအကြောင်းကြားသင့်တယ်လို့ ထုတ်ပြန်ထားတာပါ။ “ပြောင်းလဲလို့မရတဲ့ ထိုင်းဗဟိုဘဏ်ရဲ့ အဓိကယုံကြည်ချက်က ငွေကြေးတန်ဖိုးနဲ့…

ယူကရိန်းဆိပ်ကမ်းများမှ ထွက်ခွာမယ့် နိုင်ငံခြားသင်္ဘောတွေအတွက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ စင်္ကြံဖွင့်ဖို့ ရုရှားတောင်းဆို

ယူကရိန်းဆိပ်ကမ်းတွေကနိုင်ငံခြားသင်္ဘောတွေထွက်ခွါခွင့်ပြုဖို့အတွက် လူသားချင်းစာနာထောက်ထား မှု ဆိုင်ရာစင်္ကြံဖွင့်လှစ်ဖို့ ရုရှားက တောင်းဆိုခဲ့တယ်လို့ ယူကရိန်းပြည်တွင်းသတင်းဌာန The Kyiv Independent က ထုတ်ပြန်ထားပါတယ်။ အဲ့ဒီစင်္ကြံကိုဒီလ(၂၅)ရက်နေ့မနက်က(၈)နာရီကနေည(၇)နာရီထိဖွင့်လှစ်ထားမှာဖြစ်ကာ(၃)မိုင်ကျယ် ဝန်းပြီး ပင်လယ်နက်ထဲမှာမျောနေတဲ့ ရေအောက်မိုင်းတွေရှိနေတယ်လို့တော့ သတင်းဌာနတွေက အခိုင်အမာရေးထားကြပါတယ်။ ယူကရိန်းကိုကျူးကျော်ခဲ့တဲ့ စစ်ပွဲဒုတိယလကို ဝင်လာတာနဲ့အမျှ ယူကရိန်း သမ္မတ ဇီလန်းစကီးက မြို့ကြီး(၄)မြို့ကို Hero City နဲ့ National Guard…

တရုတ်နဲ့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ကြိုတင်ကြေငြာထားခြင်းမရှိတဲ့အစည်းအဝေးတစ်ရပ်မှာတွေ့မယ်။

၂၀၂၀ခုနှစ်ကဖြစ်ပွားခဲ့တဲ့နယ်စပ်တိုက်ပွဲတွေကြောင့်နှစ်နိုင်ငံဆက်ဆံရေးယိုယွင်းလာပြီး ပထမဆုံးအကြိမ်အဖြစ် တရုတ်နဲ့အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ကြီးတွေ ဒီနေ့မတ်လ(၂၅) ရက်နေ့မွန်းတည့်ချိန်မတိုင်ခင်တွေ့ဆုံဖို့ရှိတယ်လို့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ရိုက်တာသတင်းဌာနကိုပြောပါတယ်။ ဝမ်ဟာအိန္ဒိယနိုင်ငံခြား‌ရေးဝန်ကြီး ဆူဘရတ်မန်ယမ် ဂျိုင်ရှန်ကာ နဲ့တွေဆုံပြီး နေ့လည်ပိုင်းမှာ နီပေါနိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။ ဝမ် နယူဒေလီကိုမရောက်မီ နှစ်ဘက်လုံးက ခရီးစဉ်ကိုကြေညာခဲ့တာမရှိပေမယ့် ရိုက်တာမိတ်ဖက် ဌာန ANIသတင်းဌာနရဲ့ ဗီဒီယိုဖိုင်မှာနိုင်ငံဧည့်သည် တွေဆိုက်ရောက်တဲ့ကာကွယ်ရေးအဆောက်အအုံက ဆင်းသက် လာတာမဟုတ်ပဲ စီးပွားရေးလေဆိပ်က ထွက်လာတာကိုပြသခဲ့ပါတယ်။ ဝမ်ဟာအငြင်းပွားမှုတွေရှိနေတဲ့ကက်ရှ်မီးယားဒေသနဲ့ပတ်သက်ပြီးပါကစ္စတန်မှာပြောခဲ့တာ…

ထိုင်းဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းနေရာအတွက် ဖွေထိုင်းပါတီမှ သက်ဆင်သမီးအငယ်ကို လျာထားရန် ပြင်ဆင်

ဘန်ကောက်၊ မတ် ၂၂ ဖွေထိုင်းပါတီ၏ ညီညွတ်မှုမြင့်တင်ရေး ကမ်ပိန်းတာဝန်ခံအဖြစ် တိမ်းရှောင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာ၏ အငယ်ဆုံးသမီး ဖယ်တုံတာန် ရှင်နာဝါထရာကို ခန့်အပ်လိုက်ကြပြီးနောက် လာမည့် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းဖို့ လျာထား ချက်ရှိလာသည့် အခြေအနေဖြစ်လာခဲ့သည်။ တနင်္ဂ‌နွေနေ့က အူဒွန်ဌာနီ ခရိုင်ဒေသန္တရအတွင်း ကျင်းပသော ပါတီအစည်းအဝေးတွင် မစ္စဖယ်တုံတာန်ကို “ဖွေထိုင်းမိသားစု”ကမ်ပိန်း အကြီးအကဲအဖြစ် အမည်စာရင်းသွင်းခဲ့ပြီး…

ဂျပန်ဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ ယူကရိန်းနှင့် မြန်မာအရေး ဆွေးနွေးမှုများပြုလုပ်ခဲ့

ဖနွမ်ပင်၊ မတ် ၂၂ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ဖိုမီယို ကီရှိဒါနဲ့ ဆွေးနွေးဘက် ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်တို့ တွေ့ဆုံပွဲ ကနဦးအစမှာပဲ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်ရန်စမှုများနှင့် ပတ်သက်ပြီး ကိုင်တွယ်ရာမှာ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ ဖနွမ်းပင်မှာ ပြုလုပ်တဲ့ တွေ့ဆုံမှုတွင် ကီရှီဒါ နှင့် ဟွန်ဆန် တို့က အာဆီယံအဖွဲ့ဝင်နိုင်ငံ မြန်မာနိုင်ငံ၏…

ဂျပန်ဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ ယူကရိန်းနှင့် မြန်မာအရေး ဆွေးနွေးမှုများပြုလုပ်ခဲ့

ဖနွမ်ပင်၊ မတ် ၂၂ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ဖိုမီယို ကီရှိဒါနဲ့ ဆွေးနွေးဘက် ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်တို့ တွေ့ဆုံပွဲ ကနဦးအစမှာပဲ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်ရန်စမှုများနှင့် ပတ်သက်ပြီး ကိုင်တွယ်ရာမှာ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ ဖနွမ်းပင်မှာ ပြုလုပ်တဲ့ တွေ့ဆုံမှုတွင် ကီရှီဒါ နှင့် ဟွန်ဆန် တို့က အာဆီယံအဖွဲ့ဝင်နိုင်ငံ မြန်မာနိုင်ငံ၏…

ယူကရိန်းအရေးအတွက် ဟခိဗ်က ဆရာဝန်ကို အင်စတာဂရမ်အကောင့်အသုံး ပြုခွင့်ပေးခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း

ဒေးဗစ်ဘက်ခမ်းဟာသူ့ရဲ့ဖော်လိုဝါ (၇၁.၅)သန်းရှိတဲ့ အင်စတာဂရမ်အကောင့်ကို ယူကရိန်းပြည်သူတွေကို ကူညီထောက်ပံ့မှုတွေပြုလုပ်နိုင်ဖို့အတွက် ဟခိဗ်မြို့က ယူကရိန်းဆရာဝန်ကိုလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ကမ္ဘာကျော်ဘောလုံးသမားဟောင်းဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း ရဲ့ အင်စတာဂရမ် စတိုရီမှာ ပြီးခဲ့တဲ့ တနင်္ဂနွေ တစ်ရက်လုံး ပဋိပက္ခတွေကြားမှာ တစ်ရက်တာ အလုပ်ခွင်အတွင်း ဒေသဆိုင်ရာ မွေးကင်းစကလေးဌာနအကြီးအကဲဖြစ်သူ ကလေးမေ့ဆေးဆရာဝန် Iryna တို့ရဲ့အကြောင်းအရာဗီဒီယို နဲ့ဓာတ်ပုံတွေ ပဲတင်ခဲ့တယ်လို့ သိရပါတယ်။ Iryna ဟာ ဒေးဗစ်ဘက်ခမ်းရဲ့ အင်စတာဂရမ်မှာ…

မော်စကိုနှင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ရန် အချိန်ကျပြီဟု ယူကရိန်းသမ္မတဆို

ကိဗ်၊ မတ် ၁၉ ယူကရိန်းသမ္မတ ဇာလန်းစကီးက မော်စကိုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ဖို့ စနေနေ့က တောင်းဆိုခဲ့ပြီး ရုရှားသည် စစ်ပွဲအတွင်း ဆုံးရှုံးခဲ့ရသည့် ထိခိုက်ပျက်စီးမှုများကို ပြန်လည် ကုစား ဖို့ရန်အတွက် မျိုးဆက်ပေါင်းများစွာ လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဇယ်လန်းစကီးက ယူကရိန်းသည် ငြိမ်းချမ်းရေးအတွက် အဖြေရှာရန် အမြဲတမ်း ကမ်းလှမ်းခဲ့ပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အဓိပ္ပါယ်ရှိပြီး ရိုးသားပွင့်လင်းမှုရှိတဲ့…