နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) နဲ့ ဆွေးနွေးပွဲမတိုင်မီ အစိုးရအဖွဲ့ အသစ် သီရိလင်္ကာတိုးချဲ့ဖွဲ့စည်း

ဘန်ကောက် – ဧပြီ(၁၈) အစိုးရရဲ့ ဆိုးရွားတဲ့စီးပွားရေးအကြတ်အတည်းကို ကိုင်တွယ်ဖြေရှင်းခဲ့တဲ့အပေါ် ဆန္ဒပြမှု တွေဖြစ်ပွားနေချိန်မှာ သီရိလင်္ကာ သမ္မတ ဂိုတာဘာယာရာဂျာပက်ဟာ ဒီကနေ့မှာ ဝန်ကြီး အသစ်(၁၇) ယောက်နဲ့ အစိုးရအဖွဲ့တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရအဖွဲ့မှာ သမ္မတအကိုဖြစ်သူ မဂ်ဟင်ဒါရာဂျာပက်ကို ဝန်ကြီးချုပ်အဖြစ် ဆက်လက် ထားရှိတယ်လို့ သိရပါတယ်။ လူ(၂၂) သန်းရှိတဲ့ ကျွန်းနိုင်ငံဟာ ကာလရှည်ကြာ လျှပ်စစ်မီးပြတ်တောက်မှု လောင်စာဆီ နဲ့…

နယူးယောက်မြေအောက်ရထားပစ်ခတ်မှုသံသယရှိသူကိုဖမ်းဖို့ကူညီခဲ့သူတွေကို ဒေါ်လာငါးသောင်း ဆုငွေပေး

ဘန်ကောက် – ဧပြီ(၁၇) နယူးယောက်မြို့က မြေအောက်ရထားမှာ လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှုနဲ့ တရားစွဲခံရ တဲ့အမျိုးသားကို ဖမ်းဆီဖို့ကူညီပေးသူ ငါးယောက်ကို ဒေါ်လာ(၅၀၀၀၀) ခွဲပေးမယ်လို့ နယူးယောက်ရဲတပ်ဖွဲ့ကြေငြာပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့် လူ(၁၀)ယောက်ကျည်ထိမှန်ခဲ့ပေမယ့် အားလုံးကတော့ အသက်ရှင် နိုင်ဖွယ်ရှိတယ်လို့ မျှော်လင့်ထားတယ်လို့ ရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ “ကျွန်ုပ်တို့ရဲတပ်ဖွဲ့က သံသယရှိသူကို ရှာဖွေဖို့အတွက် ပြည်သူတွေရဲ့ သတင်းအချက် အလက်ရရှိဖို့ ပူးပေါင်းပါဝင်ဖို့ တောင်းဆိုခဲ့ပြီး တုံ့ပြန်ဖြေကြားပေးသူအားလုံးကို ကျေးဇူး…

မွန်ဆလင်ရာမန်ဒန် လ ဗုံးပေါက်ကွဲတာ ဆွေးနွေးပွဲကပယ်ထားတဲ့ လက်နက်ကိုင်အဖွဲ့ တာဝန်ရှိလို့ ဆို

ဘန်ကောက်- ဧပြီ(၁၇) အစ္စလာမ်ဘာသာဝင်တွေအများစုနေထိုင်တဲ့ ထိုင်းတောင်မှာ ဗုံးပေါက်ကွဲမှာ ဖြစ်စဉ် ခဲ့တဲ့အတွက် ထိုင်းအစိုးရနဲ့ အဓိက လက်နက်ကိုင်အဖွဲ့တွေရဲ့ ရာမန်ဒန်သဘောတူ ညီချက်ကို ကျိုးပျက်စေခဲ့တဲ့အတွက် ငြိမ်းချမ်းရေးစကားဝိုင်းက ပယ်ခံထားရတဲ့ လက်နက်ကိုင်အဖွဲ့ တာဝန်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ရဲသုံးယောက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သားတစ်ယောက်သေဆုံးခဲ့တဲ့ ပေါက်ကွဲမှု နှစ်ခုစလုံး ကို Patani United Liberation Organization (PULO) အဖွဲ့ စစ်သွေးကြွ…

အိန္ဒိယနိုင်ငံ အမ်မီဒါဘာမြို့ရှိ ကိုဗစ်ကြောင့် သေဆုံးမှုနှုန်းထား မှတ်တမ်းများသည် မြေပြင်ပမာဏထက် လျော့နည်းနေ

ဘန်ကောက်- ဧပြီ (၁၆) ယမန်နှစ် ဧပြီနှင့် မေလအတွင်း အိန္ဒိယမှာ ကိုဗစ် 19 ကူးစက်မှုများမြင့်တက်လာချိန်မှာ အနောက် ပိုင်းမြို့တော် Ahmedabad ရဲ့ စုစု‌ပေါင်းသေဆုံးမှုနှုန်းထားဟာ လွန်ခဲ့သော ၂ နှစ်ထက် ၃ ဆ မြင့်တက်ခဲ့တယ်လို့ အစိုးရရဲ့ ကိန်းဂဏန်းအချက်အလက်တွေက ဖော်ပြနေပါတယ်။ Ahmedabad ‌ဒေသ အုပ်ချုပ်‌ရေးမှ လူထုသတင်းအချက်အလက် တက်ကြွလှုပ်ရှားသူများနှင့် ရိုက်တာ…

မြောက်ကိုရီးယားနဲ့ချိတ်ဆက်ထားတဲ့ ဟက်ကာတွေ အမေရိကန်ဒေါ်လာ သန်းခြောက်ရာ ကျော် ခိုးယူ

ဘန်ကောက် – ဧပြီ(၁၆) မြောက်ကိုရီးယားနဲ့ ချိတ်ဆက်ထားတဲ့ ဟက်ကာတွေက ပြီးခဲ့တဲ့လက လူကြိုက်များတဲ့ Axie Infinity ဂိမ်းကစားသူတွေကို ပစ်မှတ်ထးပြီး အမေရိကန်ဒေါ်လာ သန်း(၆၂၀) တန် ခရစ်ပတိုငွေကြေး ခိုးယူခဲ့တာနဲ့ပတ်သက်ပြီး တာဝန်ရှိတယ်လို့ အမေရိကန်အာဏာ ပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့လက ဟက်ကာတွေက ဂိမ်းကစားတာ၊ဂိမ်းဇာတ်ကောင်ကိုယ်ပွားရုပ်ပုံတွေကို ရောင်းဝယ်တာတွေကတဆင့် ကစားသမားတွေရဲ့ ခရစ်ပတို ဝင်ငွေရရှိနိုင်တဲ့ ဂိမ်းကနေ ကန်ဒေါ်လာ…

Lawrence Wrong ကို စင်ကာပူရဲ့ နောက်ဖြစ်လာမယ့် ဝန်ကြီးချုပ် အဖြစ် လမ်းဖွင့်ပေး

ဘန်ကောက် – ဧပြီ(၁၆) စင်္ကာပူဘဏ္ဍာရေးဝန်ကြီး Lawrence Wong ကို လက်ရှိအာဏာရလူထုဆောင်ရွက်မှု ပါတီ (People Action Party PAP) ရဲ့ စတုတ္ထ မျိုးဆက်ခေါင်းဆောင်အဖြစ် အမည် စာရင်းတင်သွင်းခဲ့ပြီး စင်္ကာပူရဲ့ နောက်ထပ် ဝန်ကြီးချုပ်အဖြစ် လွမ်းဖွင့်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ မစ္စတာ Wong ကို 4G အဖွဲ့ခေါင်းဆောင်ဖြစ်လာစေဖို့ အစိုးရအဖွဲ့…

ဝန်ကြီးချုပ်ရာထူးအတွက် သမီးဖြစ်သူကို ထင်ကြေးပေးမှုတွေကနေ သက်ဆင်ပယ်ချ

ဘန်ကောက် ၊ ဧပြီ (၁၅) ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက သူရဲ့ အငယ်ဆုံးသမီးဖြစ်သူ ပက်တွန်တန်ကို လာာမယ့်အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ထင်ကြေးပေးမှုတွေကို ပယ်ချခဲ့ပါတယ်။ အင်္ဂါနေ့က ပြုလုပ်တဲ့ ClubHouse အစည်းအဝေးမှာ သက်ဆင်က သူ့ရဲ့သမီးဖြစ်သူ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စိတ်ကူးမယဉ်ဘဲ Pheu Thai ပါတီက ပညာရပ်ဆိုင်ရာ အခန်းကဏ္ဍမှာ ပါဝင်လုပ်ကိုင်ဖို့ လိုလား တယ်လို့…

ယူကရိန်းဒုံးကျည်ကြောင့် ရုရှားအဓိက ရေတပ်သင်္ဘော ထိခိုက်ပျက်ဆီး သွားတယ်လို့ဆို

ဘန်ကောက် – ဧပြီ(၁၅) ယူကရိန်း ရဲ့ဒုံးကျည်ပစ်လွှတ်ခဲ့တဲ့အတွက် ပင်လယ်နက်က ရေတပ်သင်္ဘောစုက အဓိက အရေးပါတဲ့ သင်္ဘော ပြင်းပြင်းထန်ထန်ထိခိုက်ပျက်ဆီးသွားပြီးသင်္ဘော အမှုထမ်း တွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်တွေအရ မော့စ်ဗာဒုံးကျည် ခရူဇာပေါ် ပစ်ခတ်ခဲ့တဲ့အတွက် ခဲယမ်းမီးကျောက်တွေ ပေါက်ကွဲခဲ့တယ်လို့ Interfaxသတင်း ဌာနကဖော်ပြခဲ့ပါတယ်။ မီးလောင်ပျက်ဆီးမှုဖြစ်ပွားရတဲ့ အကြောင်းကိုအသေးစိတ်မပြောခဲ့ပေမယ့် အော့ဒက်ဆာ ပင်လယ်နက်ဆိပ်ကမ်းအနီးရှိ မော့စ်ဗာဟာ…

နယ်စပ်ဂိတ်ပြန်ဖွင့်ပြီး ရွှေ့ပြောင်းလုပ်သားရှားပါးမှုဖြေလျော့ဖို့ မလေးရှား စီစဉ်

ဘန်ကောက် – ဧပြီ(၁၅) မလေးရှားနိုင်ငံဟာ ကိုဗစ်ကပ်ဘေးကြောင့် ဖြစ်ပေါ်လာတဲ့ လုပ်သားပြတ်လပ်မှု တွေကို ဖြေရှင်းဖို့ နည်းလမ်းရှာနေပြီး နိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ထုတ်လုပ်ရေးစက်ရုံတွေမှာ လုပ်ငန်း ကြန့်ကြာမှု ပြဿနာတွေ ဖြစ်ပေါ်နေတဲ့အတွက် လုပ်သားငှားရမ်းဖို့ ဆောင်ရွက်နေပါ တယ်။ ဧပြီလ(၁၅) ရက်နေ့(ဒီနေ့)ကစပြီး အထူးကော်မတီက အတည်ပြု လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာန ဘာနာမာ မှာဖော်ပြထားပါတယ်။ မလေးရှားနိုင်ငံဟာ…

တောင်ကိုရီးယားသမ္မတက ဝါရင့် လွှတ်တော် အမတ်တွေကို နိုင်ငံခြားရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေး ဝန်ကြီးအဖြစ် ရွေးချယ်

ဘန်ကောက် – ဧပြီ (၁၄) မြောက်ကိုရီးယားရဲ့ တာဝေးပစ်ဒုံးကျည်နှင့် နျူကလီးယားဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေချိန် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုက အစိုးရအဖွဲ့မှ အဆိုပြုထားတဲ့ လူတွေထဲက သူရဲ့အနီးကပ်အကြံပေး ပါ့ခ်ဂျင် ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဧပြီလ (၁၃) ရက်နေ့မှာ ရွေးချယ်ခဲ့ပါတယ်။ အိမ်နီးချင်း ပြုံယမ်းဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် နျူကလီးယားလက်နက် စမ်းသပ်မှု…