စစ်ရာဇဝတ်မှုတွေကျူးလွန်ခံခဲ့ရတဲ့ ယူကရိန်းအတွက်တရားမျှတမှုရှိစေရမယ်လို့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတွေကတိပေး
ကိယက်ဗ် – ဧပြီ(၂၉) ရုရှားကျူးကျော်ခဲ့ချိန်မှာ စစ်ရာဇဝတ်မှုတွေကျူးလွန်ခံခဲ့ရတဲ့ ယူကရိန်းအတွက် တရားမျှတမှုဖော်ဆောင် နိုင်ဖို့အတွက် ကုလသမဂ္ဂအပါအဝင်နိုင်ငံအများအပြားနဲ့အဖွဲ့အစည်းတွေက ကတိပေးပြောဆိုခဲ့ကြပါ တယ်။ လက်ရှိမှာ ယူကရိန်းအစိုးရရှေနချုပ်က စစ်နဲ့ဆက်နွယ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု ဥပဒေ ချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုပေါင်း(၈၀၀၀) ကျော်အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ “ကျွန်မရဲ့ရိမ်မှုက ကျွန်ုပ်တို့တွေ နေ့တဒူဝ ရှုပ်ထွေးလာကြပြီး အာရုံပျံ့လွင့်လာမယ်၊ စစ်ပွဲအပါ် အာရုံထားမှု တစ်နေ့ထက်တစ်နေ့ လျော့နည်းလာပြီး လူတွေက…