ထိုင်းရောက် မြန်မာတွေ ဘယ်လိုအခက်အခဲတွေ ကြုံနေကြရသလဲ။
“ထိုင်းနိုင်ငံမှာ ရှိတဲ့ အလုပ်သမားတွေကလည်း တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ လက်ရှိ ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေကိုအစဉ်မပြတ် နိုးနိုးကြားကြားနဲ့ လေ့လာပြီး နေထိုင်ဖို့ အားလုံးကို အကြံပေးချင်ပါတယ်” – ဦးအောင်ကျော် (အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း) မြန်မာနိုင်ငံသားတွေရဲ့ ဒုတိယအိမ်လို့တောင် ခေါ်ဆိုကြတဲ့ ထိုင်းနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာအရေအတွက်ဟာ အာဏာသိမ်းပြီးတဲ့နောက် အမြင့်ဆုံးအနေအထားကို ရောက်ရှိလာပါတယ်။ စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံထဲကို တရားဝင်ရော တရားမဝင်ပါ…