အင်တာဗျူး

ကျွန်တော်တို့က ပြောရမယ်ဆိုရင် ကရင်တွေလွတ်မြောက်ဖို့ တိုက်နေတာလည်း မဟုတ်ဘူး။ မွန်တွေလွတ်မြောက်ဖို့ တိုက်နေတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံထဲမှာနေတဲ့ တိုင်းရင်းသား လူမျိုးစုအားလုံး စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ပြီးတော့ လူ့အခွင့်အရေးနဲ့ တရားမျှတမှုအတွက် တိုက်နေတာပေါ့။

Lion Battalion Commando ဗျူဟာစစ်ကြောင်းပြောခွင့်ရ တောင်ပိုင်းနဂါးနဲ့တွေ့ဆုံမေးမြန်းမှု။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီနဲ့အနီးတဝိုက်ရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၂) ရက်နေ့ကနေ (၂၆) ရက်နေ့အထိ ဗိုလ်စောအယ်စေးဝါး ဦးစီးတဲ့ Lion Battalion Commando ပူးပေါင်းစစ် ကြောင်းနဲ့ စစ်ကောင်စီ လက်အောက်ခံ အမှတ် (၅၄၅)တပ်ရင်းတို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲဖြစ်စဉ်မှာ…

“စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုလည်း ကျွန်မတို့ပါဝင်သွားမှာ မဟုတ်ဘူး။ ကန့်ကွက်သွားမှာ၊ တိုက်ဖျက်သွားမှာ ဖြစ်တယ်။ ဆိုတော့ စစ်ကောင်စီခေါ်ယူတဲ့ တခြားကိစ္စတွေကိုလည်း ကျွန်မတို့ ပါဝင်သွားမှာ မဟုတ်ဘူး”

(မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ပြောခွင့်ရ မိသုတဇဝ်နဲ့ ဆက်သွယ်မေးမြန်းချက်။) စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေး ကော်မ တီ (MSICC) ကို အာဏာသိမ်းကာလ ၂နှစ်နီးပါးပြည့်ခါနီး ဇန်နဝါရီ ၂၂ ရက်နေ့မှာ မွန်ပြည်ဖက် ဒရယ်ကောင်စီ (MSFC) အဖြစ်အသွင်ကူးပြောင်း ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် MSICC ကို မွန်ပြည်ဖက် ဒရယ်ကောင်စီ (MSFC)…

“နင်တို့ငါနဲ့မတည့်လို့ နင်တို့တွေ ဒုက္ခဖြစ်ရတာကိုးဆိုတဲ့ ပုံစံမျိုးနဲ့ လိုက်လုပ်တယ်။ သူ့ဟာ အရမ်းကြီးကို ဂိုဏ်းစတားကားတွေ မာဖီးယားကားတွေ ကြည့်ရတာကျနေတာပဲ။ ဂိုဏ်းစတားသိပ်ဆန်လွန်းအားကြီးလွန်းတယ်”

CDM ဝန်ထမ်းတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။ အာဏာသိမ်း စစ်ကောင်စီဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက CDM ဝန်ထမ်းတွေကို အရေးယူ ဖို့အ တွက် စစ်တပ်အပါအဝင် စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းတွေ ပါဝင်တဲ့ CDM စစ်ဆေးရေးအဖွဲ့တွေကို ဖွဲ့ စည်းထားတာ ဖြစ်ပါတယ်။ အဲဒီ CDM စစ်ဆေရေးအဖွဲ့တွေဟာ ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းနဲ့ စာသင်ကျောင်း တွေမှာ CDM ခန့်ထားခြင်း…

“ကာလုံရဲ့ အဆုံးအဖြတ်နဲ့ နစကရဲ့ သက်တမ်းကိုလည်း ဆက်ပြီးတိုးမြှင့်နိုင်တဲ့ အနေအထားရှိသလို ခုနက ကာလုံကပဲ စီမံခန့်ခွဲ ဆောင်ရွက်ပိုင်ခွင့်လည်းရှိတယ် သို့မဟုတ် ကာလုံကနေမှ ကြားဖြတ်အစိုးရတစ်ရပ ဖွဲ့စည်းပြီးတော့မှ ဒါအချုပ်အခြာအာဏာကို ကျင့်သုံးဖို့ စီမံနိုင်တဲ့အနေအထားရှိပါတယ်”

တရားလွှတ်တော် ရှေ့နေတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။ အာဏာသိမ်းစစ်ကောင်စီဟာ လာမယ့်ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကာလုံလို့ ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းပေးရတော့မှာ ဖြစ်ပါ တယ်။ ဒါကြောင့် သက်ရှိထင်ရှားရှိနေတဲ့ သမ္မတဦးဝင်းမြင့်မပါတဲ့ ကာလုံအစည်းအဝေးဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်ရဲ့လား၊ ကာလုံအစည်းအဝေးအပြီးမှာ စစ်အုပ်စုအနေနဲ့ ဘယ်လို အခင်းအကျင်း ဖန်…

“ကျွန်တော်တို့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း တနည်းအားဖြင့် ပြောရရင် PDF LOCALတပ်ရင်းတပ်ဖွဲ့၊ နွေဦးတော် လှန်ရေးနဲ့ NUGနဲ့ ပူးပေါင်းတဲ့ အဖွဲ့အစည်းတွေကို အဓိကထားပြီး လုပ်ဆောင်တာ ဖြစ်တယ်။ အဲဒီမှာ PDF အင်အားတည် ဆောက် တဲ့နေရာမှာ စစ်ရေးအခြေခံသင်တန်းရယူတဲ့ နေရာဌာနချုပ်ကို မြေပြင်မှာမရတော့တဲ့အတွက် လေကြောင်းကနေ အဲဒီလို အကြမ်းဖက်ပြီးတော့ လုပ်လာတာဖြစ်တယ်”

ချင်းအမျိုးသားတပ်ဦး(CNF) ပြောခွင့်ရ ဆလိုင်းထက်နီနဲ့ ဆက်သွယ်မေးမြန်းချက်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ ချင်းအမျိုးသားတပ်ဦး(CNF) ဌာနချုပ်ကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် CNFတပ်ဖွဲ့ဝင်တွေ သေဆုံးတာရှိသလို အဆောက်အဦးတချို့နဲ့ အရပ်သားပြည်သူတွေအတွက် ဖွင့်ထားတဲ့ ဆေးပေးခန်းတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါကြောင့် CNF ဌာနချုပ်ကို ဘာကြောင့် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ လာတာလဲ။…

“အာဏာသိမ်းတာခြင်းတူပေမယ့်လို့ ထိုင်းစစ်တပ်အပေါ်မှာတော့ နားလည်မှုရှိတယ်။ မြန်မာအပေါ်မှာတော့ နားလည်မှုမရှိဘူး ဆိုတာက သူတို့ဘယ်လိုပဲအကြောင်းပြပြ အမေရိကန်တို့ အနောက်အုပ်စုက လက်မခံဘူး”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ)နဲ့ ဆက်သွယ်မေးမြန်းချက်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ရှစ်ကြိမ်မြောက် မြန်မာ – ထိုင်းတပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊ ငပလီကမ်းခြေမှာ ဇန်နဝါရီ ၁၉ ရက်နေ့ကစပြီး ကျင်းပနေတာပါ။ အဲဒီအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ထိုင်းဘုရင့်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်တို့လည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သုံးရက်ကြာကျင်းပမယ့် ဒီအစည်း အဝေးမှာ ဘာတွေဆွေးနွေးလာနိုင်လဲ။…

“သူတို့ရဲ့အာဏာ ဆက်တည်မြဲဖို့လုပ်ဆောင်ခြင်းဟာ ပြည်သူလူထုအများစုရဲ့ဆန္ဒကို သွေဖယ်လုပ်ဆောင်ခြင်းသာဖြစ်တဲ့အတွက် အခုထက်ပိုပြီးပြည်သူတွေရဲ့ တုံ့ပြန်မှုကပြင်းထန်လာဖို့ပဲရှိပါတယ်”

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းနဲ့ ဆက်သွယ်မေးမြန်းချက်။ အာဏာသိမ်း စစ်ကောင်စီဟာ သူတို့ကျင်းပဖို့ ကြိုးပမ်းနေတဲ့ လာမယ့်ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေ စာရင်းတွေကို ပြီးခဲ့တဲ့ဇန်နဝါရီ ၉ ရက်နေ့ကစပြီး ဇန်နဝါရီ ၃၁ ရက်နေ့အထိ သုံးပတ်အကြာ တစ်အိမ်တက် ဆင်း လိုက်လံကောက်ယူနေတာ ဖြစ်ပါတယ်။ ဒါကြောင့်စစ်ကောင်စီရဲ့ မြေပြင်လူဦးရေစာရင်း ကောက်ယူမှု အပေါ် ဘယ်လိုမြင်ပါသလဲ။ လူဦးရေစာရင်း ကောက်…

“မြို့တွင်းဖြစ်စေ၊ ပူးတွဲထိန်းချုပ်တဲ့ နေရာဖြစ်စေ ကျွန်တော်တို့ ကရင်လူငယ်တွေ ဖမ်းဆီးခံရတာတွေ၊ မီးရှို့သွားတာတွေ၊ အသက်ပေးခဲ့တာတွေ ကျွန်တော်တို့ မြန်မာနိုင်ငံအနှံ့မှာ လှုပ်ရှားနေတဲ့ ကရင်လူငယ်တွေလည်း အဖမ်းဆီးခံနေရသလို တစ်ချို့သောအမျိုး သားရေးလုပ်ငန်းတွေမှာလည်း ကျွန်တော်တို့ ထဲထဲဝင်ဝင်လုပ်နိုင်ဖို့ရယ်၊ ပေါ်ပေါ်တင်တင်လုပ်နိုင်ဖို့ရယ်က ဒါကအခက်အခဲစိန်ခေါ်မှု တစ်ရပ်အနေနဲ့ကိုဖြစ်နေတယ်လို့ ကျွန်တော်မြင်တယ်”

ကရင်လူငယ်အစည်း အရုံး(KYO) တွဲဖက်အတွင်းရေးမှူး (၂) စောအယ်ထီးကော်နဲ့ ဆက်သွယ်မေးမြန်းချက်။ (၆) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံး(KYO) ကွန်ဂရက်ညီလာခံကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ရက်နေ့ကနေ ၈ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီကွန်ကရက်မှာ ရှေ့ဆက်ဆောင်ရွက်သွားမယ့် ရှေ့လုပ်ငန်းစဉ် (၂၁) ချက်ချမှတ်ခဲ့သလို ဗဟိုအလုပ်အမူဆောင်ကော်မတီ (၁၁) ဦးကိုလည်း မဲပေးရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့် ကရင်လူငယ်အစည်းအရုံး(KYO) ကွန်ဂရက်ညီလာခံမှာ…

“ကရင်နီတစ်ပြည်လုံးအတိုင်းအတာဆိုရင်တော့ ကျွန်တော်တို့က ၇၀၊၇၅ရာခိုင်နှုန်းကကျွန်တော်တို့ လက်ထဲမှာပဲရှိတယ်ပေါ့လေ။ ကျန်တဲ့ ၂၅ရာ ခိုင်နှုန်းက ရယူနိုင်ဖို့ရာအတွက်ကိုလည်း ကျွန်တော်တို့ နေ့စဉ်ကြိုးစားနေတဲ့အခြေအနေရှိပါတယ်”

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) အတွင်းရေးမှူး(၂) မာဝီနဲ့ဆက်သွယ်မေးမြန်းချက်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အခုအခါမှာတော့ လူထုထောက်ခံနဲ့အတူ တပ်အင်အား ပိုမိုကြီးထွားလာသလို ကယားပြည် နယ်ရဲ့ နေရာအများစုကိုလည်း ထိန်းချုပ်လာနိုင်ပြီးဖြစ်ပါတယ်။ ဒါကြောင့် ကရင်နီအမျိုး သားကာကွယ်ရေးတပ် (KNDF) ရဲ့ ရှေ့ဆက်ဆောင်ရွက်သွားမယ့် အစီအစဉ်တွေ၊ ၂၀၂၃ ခုနှစ်အတွင်း ဖော်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေ၊…

“အတိဒုက္ခရောက်နေတဲ့ ပြည်သူကလည်းသန်းချီရှိနေတဲ့ကာလမှာ ရွေး ကောက်ပွဲကို ဇွတ်လုပ်တယ်ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထား မဟုတ်တဲ့အတွက်ကြောင့်မို့လို့ ဘယ်စနစ်ကိုပဲ ကျင့်သုံးကျင့်သုံး လူထုအနေနဲ့ကတော့ အကောင်းမြင်နိုင်ဖွယ်ရာမရှိ ဘူး”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအထွေထွေအတွင်းရေးမှူး စိုင်းလိတ်နဲ့ ဆက်သွယ်မေးမြန်းချက်။ စစ်တပ် အာဏာသိမ်းထားတဲ့ ၂ နှစ်နီးပါးအတွင်း ကဏ္ဍပေါင်းစုံ ချွတ်ခြုံကျလာနေတဲ့ မြန်မာနိုင်ငံမှာ မဲဆန္ဒရှင် ပြည်သူတွေ စိတ်ရောကိုယ်ပါ အတိဒုက္ခရောက်နေတဲ့အခြေနေမှာ စစ်ကောင်စီက အခုနှစ်အတွင်းအချိုးကျ ကိုယ်စားပြု (PR) စနစ်ကို ကျင့်သုံးပြီး ရွေးကောက်ပွဲကျင်းပသွားဖို့ အသည်းအသန် ကြိုးပမ်းလာတာပါ။ ဒါကြောင့် စစ်ကောင်စီက ကျင်းပဖို့ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအပေါ်…