အင်တာဗျူး

“ထပ်လောင်းပြောချင်တာတော့ ဒီရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ချက်ချင်းပိတ်ပါ။ ချက်ချင်း ဆန်ရှင်ချပါ။ နိုင်ငံခြားဝင်ငွေကို မြန်မာပြည်က တရားဝင်ရအောင် လုပ်ပေးနေတဲ့ နိုင်ငံပိုင်စီးပွားရေးဘဏ်တွေကို ထည့်ပြီးတော့ ပိတ်ပစ်ဖို့လိုတယ်”

အမေရိကန်အပါအဝင် အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ နှစ်နှစ်ကျော်ကာလအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေအပါအဝင် ကူညီပံ့ပိုးပေးနေသူ လူပုဂ္ဂိုလ် ၈၀ ကျော်နဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ လုပ်ငန်းပေါင်း ၃၀ ကျော်ကို အကြိမ်ရေ ဆယ်ချီထက်မနည်း ဒဏ်ခတ် အရေးယူထားပါတယ်။ ဒါပေမဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ဒီကနေ့အချိန်ထိ စစ်ကောင်စီအပေါ် ထိရောက်တဲ့ သက်ရောက်မှုတွေ မရှိသေးသလို စစ်ကောင်စီ ဝင်ငွေရနေတဲ့…

“UGက ပြည်သူနားကပ်နေတာဖြစ်လို့ ဖေးမပါလို့၊ ကူညီပါစောင့်ရှောက်ပါ၊ UGတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပါ။ မြို့တွေမှာ UG မရှိရင် ပြည်သူကိုဖိနှိပ်ဖို့ အခွင့်အလမ်း ပိုများမယ်ဆိုတာလေးလည်း ပြောချင်ပါတယ်”

နိုင်ငံတဝန်းက မြို့ပြတွေမှာလှုပ်ရှားနေကြတဲ့ မြေအောက်တော်လှန်ရေးတပ်ဖွဲ့တွေဟာ နွေဦးတော်လှန်ရေးကာလ ၂ နှစ်အတွင်း ဖမ်းဆီးခံတာအပြင် အကူအညီရရှိမှု နည်းပါးလာတာကြောင့် ရပ်တည်ဖို့ ပိုမိုခက်ခဲလာ တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက တညီတညွတ်တည်း ပြောဆိုလာတာပါ။ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ထောက်ပံ့မှုမရတာကြောင့် အချိန်မီမပြောင်းရွှေ့နိုင်လို့ ဖမ်းဆီးခံခဲ့ရတဲ့အဖွဲ့တွေနဲ့ ထောက်ပံ့မှုမရရှိတာကြောင့် စစ်ဆင်ရေးတွေ မလုပ်နိုင်တော့သလို ဖျက်သိမ်းလိုက်ရတဲ့ အဖွဲ့တွေလည်း ရှိလာခဲ့ပါတယ်။ တချို့အဖွဲ့တွေက မြို့ပြကိုစွန့်ပြီး…

“အဓိက မြေပြင်မှာလိုအပ်နေတာ ရေပေါ့နော်။ တော်တော်များများနေရာတွေ ဆားငန်ရေဝင်သွားတော့ ဆားငန်ရေက ရေကန်တွေ ထဲဝင်သွားတော့ သုံးလို့မရတော့တာ။ အရေးကြီးဆုံးကရေပေါ့နော်။ ပြီးတော့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေလည်း လိုအပ်တာပေါ့”

မြန်မာနိုင်ငံကို မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ပတ်နီးပါးရှိလာတဲ့အထိ မုန်တိုင်းဒဏ်သင့်ဒေသတွေကို လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအဖွဲ့စည်းတွေဟာ စစ် ကောင်စီရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူအားလုံးအတွက် နှစ်ပတ်စာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ထောက်ပံ့ပေးဖို့ အသင့်ဖြစ်နေပေမယ့် ခွင့်ပြုချက်ရဖို့ ဆွေးနွေးနေရဆဲ…

“စစ်ကောင်စီဘက်က မုန်တိုင်းရဲ့သတိပေးချက်ဆိုတာ အားလုံးကိုသတိပေးတာရှိတယ်။ ဒါပေမယ့် ဒီရိုဟင်ဂျာ ဒုက္ခသည်တွေကို တခြားကုန်းမြေနေရာကို ရွေ့ပြောင်းတာမရှိခဲ့ဘူး။ မြို့ထဲကိုလည်း သွားလာခွင့်မရှိဘူး။ အဲဒါ ကြောင့် ဒီလူတွေက သေဆုံးတာ ဖြစ်တယ်”

ရခိုင်ပြည်နယ်မှာကျရောက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာအယောက် ၄၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင် စီကတော့ ရိုဟင်ဂျာသေဆုံးမှုဟာ ၁၀၀ ကျော်သာရှိပြီး သူတို့တွေဟာ အချိန်မီပြောင်းရွှေ့ တာတွေမလုပ်လို့ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ မိုခါမုန်တိုင်းမှာ ရိုဟင်ဂျာဘာကြောင့် အများ အပြား သေဆုံးခဲ့ရတာလဲ။ မုန်တိုင်းဒဏ်သင့် ရိုဟင်ဂျာလူမျိုးတွေ ခံစားနေရတဲ့ အခက်အခဲ၊ စစ်ကောင်စီရဲ့ ကူညီထောက်ပံ့မှုနဲ့ နိုင်ငံတကာကို…

“အခု ပညာရေးဥပဒေတွေ မူဝါဒတွေကို ပြဌာန်းတာက သူတို့ရဲ့ အာဏာရှင်စနစ်သက်ဆိုးရှည်ဖို့ သူတို့ကိုထောက်ခံမယ့်သူ တွေများလာဖို့၊ သူတို့ကိုကန့်ကွက်မယ့်သူတွေ စာသင်ကျောင်းတွေမှာမပေါ်လာဖို့အတွက် ရည်ရွယ်ချက်နှစ်ခုနဲ့ လုပ်တာလို့ မြင်ပါတယ်”

ပုဂ္ဂလိကကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်းအပါအဝင် ဆရာ၊ဆရာမ ခန့်အပ်တာကအစ ခွင့်ပြုချက် လျှောက်ထားရမယ်ဆိုတဲ့ ပုဂ္ဂလိကပညာရေးဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ ၁၂ ရက် နေ့ ရက်စွဲနဲ့ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ပါတယ်။ အခန်း ၁၆ ခန်း ပုဒ်မပေါင်း ၈၂ ခုပါဝင်တဲ့ အဲဒီဥပဒေထဲမှာတော့ စစ်ကောင်စီရဲ့ ကြီးကြပ်ရေးအဖွဲ့တွေဟာဆိုရင် ပုဂ္ဂလိကကျောင်းတွေရဲ့ စံချိန်စံညွှန်း သတ်မှတ်တာ၊ ကျောင်းဆရာ…

“အခု လက်ရှိအခြေအနေကတော့ သူတို့မုန်းဘက်တွေလည်း ထိုးစစ်ဆင်လာတွေ တွေ့တယ်။ ဒီရွှေကျင်ဘက်တွေမှာလည်း ပစ်ခတ်မှုတွေ လုပ်လာတာတွေလည်း တွေ့ရတယ်။ ကျောက်ကြီးမြို့နယ်ထဲမှာတော့ လမ်းဘေးတစ်လျှောက်ပေါ့နော် ထိုးစစ်ဆင်လာတာတွေ တွေ့တယ်”

KNU ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် တပ်မဟာ(၃) ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင် စီတပ်က နေ့စဉ် ရက်ဆက်ဆိုသလို လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ၊ ဖမ်းဆီးချုပ်နှောင်မှုတွေ၊ ရွာသားတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို အဓမ္မယူဆောင်မှုတွေကိုပြုလုပ်နေပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရ တဲ့ စစ်ဘေးရှောင်ဦးရေဟာလည်း (၂၀၀၀၀) ကျော်ရှိနေပါတယ်။ ဒါကြောင့်လတ်တလော စစ်ဘေးရှောင်တွေအတွက် လိုအပ်နေတဲ့အရေးပေါ်အကူအညီပေးမှုအခြေအနေ၊ စစ် ဘေးရှောင် တွေရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်ခဲတွေနဲ့၊ နယ်မြေထဲမှာ စစ်ကောင်စီရဲ့…

“ကယ်ဆယ်ရေးတွေက အများအားဖြင့် ဘုန်းကြီးကျောင်းတွေ၊ ရွာရဲ့စာသင်ကျောင်းတွေမှာ ထားတယ်။ ဒါပေမယ့် အဲဒီနေရာတွေကလည်း လုံခြုံလားဆို မလုံခြုံဘူး။ အမိုးတွေဘာတွေ ပွင့်သွားတာလည်းရှိတယ်။ ဒါပေမယ့် မလုံခြုံပေမယ့် လုံခြုံတဲ့နေရာက အဲဒီနေရာလေးက အကောင်းဆုံးဖြစ်နေတော့ အဲဒီလိုမျိုးနေရာတွေမှာပဲ ထားကြတာပေါ့ အခုထိတော့”

ရခိုင်ပြည်နယ်ဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က အလွန်အလွန့်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းမိုခါ ဝင် ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့သလို မြို့တော်စစ်တွေဟာလည်း ၉၀ ရာခိုင်နှုန်းနီးပါး ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်ပြည်သူတွေဟာ အမိုးအကာ၊ သန့်ရှင်းတဲ့ သောက် သုံးရေ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းအကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ရဲ့ ထိခိုက်ပျက်စီးမှုအခြေအနေ၊…

“အစားအသောက်တွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ မြေပြင်မှာတော့ဈေးနှုန်းတွေတအားကြီးနေတယ်။ နောက်ပြီးတော့ စစ်ဘေးရှောင်ပြည်သူတွေကလည်း ဝယ်မစားနိုင်ဘူး။ သူတို့မှာလည်း ဝင်ငွေမရှိ၊ အိမ်မရှိ၊ အိုးမရှိဒုက္ခရောက်နေတဲ့ အချိန်အ ခါမျိုးမှာ အဲဒါကိုသူတို့(စစ်ကောင်စီ)က အချိန်နဲ့တပြေးညီစနစ်တကျ ကူညီဖို့လိုတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်”

ရခိုင်ပြည်နယ်ဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့တဲ့ အဖျက်စွမ်းအားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါ ကြောင့် မြို့တော်စစ်တွေအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပါတယ်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) ကတော့ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအနောက် မြောက်ပိုင်း မုန်တိုင်းဖြတ်ကျော်သွားတဲ့ လမ်းကြောင်းမှာ နေထိုင်သူ လူဦးရေ ၅ ဒသမ ၄သန်းကျော်လောက် မုန်တိုင်းဒဏ်သင့်တယ်လို့ ခန့်မှန်းထားတာပါ။ ဒါကြောင့်လက်ရှိရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းသင့်ပြည်သူ တွေရဲ့ အခက်အခဲ၊ လိုအပ်နေတဲ့အကူအညီတွေ၊ စစ်ကောင်စီရဲ့အကူအညီပေးနေတယ်ဆိုတဲ့အပေါ်…

“ရှေ့တန်း(စစ်ကောင်စီ)တပ်သားတွေက အထူးသဖြင့် ဒေသခံရွာ သားတွေရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို လုယူခြိမ်းခြောက်တောင်း ယူတာတွေ အိမ်တွေကို မီးရှို့တာတွေ ရှိနေ တယ်။ တပ်မဟာ ၁၊ တပ်မဟာ၂၊ တပ်မဟာ၃၊ တပ်မဟာ၅၊ တပ်မဟာ ၆ဒေသတို့မှာ ဆက် ဖြစ်ပွားနေတုန်းပဲ”

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်တပ်အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး ဒီကနေ့အချိန်အထိ စစ်ကောင် စီတပ်နဲ့ BGF တပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တနေ့တခြား ပိုမိုတိုးမြင့် လုပ်ဆောင်လာတဲ့အတွက် ပြည်သူလူထု ၄ သိန်းကျော်ဟာ ကြောက်ရွံ့စွာနဲ့ အသက်ရှင်နေကြရပြီး အသက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU ဗဟိုက မေ ၁၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ဒါကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU…

“ ပြည်သူ့ထောက်ခံမှု၊ ဝန်းရံမှုအားအကောင်းဆုံးအချိန်၊ ရေချိန်အမြင့်ဆုံးလို့ ပြောလို့ရတဲ့ ကာလပေါ့။ ကျွန်တော်အမြင်တော့ မကြာတော့တဲ့ကာလမှာ တော်လှန်ရေးရဲ့ အောင်မြင်တဲ့အသီးအပွင့်ကို ခံစားရမယ်လို့ ယုံကြည်ပါတယ်”

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ဟာ စစ်တပ်အာဏာသိမ်းယူမှုအပြီး စတင်ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်ကြားကာ လ ပူးပေါင်းဆောင် ရွက်ရေးကော်မတီ (MSICC) ကနေ လက်ရှိ နိုင်ငံရေးအခြေအနေအရ ပြည်နယ်ဖက်ဒရယ်ယူနစ် အဖွဲ့အစည်းတစ်ရပ် လိုအပ်နေတဲ့ အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ပြောင်းလဲဖွဲ့စည်းဖို့ ဆုံးဖြတ် ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ…