“အခုချိန်မှာမှစစ်မီးက မွန်ပြည်နယ်ကို ရောက်လာမှ ရန်သူလာမှ မြှားချွန်တယ်ဆိုတာ ဒါကမဖြစ်နိုင်ပါဘူး။ ခုနက ကျွန်တော်ပြောသလို မွန်ပြည်သစ်အနေနဲ့ ဒီလိုမျိုး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဘယ်လိုအကာအကွယ် ပေးနိုင်မလဲ”
ဒေါက်တာ သီရိမွန်ချမ်းနဲ့ ဆက်သွယ်မေးမြန်းမှု အပိုင်း(၂) အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံတော်မတည်ငြိမ်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးပေါ်ကာလကို သြဂုတ် ၁ ရက်နေ့ကနေ ဇန်နဝါရီ ၃၁ ရက်နေ့အထိ နောက်ထပ် ၆ လ သက်တမ်းထပ်တိုးထားပါတယ်။ စစ်ကောင်စီရဲ့ သက်တမ်းထပ်တိုးမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စစ်ရေးအခြေအနေ၊ မွန်ဒေသအခြေစိုက် တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေးအရှိန်အဟုန်မြင့်တင်မှု၊ မွန်ပြည်သစ်ပါတီရဲ့ ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး…