အင်တာဗျူး

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်

“တီမောရဲ့ သံတမန်ဆိုင်ရာအခွင့်အရေးက ကာလတစ်ခုအထိတော့၊ စစ်ကောင်စီမဖျက်သိမ်းမီကာလတစ်ခုအထိ တော့ အာဆီယံအဖွဲ့ဝင်ရေးကို ဆိုင်းငံ့ထားရတဲ့ အခြေအနေတော့ ရင်ဆိုင်ရနိုင်တယ်” စစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့တဲ့ တီမောလက်စ်တေနိုင်ငံကို ပြင်းထန်စွာ ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့ရှိ အရှေ့တီမောသံရုံးက သံရုံးယာယီတာဝန်ခံကို စက်တင်ဘာ ၁ ရက်နေ့ မတိုင်မီ ထွက်ခွာဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားခဲ့တာပါ။ တီမောအစိုးရကတော့ စစ်ကောင်စီရဲ့…

ကရင်နီပြည်ရဲဌာန တာဝန်ခံ ကိုဘိုဘို နဲ့ ဆက်သွယ်မေးမြန်းချက်

“ကရင်နီပြည်ရဲဌာနအနေနဲ့ ရဲတပ်ဖွဲ့ဝင်အသစ်သင်တန်း အပတ်စဉ်(၂)ခုကိုလည်း ဖွင့်လှစ်နိုင်ခဲ့တယ်။ အဲဒီမှာ အမျိုးသမီးပါဝင်မှု ၃၅ရာခိုင်နှုန်းရှိတယ်” ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီရဲ့ ကြပ်မတ်လမ်းညွှန်မှုအရ ကရင်နီပြည်ရဲဌာနကို CDM ရဲတပ်ဖွဲ့ဝင် တွေနဲ့ စတင်ဖွဲ့စည်းခဲ့တာ အခုနှစ်သြဂုတ် ၂၅ ရက်နေ့မှာ ၂ နှစ်ပြည့်မြောက်သွားပြီဖြစ်ပါတယ်။ ၂နှစ်အတွင်း ကရင်နီပြည်နယ်မှာ ရဲစခန်း ၇ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး အမှု ၂၃၅ မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့…

ပညာရေးနဲ့ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်နဲ့ ဆက်သွယ်မေးမြန်းချက်

“ကျွန်တော်တို့မှာ အစိုးရနှစ်ခုရှိတယ်ဆိုရင်တောင်မှပဲ ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်အစိုးရကမှ (ရွှေ့ပြောင်း အလုပ်သမားအရေး) အကူအညီမပေးနိုင်ဘူးလို့ ကျွန်တော်တို့မြင်ရတယ်” မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာ၊ နိုင်ငံရေး မငြိမ်တည်မှုတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့အတွက် ထိုင်းနိုင်ငံထဲကို တရားဝင် အပြင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေ ဆက်ရှိနေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲ ရောက်သွား တဲ့ အလုပ် သမားတွေဟာ အလုပ်သမား…

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး(၂ ) ဦးအောင်ဆန်းမြင့် နဲ့ ဆက်သွယ်မေးမြန်းချက်

“ပြောချင်တာက NCAထိုးထားတဲ့၁၀ဖွဲ့ အခြေအနေကို ကြည့်ပါ။ ဒီနေ့သူတို့လည်း သဘာပေါက်လာပြီ။ NCA လမ်းကြောင်းနဲ့ တိုင်းပြည်ကို မတည်ဆောက်နိုင်ဘူးဆိုတာ သူတို့ရှင်းနေပြီ” နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။ နိုင်ငံတည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း…

ISP Myanmar ရဲ့ ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်း

“ထိုင်းမှာတော့ အစိုးရအသစ်ဖွဲ့ပြီးပေမယ့် တကယ်ပြောရရင် အဟောင်းပဲ။ အစိုးရအဟောင်းက လူတွေများတော့ လုံခြုံရေးပေါ်လစီတို့၊ နယ်စပ်ရေးရာကိစ္စတွေလည်း သိပ်ပြောင်းလဲမယ်လို့ မထင်ဘူးပေါ့” ထိုင်းလွှတ်တော် နှစ်ရပ်လုံးရဲ့ ထောက်ခံမဲကြောင့် ဖွေထိုင်းပါတီက အသက် ၆၀ အရွယ် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဆီရက်သာ သာဗီဆင်ဟာ ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ဖွေထိုင်းပါတီဟာ ရွေးကောက်ပွဲမှာ မဲအများဆုံးရရှိခဲ့တဲ့ Move…

(RCSS) ပြောခွင့်ရ ဒုဗိုလ်မှူးကြီး အုမ်ခေး နဲ့ ဆက်သွယ်မေးမြန်းချက်

”NCA ကပျက်ပြယ်သွားပြီလို့လည်း မပြောနိုင်သေးဘူး။ လက်နက်အင်အားနဲ့ အဖြေရှာတဲ့နည်းလမ်းကြောင့်မို့ ပိုမိုပြီးတော့ ပြည်တွင်းမီးတွေ တောက်လောင်နေတာ” တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဟာ သြဂုတ် ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ဗဟိုဌာနချုပ် လွယ်တိုင်လျဲန်မှာ ၆ လပတ် အစည်းအဝေးတစ်ရပ် ခေါ်ယူ ကျင်းပခဲ့တာပါ။ အဲဒီအစည်းအဝေးပြီးနောက် RCSS ရဲ့ ရပ်တည်ချက်အပါအဝင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာနဲ့…

“ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကောင်စီဗိုလ်တစ်ယောက်က ရွာသားတွေကိုခေါ်ပြီး PDF တွေကို ပြောပေးပါပေါ့။ သူတို့(စစ်သားတွေ)ကို လာမတိုက်ပါနဲ့ ဆိုတဲ့ဟာ သူတို့အစည်းအဝေးခေါ်ပြောတာရှိတယ်။ သူတို့မှာ အကြောက် တရားတွေ ရှိနေတယ်”

ပြည်သူ့ခုခံတွန်းလှန်စစ် အားကောင်းတဲ့ တနင်္သာရီတိုင်းထဲမှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအ တွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ မြို့တွေအနီးတဝိုက်အထိ ရောက်ရှိနေရာယူလာကြသလို စစ်ကောင်စီ တပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတာပါ။ ဒေသတွင်းသုတေသနအဖွဲ့အစည်းတစ်ခုရဲ့ အဆိုအရ တနင်္သာရီတိုင်းရှိ ဒေသအများအပြားမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးထားနိုင်ပြီး မကြာခဏ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးဗျူဟာ ပြောင်းလဲလာတယ်လို့ ထုတ်ပြန်ပါပါတယ်။ ဒါကြောင့် တနင်္သာရီတိုင်းအတွင်း နှစ်ဖက်စစ်ရေး အခြေအနေ၊ စစ်ကောင်စီတပ်ရဲ့…

“NCA ကပျက်ပြယ်တဲ့စာချုပ်မဟုတ်ပါဘူး။ လွှတ်တော်က အတည်ပြုပြီးသားဖြစ်တဲ့ တရားဝင်တဲ့ နိုင်ငံရေးစာတမ်းဖြစ်ပါတယ်။ ဒါပါတဲ့အဖွဲ့တစ်ခုခု၊ လူတစ်ယောက်က ပြောတာနဲ့ ပျက်တယ် ဘာညာမဟုတ်ပါဘူး။ နိုင်ငံရေးအရ အမြတ်ထုတ်ချင်လို့ နိုင်ငံရေးအရ အသုံးချလိုက်တဲ့သဘောပါပဲ”

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA အပေါ် နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO တွေ နဲ့ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေး တက်ရောက်ဆွေးနွေးနေတဲ့ EAO တွေကြား သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ NCA စာချုပ်ကို စစ်ကောင်စီက ချိုးဖောက်ခဲ့တဲ့အတွက်…

“(စစ်ကောင်စီ)က ဟိုအဖွဲ့ကိုခေါ်တွေ့လိုက်၊ ဒီအဖွဲ့ကိုခေါ်တွေ့လိုက်နဲ့ ဟိုနားမက်လုံးပေး၊ ဒီနားမက်လုံးပေးနဲ့ မရိုးနိုင်တဲ့ မဲပြာပုဆိုးဟောင်းကိုပဲ ဝတ်ပြနေတာ။ ကျွန်တော်တို့က ဒီလိုငြိမ်းချမ်းရေးဖော်ဆောင်မှုမျိုးကို ဘယ်လိုမှ လက်ခံလို့မရဘူး”

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်းပြီး နွေဦးတော်လှန်ရေး အတူတကွလက်တွဲ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဘုံရပ်တည်ချက် သဘောထား ပူးတွဲထုတ်ပြန်ချက်ကို သြဂုတ် ၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အဲဒီပူးတွဲကြေညာချက်ထဲမှာ နွေဦးတော်လှန်ရေးမှာ (Regime Change) အုပ်ချုပ်သူအပြောင်းအလဲမဟုတ်တဲ့ ခေတ်စနစ်အပြောင်းအလဲ (System Change) ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံးတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု…

“တို့ဘက်က လုပ်သင့်လုပ်ထိုက်ဟာတွေ NUG တို့၊ NUCC တို့၊ PDF,EAO တွေက ကိုယ့်လုပ်ရမယ့် စစ်အာဏာရှင် အမြစ်ဖြုတ်နိုင်သမျှ ကာလပတ်လုံး ဘယ်တော့မှ ဒီတရားစီရင်ရေးက ကောင်းလာနိုင်စရာမရှိဘူး”

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို စစ်တပ်ကလုံးလုံးလျားလျား ချုပ်ကိုင်ထားပြီး နိုင်ငံရေးအကျဉ်းသားတွေ အပေါ် တရားမျှတမှုမရှိတဲ့ တရားစီရင်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဩဂုတ် ၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါ တယ်။ AAPP က ထုတ်ပြန်တဲ့ “မင်းမဲ့တိုင်းပြည်” အစီရင်ခံစာမှာတော့ အကျဉ်းထောင်တွင်း အရပ်ဘက်အထူး တရားရုံးတွေမှာတော့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို…