အင်တာဗျူး

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်း နဲ့ ဆက်သွယ်မေးမြန်းချက်

“အခုက ရဲအလုပ်လည်း တပ်(စကစ)ကဝင်ရှုပ်တယ်။ ဌာနဆိုင်ရာအလုပ်လည်း တပ်ကဝင်ရှုပ်တယ်။ ပါလေရာ လုပ်နေတယ်။ ဘာလုပ်ငန်းမှမတတ်၊ ဘာမှမသိဘူး။ တပ်မှာမတော်တဲ့သူတွေ တခြားဌာနဆိုင်ရာတွေကို ပို့တော့ အကုန်လုံးပျက်ကုန်တာပေါ့” အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်နေရတဲ့ မြေပြင် တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တပ်အင်အားပြုန်းတီးလာတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေကိုပါ အစားထိုးအသုံးပြုလာတယ်လို့ ရဲအသိုင်းအဝိုင်းက ထုတ်ဖော်ပြောဆိုတာတွေ ရှိလာတာပါ။ စစ်ကောင်စီတပ်ဟာ မြေပြင်တိုက်ပွဲတွေအတွက် စစ်သားတွေနဲ့အတူ ရဲတပ်ဖွဲ့ဝင်တွေကို ရှေ့တန်းပို့တာ၊…

တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ) တာဝန်ခံကိုစတားနဲ့ ဆက်သွယ်မေးမြန်းချက်

“သူတို့(စကစ) စစ်ကြောင်းထိုးလာရင် PDF အယောင်ဆောင်ပြီး ယူနီဖောင်းတွေဘာတွေနဲ့ ပုံမှားရိုက်ပြီးလာ တာကိုလည်း တွေ့လာရတာပေါ့။ သူတို့ဘက်က အရင်ကထက်စာရင် စစ်ဆင်ရေးလုပ်တာတွေ အပြောင်းအလဲ ဖြစ်လာတယ်။ ပြောက်ကျားပုံစံပိုပြီး ဖမ်းလာတာ တွေ့ရတယ်” တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့စက်တင်ဘာနောက်ဆုံးအပတ်ကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်ပွားလာသလို နှစ်ဖက်ထိခိုက်ကျဆုံးတာတွေလည်း ပိုမိုများလာတာပါ။ တိုက်ပွဲတွေအတွင်း PDF စခန်းတချို့ သိမ်းဆည်းခံရတာတွေရှိသလို စစ်ကောင်စီတပ်ကလည်း စစ်ရေးဗျူဟာ ပြောင်းလဲတိုက်ခိုက်တာတွေ…

(ABSDF) ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင် နဲ့ ဆက်သွယ်မေးမြန်းချက်

“NCA နှစ်ပတ်လည်ဖိတ်ကြားမှုက ငြိမ်းချမ်းရေးလုပ်တာမှ မဟုတ်ပဲ။ တကယ့်ငြိမ်းချမ်းရေးကို လုပ်ချင်ရင် သူ့တပ် တွေကိုရုပ်ပါ။ ဒီနေ့အဖမ်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသားအားလုံးကို လွှတ်ပါ။ အပြုသဘောဆောင်တဲ့ အလုပ်တွေလုပ်ပါ” အာဏသိမ်း စစ်ခေါင်းဆောင်က အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ရဲ့ ၈ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ EAO…

အပစ်ရပ်အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့် နဲ့ ဆက်သွယ်မေးမြန်းချက်

“လောလောဆယ်ကတော့ NCA အကောင်အထည်ဖော်မှုတွေကတော့ ကျွန်တော်တို့မလုပ်နိုင်ဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဆိုရင် ကျွန်တော်တို့ NCA လမ်းကြောင်းမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေလည်း ရပ်တန့်သွားတယ်” နိုင်ငံအနှံ့နီးပါး စစ်မျက်နှာဖွင့်ပြီး ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို အကြီးအကျယ်ကျင်းပဖို့ စီစဉ်နေပါတယ်။ အခမ်းအနားကျင်းပနိုင်ဖို့ စစ်ကောင်စီ ငြိမ်းချမ်း…

ထမင်းတစ်နပ် ၁၅ ဘတ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆရာကျောင်း (မြင်းခြံ)နဲ့ဆက်သွယ်မေးမြန်းချက်

“တာဝန်ရှိပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေ၊အသင်းအပင်းတွေက တာဝန်မဲ့တယ်လို့ ခံစားနေရတဲ့အတွက် ကျွန်တော်တို့ ကတာဝန်သိတဲ့အတွက် (ထမင်းတစ်နပ် ၁၅ဘတ်အစီအစဉ်)ကို တစ်ပိုင်တစ်နိုင် စတင် ဆောင်ရွက်တာပါ” အာဏာသိမ်း စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထွက်ပြေးခိုလှုံနေရတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ထမင်းတစ်နပ် ၁၅ ဘတ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ထမင်းတစ်နပ် ၁၅ ဘတ် အစီအစဉ်…

နဂါးနီးစစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူးလည်းဖြစ်တဲ့ CDM ဒုဗိုလ်ဟိန်းထက်ဇော်(ခ)ကိုဟိန်း နဲ့ ဆက်သွယ်မေးမြန်းချက်

“တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့်မို့လို မိုးတွင်းမို့လို့ ၊ ဆောင်းတွင်းမို့လို့ နားလို့မရဘူး။ ဒရုန်းမစ်ရှင်အဖွဲ့ တွေနဲ့ ပေါင်းပြီး မိုးတွင်းလည်း ကျွန်တော်တို့ စစ်ဆင်ရေးမနားပါဘူး။ ပွဲကတော့ သိပ်မကြာဘူး အမြဲကနေတာပဲ” အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊တောင်ပိုင်းတိုင်းစစ်ဒေသရဲ့ နဂါးနီစစ်ကြောင်းဟာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အဓိက စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။ နဂါးနီစစ်ကြောင်းဟာ အာဏာသိမ်းကာလအတွင်း ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA နဲ့…

သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့မှ ကိုစောအယ်မူး နဲ့ ဆက်သွယ်မေးမြန်းချက်

“အခုလာမယ့် အာဏာသိမ်းရက်တစ်ထောင်ပြည့်မှာ စင်ကာပူအစိုးရကို ပြည်သူတစ်သိန်းရဲ့လက်မှတ်တွေနဲ့ အိတ်ဖွင့်ပေးစာပေးပို့သွားမှာပါ” သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ဟာ အာဏာသိမ်းစစ်တပ်ကို တတိယအများဆုံးလက်နက်ရောင်းချပေး နေတဲ့ စင်ကာပူနိုင်ငံထံ လက်နက်ရောင်းချပေးတာတွေ ရပ်တန့်ပေးဖို့ ၊ ဘဏ္ဍာရေးအရပိတ်ဆို့အရေးယူတွေ လုပ်ဆောင်ပေးဖို့ အပါအဝင် အချက် ၃ ချက် တောင်းဆိုဖို့အတွက် ပြည်သူတစ်သိန်းရဲ့ လိုက်လံကောက်ယူနေ တာပါ။ စစ်ကောင်စီကို ပိတ်ဆို့အရေးယူနိုင်ဖို့ လက်မှတ်စုဆောင်းမှု အခြေအနေ၊ စင်ကာပူအစိုးရရဲ့ တုံ့ပြန်မှု၊ သွေးစွန်းငွေဖြတ်တောက်ရေး…

ဝါရင့်တရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်

“အခုချိန်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နောက်ဆုံးအခြေအနေရောက်နေပြီ။ ကမ္ဘာမီးလောင်၊ သားတောင်ချနင်း၊ အဲဒီလို ကိုယ့်တပ်ကိုယ်ပြန်နင်းရတဲ့ ဘဝရောက်သွားပြီ” စစ်ခေါင်းဆောင်ယုံကြည်စိတ်ချရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအပါအဝင် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ရန်နောင်စိုး၊ စီးပွားကူးသန်းဒုဝန်ကြီး ဦးညွန့်အောင်တို့ကို အဂတိလိုက်စားမှု၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုတို့နဲ့ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးစစ်ဆေးနေတာပါ။ စစ်တပ်အကြီးပိုင်းတွေရဲ့ အဂတိလိုက်စား မှုတွေကို ဘယ်လိုပုံစံတွေနဲ့ အရေးယူသွားမလဲဆိုတဲ့အပေါ် ပြည်သူထုအတွင်း စိတ်ဝင်စားမှုတွေ မြင့်တက်နေသလို တပ်တွင်းပြိုကွဲမှု…

ညီညွတ်သောဒီမိုကရက်တစ်မျိုးဆက်များအဖွဲ့မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမြတ်ကျော် နဲ့ ဆက်သွယ်မေးမြန်းချက်

“စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ လုပ်အားခငွေကို ခေါင်းပုံဖြတ်ဂုတ်သွေးစုပ်တယ်လို့ တည့်တည့်ပဲမြင်တယ်” ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ မိသားစုထံပေးပို့တဲ့ လုပ်ခလ စာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်စနစ်ကနေ မဖြစ်မနေ လွှဲပြောင်းရမယ်လို့ စစ်ကောင်စီ အလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားလာပါတယ်။ စစ်ကောင်စီဩဇာခံ အလုပ်သမားဝန်ကြီးဌာနရဲ့ ညွှန်ကြားစာအရ ပြည် ပထွက် အလုပ်လုပ်သူတွေအနေနဲ့ သူတိုရဲ့ လစာ ၂၅…

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းနဲ့ ဆက်သွယ်မေးမြန်းချက်

“စစ်ကောင်စီက နိုင်ငံရေးကိုတော့ စစ်ရေးနဲ့ဖြေရှင်းနေပြီး တဖက်လှည့်နဲ့ လူထုကိုတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ကျန်းမာရေး လုပ်ငန်းတွေ၊ ပညာရေးလုပ်ငန်းတွေနဲ့ သွားပြီးချွေးသိပ်နေတာ” စစ်ကောင်စီရဲ့ အရပ်ဘက်ကောင်စီဝင်တွေဟာ စက်တင်ဘာ ဒုတိယပတ်ကစပြီး ဒီကနေ့အထိ နေ့စဉ်ရက်ဆက်ဆိုသလို တိုင်းရင်းသားပြည်နယ်မှာရှိတဲ့ ဒေသခံပြည်သူလူထုကြား စည်းရုံးရေးခရီးစဉ်တွေ ဆက်တိုက် သွားလာနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ပြည်နယ် ၇ ခုရှိ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မြို့မိ မြို့ဖတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊…