သတင်း

အရပ်သားတွေ အစုအပြုံလိုက်သေဆုံးရမှု အကြိမ် ၈၀ ထက်မနည်းရှိလာ

ဒီပဲယင်း၊ မေ ၁၅ အာဏာသိမ်းမှုလေးနှစ်ကျော်အတွင်း အရပ်သား ၁၀ ဦးနဲ့အထက် အစုအပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ကြိမ်ရေ ၈၀ ထက်မနည်းရှိလာပြီး အရပ်သား ၁၆၀၀ နီးပါးသေဆုံးခဲ့ရတယ်လို့ ISP-Myanmar က မေ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အစုအပြုံလိုက်သေဆုံးခဲ့မှုတွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာ၊ စစ်ကြောင်းဝင်ချိန် မီးရှို့သတ်ဖြတ်တာ၊လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ သတ်ဖြတ်ခြင်းတို့ ပါဝင်ပါတယ်။…

မွန်ပြည်နယ် ရေးဒေသမှာ စစ်ကောင်စီ တပ်အင်အား ဆက်တိုက်ဖြည့်တင်းနေ

ရေး၊ မေ ၁၅ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ မွန်ပြည်နယ် ရေးဒေသမှာ စစ်ကောင်စီဘက်က ရေလမ်းကြောင်းကနေတဆင့် တပ်အင်အား ဆက်တိုက်ဖြည့်တင်းလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဧပြီလကစလို့ ရေးမြို့နယ်ထဲကို တစ်လလျှင် သုံးကြိမ်လောက် ရေ လမ်းကြောင်းကတဆင့် အခြေစိုက်တပ်ရင်းတွေထံ တပ်အင်အားတွေ ဆက်တိုက်ဖြည့်တင်းနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ တပ်သားအင်အားဖြည့်တင်းတာ၊ လက်နက်ခဲယမ်းရိက္ခာတွေ ပို့ဆောင်ရာမှာ ဇီးဖြူသောင်ကျေးရွာရှိ ပန်ဒါဆိပ်ကမ်းကို…

ဆီးရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးမယ်လို့ ထရန့် ပြော

ဒမတ်စကတ် မေ ၁၄ ဆီးရီးယား ခေါင်းဆောင် အာမက် အယ်လ်ရှာရာအာနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဆီးရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်ရုတ်သိမ်းပေးတော့မယ်လို့ ပြောလိုက်ပါတယ်။ အရှေ့အလယ်ပိုင်း ခရီးစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ ဆော်ဒီအာရေးဗီးယားသို့ ရောက်ရှိချိန် သမ္မတ ထရန့်က ဆီးရီးယား ယာယီသမ္မတနဲ့ တွေ့ဆုံဖို့ သဘောတူထားတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။…

ဂါဇာသို့ အင်အားအပြည့်နဲ့ ဝင်ရောက်တော့မယ်လို့ အစ္စရေးဝန်ကြီးချုပ် ပြော

ဂျေရုစလင်၊ မေ ၁၄ လာမယ့် ရက်ပိုင်းအတွင်း ဂါဇာကမ်းမြောင်ဒေသသို့ မိမိတို့ စစ်တပ် အင်အားအပြည့်နဲ့ ဝင်ရောက်မှာ ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားကြောင်း ဝန်ကြီးချုပ်ရုံးရဲ့ မေ ၁၃ ရက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဂါဇာမြောက်ပိုင်းဒေသတွေမှာရှိတဲ့ လူအများ ဘေးကင်းရာသို့ ပြောင်းရွှေ့ရေး အစ္စရေးစစ်တပ်က မေ ၁၄ ရက်…

အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ထပ်တိုးလာ

ဒီပဲယင်း မေ ၁၄ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုမှာ ကျောင်းသူ/ကျောင်းသား နှစ်ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့မှာ မနက်ပိုင်း ထုတ်ပြန်ပါတယ်။ ထပ်မံသေဆုံးသွားတဲ့ ကလေးငယ် နှစ်ဦးမှာ အသက် ၈ နှစ်အရွယ် Grade 2 ကျောင်းသား မောင်အောင်ဇေယျ၊ အသက် ၁၁ နှစ်အရွယ် Grade…

TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကောင်စီတပ် ဆက်တိုက်ဗုံးကြဲနေ

နောင်ချို၊ မေ ၁၄ အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲမှုတွေ လုပ်ဆောင်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့ မေ ၁၃ ရက်နေ့ ည ၉ နာရီခွဲအချိန်လောက်မှာ နောင်ချိုမြို့နယ် နယ်မြေ ၁၀ ဈေးရပ်ကွက်ကို ပေါင် ၅၀၀ ဗုံး…

ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကြီး တိုက်ခိုက်သိမ်းပိုက်ခံရ

လှိုင်းဘွဲ၊ မေ ၁၄ ထိုင်း-မြန်မာနယ်စပ်အနီး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် တာလယ်ကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ဗျူဟာစခန်းကြီးကို K ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ ထိုင်း-မြန်မာနယ်စပ်အနီး တာလယ်ကျေးရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်းကို လေကြောင်းပစ်ခတ်မှုတွေ ကြားထဲကနေ…

စစ်အာဏာသိမ်း (၁၅၆၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၆၆၂) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၁၃ AAPP ရဲ့ မေ ၁၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၆၃) ရက်အတွင်း ပြည်သူ (၆၆၆၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၄၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၉၆၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

အရပ်သားပစ်မှတ်တွေကို တွင်ကျယ်စွာ တိုက်ခိုက်တဲ့ စစ်နည်းဗျူဟာ စစ်ကောင်စီအသုံးပြုလာ

ဒီပဲယင်း ၊ မေ ၁၄ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို မြေပြင်တိုက်ပွဲတွေမှာ အ‌ရေးနိမ့်လာနေတဲ့ စစ်ကောင်စီက အားသာချက်ဖြစ်တဲ့ လေကြောင်းကနေ အရပ်သားပစ်မှတ်ကို တွင်ကျယ်စွာ တိုက်ခိုက်တဲ့ စစ်နည်း ဗျူဟာကို အသုံးပြုလာနေပါတယ်။ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုအတွင်း စွန့်လွှတ်နယ်မြေတွေအပါအဝင် တပ်စခန်းတွေ တပ်အင်အားနဲ့ လက်နက်ခဲယမ်းများစွာ ပြုန်းတီးခဲ့တဲ့အတွက် အရပ်သားတွေကို ဖိအားပေးတဲ့ စစ်နည်း ဗျူဟာနဲ့ လုပ်ဆောင်နေတာလို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။…

သထုံမြို့ပေါ်မှာ လူငယ်တွေ ညပိုင်းပေါ်တာဆွဲခံနေရ

သထုံ၊ မေ ၁၄ မွန်ပြည်နယ် သထုံမြို့ပေါ် ရပ်ကွက်တွေမှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက စစ်မှုထမ်းအတွက် လူငယ်တွေကို ညပိုင်းပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ပြုလုပ်လာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်မှုထမ်းသင်တန်းအတွက် တပ်သားလိုအပ်ချက် ရှိနေတဲ့ စစ်ကောင်စီဟာ မေလပထမအပတ်ကစလို့ သထုံမြို့ပေါ်မှာ လူငယ်တွေကို ညပိုင်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာတာပါ။ သထုံမြို့ခံတွေရဲ့ ပြောပြချက်အရ အခုလအတွင်း လူငယ်…