သတင်း

ထားဝယ်အရှေ့တောဒေသမှာ စစ်ကြောင်းဝင်လာလို့ ဒေသခံ ၃၀၀၀ ကျော် စစ်ရှောင်နေရ

ထားဝယ်၊ မေ ၁ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသ ခံတွေထံက သိရပါတယ်။ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီ ၂၉ ရက်နေ့ကစလို့ ထားဝယ်မြို့ကနေ ထားဝယ်အရှေ့တောဒေသဖြစ်တဲ့ ထီးခီးဒေသဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။…

မြန်မာ့ငြိမ်းချမ်းရေး မလေးရှားရဲ့တွန်းအားပေးမှုကို စင်ကာပူနဲ့ ကမ္ဘောဒီးယား ထောက်ခံ

ကွာလာလမ်ပူ ဧပြီ ၃၀ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး လုပ်သားတွေ ဘေးအန္တရာယ် ကင်းစေဖို့နဲ့ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးရေး သက်ဆိုင်ရာ အစုအဖွဲ့ အားလုံးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်ဖို့ အာဆီယံဥက္ကဋ္ဌ မလေးရှားရဲ့ ကြိုးပမ်းမှုကို ထောက်ခံကြောင်း ကမ္ဘောဒီးယားနဲ့ စင်ကာပူက ပြောကြားလိုက်ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ စင်ကာပူဝန်ကြီးချုပ် လောရင့်စ် ဝေါင်တို့ကို…

ယီမင်မှာ အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်

ဝါရှင်တန်၊ ဧပြီ ၃၀ ယီမင်နိုင်ငံမှာ ဧပြီ ၂၉ ရက်က အမေရိကန်နဲ့ ဗြိတိန်တပ်တွေ ပူးပေါင်းပြီး စစ်ဆင်ရေး ပြုလုပ်ခဲ့ကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ဒရုန်းတွေလို လက်နက်မျိုးတွေ ထုတ်လုပ်နေတဲ့ ဟူသီအဖွဲ့ရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ယီမင်မှာ…

စစ်အာဏာသိမ်း (၁၅၄၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၅၇၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၃၀ AAPP ရဲ့ ဧပြီ ၂၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၄၉) ရက်အတွင်း ပြည်သူ (၆၅၇၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၀၈၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၉၀၃ ) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

သရက်ချောင်းမှာ စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

သရက်ချောင်း၊ ဧပြီ ၃၀ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကျောက်ခမောက်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်မှာ မြိတ်လေတပ်စခန်းက တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးဟာ ကျောက်ခမောက်၊ ချောက်ချောင်းကျေးရွာအပါအဝင်…

ကော့ကရိတ်မှာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ကော့ကရိတ်၊ ဧပြီ ၃၀ ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကျုံဒိုးမြို့ဘက်ကို စစ်ကူအင်အားတွေ ထပ်မံပို့ဆောင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၂၉ ရက်နေ့ မနက်အစောပိုင်းကစလို့ စစ်ကောင်စီတပ်စွဲထားတဲ့ ကော့ကရိတ်မြို့နားက ရွှေကြက်မင်းဘုန်းကြီးကျောင်း နေရာတဝိုက်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့…

ပဲခူး-မွန်အစပ်တိုက်ပွဲကြောင့် သိမ်ဇရပ်မြို့ကို ဒေသခံထောင်နဲ့ချီစစ်ရှောင်

သိမ်ဇရပ် ၊ ဧပြီ ၃၀ ပဲခူးတိုင်းနဲ့မွန်ပြည်နယ်အစပ်ဖြစ်တဲ့ ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် သိမ်ဇရပ်မြို့ထံ ဒေသခံထောင်နဲ့ချီ တိမ်းရှောင်လာကြတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ကစလို့ ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာထဲမှာ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း လက်နက် ကြီးနဲ့…

မြန်မာကို အကူအညီ ဆက်လက်ပေးဖို့ မလေးရှားနဲ့ဗီယက်နမ် ကတိပြု

ကွာလာလမ်ပူ ဧပြီ ၂၉ မြန်မာနိုင်ငံရှိ ပြည်သူတွေရဲ့ ကောင်းကျိုးအတွက် ပြည်သူ အားလုံးကို အကန့်အသတ်မရှိ လူသားချင်း စာနာထောက်ထားရေး အကူအညီ ဆက်လက် ပေးဆောင်ရေး မလေးရှားနဲ့ ဗီယက်နမ်တို့ တစ်ညီတစ်ညွတ်တည်း သဘောတူလိုက်ပါတယ်။ ဧပြီ ၂၈ ရက်က ဖနွမ်းပင်မြို့မှာ ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးမှုအတွင်း အခုလို သဘောတူခဲ့တာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်က…

ရုရှားမှာ မြောက်ကိုရီးယားစစ်သား ချထားမှု အဆုံးသတ်ရမယ်လို့ အမေရိကန် ပြော

ဝါရှင်တန်၊ ဧပြီ ၂၉ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားဘက်က ကူတိုက်ပေးဖို့ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင်တွေ စေလွှတ်နေမှု အဆုံးသတ်ရေး အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။ ယူကရိန်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကာ့စ်ဒေသကို ပြန်လည် သိမ်းယူရမှာ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်ကို ရုရှား စစ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးက လူသိရှင်ကြား ချီးကျူးခဲ့ပါတယ်။ ရုရှားတပ်တွေနဲ့အတူ တိုက်ပွဲဝင်နေတဲ့ မြောက်ကိုရီးယား စစ်သားတွေဟာ…

ဘုတ်ပြင်းမှာ စစ်တပ်ဒရုန်းဗုံးကြဲမှုကြောင့် ကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရ

ဘုတ်ပြင်း၊ ဧပြီ ၂၉ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင် စီရဲ့ ဒရုန်းဗုံးကြဲချ တိုက်ခိုက်မှုကြောင့် ဆယ်တန်းကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ လေညာတပ်နယ်ဘက်ကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်အတွင်းရှိ နေရာငါးခုကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာပါ။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်ကြီးမဏ္ဍိုင်လမ်းဆုံအနီးရှိ…