သတင်း

အမေရိကန် စီးပွားရေး ကျဆင်းမှု ထရန့်က ဘိုင်ဒန်ကို အပြစ်တင်

ဝါရှင်တန်၊ မေ ၁ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အခွန်ကောက်မယ့် အစီအစဉ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ကုန်တင်သွင်းမှု မြင့်တက်မှုနဲ့အတူ အမေရိကန် စီးပွားရေးဟာ ပထမသုံးလပတ်ကာလအတွင်း မမျှော်လင့်ဘဲ ကျဆင်းခဲ့ရပါတယ်။ အခုလ စောစောပိုင်းက အသက်ဝင်ခဲ့တဲ့ အခွန်ကောက်ခံမှုတွေ မတိုင်ခင် စီးပွားရေးလုပ်ငန်းတွေနဲ့ စားသုံးသူတွေက နိုင်ငံခြားကုန်ပစ္စည်းတွေ ပိုမို ဝယ်ယူခဲ့ကြတာကြောင့် အခုလို သုံးလပတ်ကာလ စီးပွားရေး ကျဆင်းမှုနဲ့ ရင်ဆိုင်ရတာ…

ဥရောပလွှတ်တော် အဖွဲ့ဝင်တွေကို အရေးယူပိတ်ဆို့ထားမှု တရုတ် ရုပ်သိမ်းမယ်

ဘရပ်ဆဲလ်၊ မေ ၁ ဥရောပလွှတ်တော် အဖွဲ့ဝင်တွေအပြင် လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ဥရောပ ဆပ်ကော်မတီအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းဖို့ တရုတ်က ဆုံးဖြတ်လိုက်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ရိုဘက်တာ မတ်ဆိုလာက ဧပြီ ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။ တရုတ်က အမေရိကန်သို့ကုန်တင်ပို့မှု အများစုအပေါ် ချမှတ်ထားတဲ့ ဝါရှင်တန်ရဲ့ အခွန်အတုပ်တွေကြောင့် ထိခိုက်မှုကို လျှော့ချရေး ဥရောပနဲ့ စီးပွားရေး၊…

တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀ နီးပါး သေဆုံး

ဘုတလင်၊ မေ ၁ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ဧပြီလ တစ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အ ရပ်သားပြည်သူ ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မေ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဧပြီ ၁ ရက်နေ့ကနေ ဧပြီ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်ကြောင့်…

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းက သက္ကောစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

သံဖြူဇရပ်၊ မေ ၁ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် သက္ကောကျေးရွာ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းဆုံရှိ သက္တောစစ် ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ ရာမညစစ်ကြောင်းက မေ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အင်အား ၂၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီရဲ့ သက္ကောစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့မှာ ရာမညပူးပေါင်းစစ်ကြောင်းက သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။…

သရက်ချောင်း ပေါက်တိုင်းဂိတ်မှာ ဆန်နဲ့ အခြေခံစားသောက်ကုန် သယ်ယူခွင့်ပိတ်ပင်ခံရ

သရက်ချောင်း၊ မေ ၁ တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်နဲ့ ထားဝယ်မြို့နယ်ကြားရှိ ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်မှာ ဆန်နဲ့အခြေခံစားသောက်ကုန်တွေကို စစ်ကောင်စီတပ်သားတွေက သယ်ယူခွင့်မပေးဘဲ သိမ်းယူလိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး သရက်ချောင်းမြို့နယ်ရှိ ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်မှာ ကုန်စုံ ဆိုင်နဲ့ ဆန်ဆိုင်ပိုင်ရှင်တွေ သယ်ဆောင်လာတဲ့ ဆန်နဲ့ ဆီတွေကို စစ်ကောင်စီတပ်က မတရားသိမ်း ယူလိုက်တာပါ။…

စစ်အာဏာသိမ်း (၁၅၅၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၅၈၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၃၀ AAPP ရဲ့ မေ၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၅၅၀) ရက်အတွင်း ပြည်သူ (၆၅၈၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၀၉၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၉၀၇ ) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်ကောင်စီက လူငယ်တွေကို စစ်ရေးဗျူဟာအဖြစ်ကျင့်သုံးပြီး စစ်ထဲတွန်းပို့နေ

မော်လမြိုင် ၊ မေ ၁ အရွယ်အရောက်ပြီးသူ လူငယ်တွေကို စစ်ရေးဗျူဟာတစ်ရပ်အနေနဲ့ ကျင့်သုံးပြီး စစ်ကောင်စီက စစ်မှုထမ်းစေခိုင်းနေတာဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ သုံးသပ်နေကြပါတယ်။ တနေ့တခြား စစ်သည်အင်အား လျော့နည်းလာမှုနဲ့ ဘက်ပြောင်းလက်နက်ချမှုတွေ အဆမတန် များပြားလာမှုကို အစားထိုးဖြေရှင်းနိုင်ဖို့ စစ်ကောင်စီဟာ အမည်ခံ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဗျူဟာတရပ်အနေနဲ့ ကျင့်သုံးနေတယ်လို့ NUG က ဆိုပါတယ်။ ဧပြီ…

သထုံခရိုင်မှာ ဧပြီလအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေယာဉ်တွေနဲ့ နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့

သထုံ ၊ မေ ၁ မွန်ပြည်နယ် သထုံခရိုင်မှာ ဧပြီတစ်လအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး အပါအဝင် လေယာဉ်တွေနဲ့ပါ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ရေးအရင်းအမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပဲခူးတိုင်း ဝေါမြို့နယ် လက်ပန်ရွာအခြေစိုက် စစ်ကောင်စီလက်အောက်ခံတပ် အမှတ် ၃၁၀ အ မြောက်တပ်ဟာ သထုံခရိုင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာ…

KNU မုန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားလေးဦးသေဆုံး

မုန်း၊ မေ ၁ စစ်ကောင်စီဘက်က အပစ်ခတ်ရပ်စဲကြောင်းကြေညာထားပေမယ့် ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေဖြစ်တဲ့ မုန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား လေးဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဧပြီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဧပြီ ၂၈ ရက်နေ့က တိုက်ပွဲမရှိဘဲ KNU မုန်းမြို့နယ်ရဲ့ ကျေးရွာ ၁၁ ရွာကို…

ထားဝယ်အရှေ့တောဒေသမှာ စစ်ကြောင်းဝင်လာလို့ ဒေသခံ ၃၀၀၀ ကျော် စစ်ရှောင်နေရ

ထားဝယ်၊ မေ ၁ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသ ခံတွေထံက သိရပါတယ်။ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီ ၂၉ ရက်နေ့ကစလို့ ထားဝယ်မြို့ကနေ ထားဝယ်အရှေ့တောဒေသဖြစ်တဲ့ ထီးခီးဒေသဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။…