သတင်း

နိုင်ငံ့ ဘက်ဂျက် ဒေါ်လာ ၁၆၃ ဘီလီယံ လျှော့ချဖို့ အမေရိကန်သမ္မတ ထရန့် အဆိုပြု

ဝါရှင်တန်၊ မေ ၃ ကာကွယ်ရေးနဲ့ နယ်စပ် လုံခြုံရေးအတွက် ငွေပိုသုံးပြီး လာမယ့်နှစ်မှာ ပညာရေး၊ အိမ်ခြံမြေနဲ့ ဆေးဝါးသုတေသနတို့အတွက် အသုံးစရိတ် သိသိသာသာလျှော့ချသွားမယ့် ဖက်ဒရယ်ဘက်ဂျက်ကို ကန်ဒေါ်လာ ၁၆၃ ဘီလီယံအထိ လျှော့ချဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရက မေ ၂ ရက်မှာ အဆိုပြုလိုက်ပါတယ်။ သမ္မတ ထရန့်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နှင်းနေချိန်…

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ပြဿနာကို အရေးတကြီး အာရုံစိုက်ဖို့ လိုအပ်နေပြီလို့ ကုလ ပြော

အစ္စတန်ဘူလ်၊ မေ ၃ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ပြဿနာကို အရေးတကြီး အာရုံစိုက်ပေးကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး ဗိုလ်ကာ တက်ခ်က မေ ၂ ရက်မှာ တိုက်တွန်းလိုက်ပြီး မြန်မာပြည်သူတွေဟာ တိုက်ခိုက်မှုတွေနဲ့ မကြာသေးခင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စားနပ်ရိက္ခာ၊ ရေ၊ အမိုးအကာ၊ ငြိမ်းချမ်းရေးနဲ့ အကာအကွယ်ပေးမှု လိုအပ်နေတယ်လို့ ပြောကြားထားပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက်…

ပဲခူးတိုင်းမှာ စစ်ကောင်စီတပ်ကြောင့် လေးလအတွင်း အရပ်သား ၃၂ ဦး သေဆုံး

ကျောက်ကြီး၊ မေ ၃ ၂၀၂၅ ခုနှစ် ပထမလေးလအတွင်း ပဲခူးတိုင်းမှာ စစ်ကောင်စီလက်ချက်ကြောင့် အပစ်မဲ့အရပ်သားပြည်သူစုစုပေါင်း ၃၂ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မေ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရင်နေ့အထိ လေးလအတွင်း ပဲခူးတိုင်းမှာ စစ်ကောင်စီလက်ချက်ကြောင့်…

အပစ်ရပ်ကာလအတွင်း အရပ်သားတွေသေစေနိုင်တဲ့ တိုက်ခိုက်မှုတွေ စစ်ကောင်စီဆက်လက်ပြုလုပ်နေ

မော်လမြိုင်၊ မေ ၃ စစ်ကောင်စီဟာ ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ကြေညာခဲ့တဲ့ ယာယီအပစ်ခတ်ရပ်စဲ ကာလအတွင်းမှာ ငလျင်ကြောင့် အိုးအိမ်စွန့်ခွာနေရပ်ထွက်ပြေးသူတွေခိုလှုံနေတဲ့ အရပ်သားအဆောက်အအုံတွေအပေါ် အသက်ဆုံးရှုံးစေနိုင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ Fortify Right က မေ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ “မြန်မာစစ်‌ကောင်စီရဲ့ ဘုရားစူး အပစ်အခတ်ရပ်စဲရေးဟာ အတုအယောင်ပါပဲ”…

မိုးကုတ်မြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး

မိုးကုတ်၊ မေ ၃ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အနောက်ပိုင်းကသဲ ရပ်ကွက်မှာရှိတဲ့ အနောက်ကျောင်းကို စစ်ကောင်စီက လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က မေ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မေ ၃ ရက် မနက်…

စစ်အာဏာသိမ်း (၁၅၅၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၆၀၀) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၃ AAPP ရဲ့ မေ ၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၅၂) ရက်အတွင်း ပြည်သူ (၆၆၀၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၀၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၉၀၇ ) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်နယ်မှာ နေလှန်းဆားဈေး စံချိန်တင်ထိုးတက်

မော်လမြိုင် ၊ မေ ၃ ရာသီဥတုဖောက်ပြန်မှုနဲ့အတူ ဆားအထွက်နှုန်း ကျဆင်းမှုကြောင့် မွန်ပြည်နယ်ထွက် နေလှန်ဆားဈေး စံချိန်တင်မြင့်တက်လာတယ်လို့ ဆားတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဆားမထွက်မီက တစ်ပိဿာ ကျပ် ၂၀၀ ဝန်းကျင်သာရှိခဲ့တဲ့ နေလှန်းဆားကြမ်းဈေးဟာ အခုမေလ ပထမအပတ်ကစပြီး တစ်ပိဿာကို ကျပ် ၆၅၀ ဝန်းကျင်ထိ စံချိန်တင် ဈေးနှုန်းမြင့်တက်လာခဲ့တာပါ။ နေလှန်ဆားကြမ်းဈေးဟာ ရာသီဥတုဖောက်ပြန်မှုကြောင့် ဆားအထွက်နှုန်း…

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၂၀ နီးပါး သေဆုံး

မော်လမြိုင် ၊ မေ ၃ မြန်မာနိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကောင်စီကြေညာခဲ့တဲ့ ယာယီအပစ်ရပ်ကာလအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၂၀ နီးပါး သေဆုံးခဲ့ရပါတယ်။ ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ စစ်ကောင်စီရဲ့ အပစ်ရပ်ကာလအတွင်း မြို့နယ် ၄၀ မှာ လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ် ၇၁ ခုရှိခဲ့ပြီး…

ရေဖြူမြို့နယ်က စစ်ဘေးရှောင် တစ်ထောင်နီးပါး အရေးပေါ်အကူအညီ လိုအပ်နေ

ရေဖြူ၊ မေ ၃ တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တစ်ထောင်နီးပါး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့ကစလို့ ရေဖြူမြို့နယ် မင်းသားကျေးရွာမှာ အင်အားဖြည့်တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူစောထီးတပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အဲဒီတိုက်ပွဲတွေကြောင့်…

ကော့ကရိတ်-ကျုံဒိုးတိုက်ပွဲမှာ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း အထိနာနေ

ကော့ကရိတ်၊ မေ ၃ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်တောင်ပိုင်းနဲ့ ကျုံဒိုးမြို့အနီး စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း အထိနာနေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ် လေ ကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကစလို့ ကျုံဒိုးမြို့အနီး နွားခြံကုန်းရွာဘက်မှာ စစ်ကူတက်ရောက်လာနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာခဲ့ပြီး…