သတင်း

ခေါဇာမြို့၊ ဓမ္မသတ်ကမ်းခြေဝန်းကျင် မြေတစ်ဧကဈေးနှုန်း ကျပ်သိန်း ၁၀၀ ကျော်ခန့်အထိရှိလာ

ရေး ၊ အောက်တိုဘာ ၂၅ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကျုံညဲကျေးရွာအုပ်စု၊ တရုတ်ထောက်ကျေးရွာအနီးရှိ ဓမ္မသတ်ကမ်း ခြေဝန်းကျင်အတွင်း လုပ်ငန်းရှင်အချို့ မြေနေရာဝယ်ယူမှုများရှိလာပြီး လက်ရှိပေါက်ဈေးအနေဖြင့် တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ ကျော်ခန့်အထိရှိလာကြောင်း သိရသည်။

ရေးမြို့နယ်ရှိ “က” ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်လုပ်လိုသူများအားလုံး လိုင်စင်ရရှိရေးစီစဉ် ဆောင်ရွက်နေ

ရေး ၊ အောက်တိုဘာ ၂၄ ရေးမြို့နယ်အတွင်းရှိ “က” ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်ပြုလုပ်လိုသူများအားလုံး လိုင်စင် ရရှိရေးအတွက် ရပ်ကွက်/ကျေးရွာအတွင်း စာရင်းလိုက်လံတောင်းခံလျက်ရှိနေပြီး ကောက်ယူရရှိ လာမည့်စာရင်းများအရ အားလုံးပြုလုပ်ပေးနိုင်ရေးစီစဉ်ဆောင်ရွက်နေကြောင်း ရေးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

စက်စဲကမ်းခြေ သဲသောင်ပြင် ဧရိယာအတွင်း စီးပွားဖြစ် လုပ်ငန်းများ တားမြစ်ပိတ်ပင်

သံဖြူဇရပ်၊ အောက်တိုဘာ ၂၃ သံဖြူဇရပ်မြို့နယ် စက်စဲကမ်းခြေရှိ သဲသောင်ပြင် ဧရိယာအတွင်း စီးပွားဖြစ် လုပ်ငန်းများ ပြုလုပ်နေခြင်းကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ပြည်နယ် အစိုးရုံးမှ သတင်းရရှိသည်။

စကောတလန်နိုင်ငံသား ဇနီးမောင်နှံနှစ်ဦး ရေးမြို့နယ်ရှိ ကလေးများအား တုတ်ထိုးအရိပ်ရုပ်သေး ပညာ လာရောက်သင်ကြား

ရေး ၊ အောက်တိုဘာ ၂၄ သစ်ပင်သစ်တောများအပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရိစ္ဆာန်များအပေါ် လေးစားချစ်ခင်လာစေရေးအတွက် စကော့တလန်နိုင်ငံမှ ပညာရှင်ဇနီးမောင်နှံသည် အောက်တို ဘာလ ၂၃ ရက်နေ့က ရေးမြို့သို့လာရောက်ပြီး ကလေးငယ်များအား သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်မှုရှိသည့် ဇာတ်လမ်း၊ ပုံပြင်များပါဝင်သော တုတ်ထိုးအရိပ်ရုပ်သေးအကများဖြင့် သင်ကြား ပြသပေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်ရှိ စေတီတစ်ဆူတွင် သရုပ်ဆောင်ဟိန်းဝေယံအမည်ဖြင့် ယတြာပြုလုပ်ခြင်းအပေါ် ဒေသခံများ ကန့်ကွက်မှုဖြစ်ပေါ်

ပေါင်၊ အောက်တိုဘာ ၂၄ ပေါင်မြို့နယ်ရှိ မဟာသုဒဿနတောင် ဆုတောင်းပြည့်ဘုရားတွင် ရုပ်ရှင် သရုပ်ဆောင် မင်းသား ဟိန်း ဝေယံ အမည်ဖြင့် ယထြာပြုလုပ်ထားခြင်းကို ဘုရားဖူးသူများ စိတ်အနှောင့်ယှဉ် ဖြစ်စေသည့်အတွက် မပြုလုပ် ရန် မြို့သူမြို့သားများက ကွန့်ကွက်ကြောင်း သတင်းရရှိသည်။

ကျိုက်ထီးရိုးဘုရားရှိ အလှူခံပုံး(၃၁)ပုံမှ အလှူငွေ သိန်း ၁၅၀ ကျော် ရရှိ

ကျိုက်ထို၊ အောက်တိုဘာ ၂၃ ကျိုက်ထီးရိုး ဘုရားရင်ပြင်ပေါ်ရှိ အလှူခံပုံး(၃၁)ပုံးအား ဂေါပက အသစ်လက်ထက်တွင် ဖွင့်ဖောက်ခဲ့ ရာ သိန်း ၁၅၀ ကျော် ရရှိခဲ့သည်ဟု ဂေါပက အဖွဲ့များထံမှ သိရသည်။

တိုင်းအတွင်း ရပ်နားထားသည့် လမ်းတံတားလုပ်ငန်းများ ပြန်စတော့မည်

|Dawei Watch| ထားဝယ်၊ အောက်တိုဘာ ၂၄ တိုင်းအတွင်း လမ်းဦးစီးဌာနက လုပ်ဆောင်နေသည့် လမ်းတံတား လုပ်ငန်းများကို လာမည့်အပတ်တွင် စတင်လုပ်ဆောင် တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ် /စွမ်းအင်ဝန်ကြီးက ပြောသည်။

ခေတ္တ-နေပြည်တော် စည်းတံဆိပ်ဖြင့် အတည်ပြုလိုက်သည့် မြိတ်ခရိုင် အင်အယ်လ်ဒီအဖွဲ့ လူစာရင်းကိစ္စ ဂယက်ထ

|Dawei Watch|မြိတ်၊ အောက် တိုဘာ ၂၃ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ “ခေတ္တ-နေပြည်တော်”စည်းတံဆိပ်ဖြင့် အတည်ပြုလိုက်သည့် မြိတ်ခရိုင် အလုပ်အမှုဆောင် အဖွဲ့အမည် စာရင်း ကိစ္စ မြိတ် အင်အင်လ်ဒီ ပါတီဝင် များကြားတွင် ဂယက်ထလျက် ရှိသည်။

တနင်္သာရီတိုင်းတွင် သဲစုပ်ခွင့် လိုင်စင်ပေးရန် ပြန်စဉ်းစားမည်

|Dawei Watch| ထားဝယ်၊ အောက်တိုဘာ ၂၂ တနင်္သာရီတိုင်းအတွင်း ဒေသလိုအပ်ချက်အတွက် မြစ်အတွင်း သဲစုပ်ခွင့်လိုင်စင်ထုတ်ပေးရန် စဉ်းစားရဦးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။

တစ်ပတ်အတွင်း ကုန်ဈေးနှုန်းများ

စားသောက်ကုန် အမျိုးအစား အရေအတွက် ဈေးနှုန်း(ကျပ်) ငါးကြဉ်း ၁ပိဿာ ၄၀၀၀ ကြက်သား ၁ ပိဿာ ၅၀၀၀ ဝက်သား ၁ ပိဿာ ၇၀၀၀ ဘဲသား ၁ ပိဿာ ၅၀၀၀ ကြက်သွန်နီ ၁ ပိဿာ ၇၀၀ ကြက်သွန်ဖြူ ၁ပိဿာ ၄၅၀၀