သတင်း

မွန်နဲ့ပဲခူးအစပ်မှာ စစ်ကောင်စီ တပ်အင်အားတွေ ထပ်မံဖြည့်တင်းနေ

ပဲခူး၊ မေ ၈ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်တွေဖြစ်တဲ့ ရွှေကျင်၊ဝေါမြို့နယ်နဲ့ကျိုက်ထိုမြို့နယ်တို့မှာ စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်မံဖြည့်တင်းထားပြီး ခုခံစစ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မေလပထမအပတ်ကစလို့ ပဲခူးတိုင်း ဝေါမြို့နယ်ရှိ သူရဲသမိန်၊ လက်ပန်၊ ဆင်ရွာ၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ နဲ့ အမတ ၃၁၀…

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၀၀ နီးပါး သေဆုံး

မော်လမြိုင်၊ မေ ၇ စစ်ကောင်စီက အပစ်ခတ်ရပ်စဲရေး ကြေညာထားတဲ့ ကာလအတွင်း နိုင်ငံတစ်၀န် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၀၀ နီးပါး သေဆုံးခဲ့ပြီး ၄၅၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေး၀န်ကြီးဌာနက မေ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက ယာယီ အပစ်ခတ်ရေး ကြေညာထားတဲ့ နှစ်ကြိမ်အတွင်း နိုင်ငံတစ်၀န်းမှာ လေကြောင်းတိုက်ခိုက်မှု…

ပုလောမှာ ပျူစောထီးအဖွဲ့၀င် သုံးဦး ပစ်ခတ် ရှင်းလင်းခံရ

ပုလော၊ မေ ၇ တနင်္သာရီတိုင်း ပုလောမြို့နယ်က အရက်ဆိုင်မှာ ရှိနေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦး အပါအဝင် ပျူစောထီး သုံးဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံကနေ သိရပါတယ်။ မေ ၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်မှာ ပုလောမြို့နယ်ရှိ ပုလော‌‌ကုန်းကျေးရွာ၊ ပလမြို့နဲ့ ပုလောမြို့တွေက ပျူစောထီးအဖွဲ့၀င် သုံးဦးကို ပြည်သူ့ကာကွယ်ရေး…

မိမိတို့နိုင်ငံရေးမှာ ကြားဝင်မပါဖို့ အမေရိကန်ကို ဂျာမနီ အဓိပတိ သတိပေး

ဘာလင်၊ မေ ၇ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ မဟာမိတ်တွေဆီက အားကောင်းတဲ့ ထောက်ခံမှုကို လက်ယာစွန်းရောက် AfD ပါတီ ရရှိခဲ့ပြီးနောက် ဂျာမနီ အဓိပတိအသစ် ဖရက်ဒရစ် မာ့ဇ်က အမေရိကန်အနေနဲ့ သူ့ နိုင်ငံရဲ့ နိုင်ငံရေးမှာ ကြားဝင်မပါသင့်ဘူးလို့ မေ ၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန် ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ ကျွန်တော်…

အိန္ဒိယက ပါကစ္စတန်ကို စတင်တိုက်ခိုက်

မူဇကဖာရာဘက်၊ မေ ၇ နျူကလီးယား လက်နက် ပိုင်ဆိုင်ထားတဲ့ ရန်သူ နှစ်နိုင်ငံကြား ဆယ်စုနှစ် နှစ်စုကျော်အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုအဖြစ် အိန္ဒိယက ပါကစ္စတန်နဲ့ ပါကစ္စတန် အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသကို မေ ၇ ရက်မှာတိုက်ခိုက်ခဲ့ပြီး အိန္ဒိယ တိုက်လေယာဉ် ၅ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပါကစ္စတန်က ပြောထားပါတယ်။ အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယား…

စစ်အာဏာသိမ်း (၁၅၅၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၆၁၅) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၇ AAPP ရဲ့ မေ ၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၅၆) ရက်အတွင်း ပြည်သူ (၆၆၁၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၁၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၉၁၇ ) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ရုရှားခရီးစဉ်မစခင် အပစ်ရပ်ကာလကို မေလကုန်အထိ စစ်ကောင်စီ သက်တမ်းတိုး

နေပြည်‌တော် ၊ မေ ၇ စစ်ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေ ရုရှားနိုင်ငံကို သွားရောက်မယ့် ခရီးစဉ် မစတင်ခင် အပစ်ရပ်ကာလကို မေလကုန်အထိ သက်တမ်းတိုးလိုက်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ မေ ၆ ရက်ကနေ ၃၁ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးကာလကို ထပ်မံ…

ဖာပွန်မှာ ကျန်ရှိနေတဲ့ ခြေကုပ်စခန်းတွေကို အင်အားထပ်ဖြည့် စစ်ကောင်စီကြိုးပမ်း

ဖာပွန်၊ မေ ၇ ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ ကျန်ရှိနေတဲ့ ခြေကုပ်စခန်းတွေဆီ ရိက္ခာလက်နက်ပစ္စည်းတွေနဲ့ တပ်အင်အားတွေ ဖြည့်ဆည်းဖို့ စစ်ကောင်စီတပ်က ကြိုးပမ်းလာတာကြောင့် ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖာပွန်ခရိုင် KNU တပ်မဟာ ၅ နယ်မြေထဲမှာ ကျန်ရှိနေသေးတဲ့ တပ်စခန်းတွေအတွက် စစ်ကောင်စီတပ်က…

သထုံခရိုင်က ကျေးရွာတွေကို စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲ

သထုံ၊ မေ ၇ အပစ်ရပ်ကာလ သက်တမ်းထပ်တိုးထားတဲ့ စစ်ကောင်စီဟာ မွန်ပြည်နယ် သထုံခရိုင်အတွင်းက ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။ ငလျင်ဘေးကြောင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ဖို့အတွက် အပစ်ရပ်ကာလကို မေ ၆ ရက်နေ့ကနေ မေ ၃၁ ရက်နေ့အထိ သက်တမ်းထပ်တိုးထားတယ်လို့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။…

ပခုက္ကူနဲ့မြိုင်မြို့နယ်အစပ်က စာသင်ကျောင်း ဗုံးကြဲ ခံရ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံး

မကွေး ‌မေ ၆ မကွေးတိုင်း ပခုက္ကူမြို့နယ်နှင့်မြိုင်နယ်အစပ်ကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲခဲ့သည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ကြောင်း ဒေသခံများက သံလွင်တိုင်းမ်ကို ပြောသည်။ မေ ၅ ရက် ည ၈ နာရီဝန်းကျင်အချိန်တွင် ပခုက္ကူမြို့နယ်အဆုံး မြိုင်နယ်အစဖြစ်သည့် ဇောင်ဂျမ်းကုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့်…