သတင်း

မွန်နဲ့ပဲခူးအစပ်က ခမရ ၅၉၈ တပ်ရင်းသိမ်းတိုက်ပွဲပြင်းထန်

ရွှေကျင်၊ မေ ၉ မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ် ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာရှိ စစ်ကောင်စီရဲ့ အမှတ် ၅၉၈ ခြေမြန်တပ်ရင်းမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က တပ်ရင်းမကျရေးအတွက် လေကြောင်းနဲ့ပြင်းထန်ခုခံနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းရံပိတ်ဆို့ထားကာ မေ ၈…

ကျုံဒိုးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် ၃၀ ဦး သေဆုံး

ကျုံဒိုး၊ မေ ၈ ကရင်ပြည်နယ် ကျုံဒိုးမြို့ နွားခြံကုန်းကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ချေမှုန်းခံရတာကြောင့် ဒုတပ်ရင်းမှူးအပါအဝင် ၃၀ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က ကျုံဒိုးမြို့ နွားခြံကုန်းကျေးရွာအနီးကို အင်အား ၅၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့အကြား…

ယူကရိန်း စစ်ပွဲ အဆုံးသတ်ဖို့ ရုရှား တောင်းဆိုတာတွေ များလွန်းတယ်လို့ အမေရိကန် ပြော

ဝါရှင်တန်၊ မေ ၈ ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားရဲ့ တောင်းဆိုမှုတွေ များလွန်းတယ်လို့ အမေရိကန် ဒုသမ္မတ ဂျေဒီ ဗင့်စ်က မေ ၇ ရက်မှာ ပြောကြားလိုက်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ရုရှား ပါဝင်လာစေရေး အမေရိကန်ရဲ့ ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ အိမ်ဖြူတော်က စိတ်ပျက်နေပါတယ်။ ဝါရှင်တန်မှာ ပြုလုပ်တဲ့ မြူးနစ်ခေါင်းဆောင်များအစည်းအဝေးအတွင်းပြောကြားရာမှာ ဒုသမ္မတ…

အိန္ဒိယရဲ့တိုက်ခိုက်မှုအတွက် ဒဏ်ပြန်ခတ်မယ်လို့ ပါကစ္စတန် ကြုံးဝါး

စင်ကာပူ မေ ၈ အိန္ဒိယရဲ့ အမုန်းထား တိုက်ခိုက်မှုအတွက် ဒဏ်မခတ်ဘဲ မနေဘူးလို့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက် ရှရစ်က မေ ၈ ရက်မှာ ကြုံးဝါးလိုက်ပါတယ်။ မေ ၇ ရက်က ကက်ရှ်မီးယားဒေသမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့ တိုက်ပွဲ ဖြစ်ပွားပြီး လူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ပါကစ္စတန်ကို အိန္ဒိယက ဒုံးကျည်တွေနဲ့ စတင်…

သီပေါမှာ မြေမြုပ်မိုင်းနင်းမိတာကြောင့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

သီပေါ၊ မေ ၈ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကုန်စုံကျေးရွာမှာ စစ်ကောင်စီရဲ့ လက်ကျန်မြေမြုပ်မိုင်း နင်းမိခဲ့တာကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က မေ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၇ က်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်မှာ အသက် ၃၂ နှစ်အရွယ် ဦးအိုက်လော်ဝ်ဟာ…

ဘားအံထောင်မှာ နိုင်ငံရေးအကျဉ်းသားနှစ်ဦး ဝိုင်းဝန်းရိုက်နှက်ခံရ

ဘားအံ၊ မေ ၈ ကရင်ပြည်နယ် ဘားအံမြို့နယ် တောင်ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို အခြား ရာဇဝတ်အကျဉ်းသား ၁၂ ဦးက အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက် (PPNM) ထံက သိရပါတယ်။ နိုင်ငံရေးအကျဉ်းသား ကိုကျော်ကျော်မြင့်နဲ့ ကိုမင်းသူစိုးတို့နှစ်ဦးဟာ ထောင်မှကျွေးတဲ့ငါးဟင်း ဘာကြောင့် နောက်ကျရကြောင်းကို ထောင်ပိုင်လေးရဲ့ လက်ရင်းတပည့်ထက်နိုင်မှ အိပ်ဆောင်အတွင်း ဝင်ရောက် ပြောကြားခိုင်းတာကြောင့်…

စစ်အာဏာသိမ်း (၁၅၅၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၆၁၈) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၈ AAPP ရဲ့ မေ ၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၅၇) ရက်အတွင်း ပြည်သူ (၆၆၁၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၂၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၉၂၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

NUCC မှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ ဘယ်လိုတွေ ပူ‌ပေါင်းလုပ်ဆောင်နေလဲ

မော်လမြိုင် ၊ မေ ၈ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က မေ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေနဲ့ ကောင်စီဝင်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းထဲမှာ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီအဖြစ် မွန်ပြည်ဖက်ဒရယ်ကောင်စီလည်း ပါဝင်ပါတယ်။ အာဏာသိမ်းမှုအတွင်း ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ ဝန်ကြီးသုံးဦးပါဝင်သလို NUCC မှာလည်း…

ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်တွေ မေ ၉ ရက်နေ့အထိ ပြန်လည်ပြေးဆွဲဖို့ မသေချာသေး

မော်လမြိုင် ၊ မေ ၈ ရန်ကုန်-မော်လမြိုင်ရထားလမ်း မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ရထားခရီးစဉ်တွေ မေ ၉ ရက်နေ့အထိ ပြန်လည်ပြေးဆွဲဖို့ မသေချာသေးဘူးလို့ မြန်မာ့မီးရထားဌာနမှ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းဖြစ်တဲ့ ဘီးလင်းမြို့နယ် နှင်းပုလဲဘူတာနဲ့ တောင်စွန်းဘူတာကြားရှိ ရထားလမ်းမိုင်တိုင် အမှတ် ၁၁၂/၁၀-၁၁ ကြား တံတား အမှတ် ၆၅ ဟာ…

ကျုံဒိုးမြို့ထံ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း အထိနာပြီး နောက်ပြန်ဆုတ်

ကျုံဒိုး၊ မေ ၈ ကရင်ပြည်နယ် ကျုံဒိုးမြို့အနီးမှာ မေလအစောပိုင်းက စစ်ကူလာတဲ့ စစ်ကောင်စီ တပ်မ ၂၂ လက် အောက်ခံစစ်ကြောင်းတွေ ပိတ်ဆို့တိုက်ခိုက်ခံခဲ့ရတာကြောင့် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရက် ၂၀ ကျော်ကြာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်၊ ကျုံဒိုးတိုက်ပွဲတွေမှာ စစ်ကူပေးပို့ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက…