နိုင်ငံတကာ

အီရန် ရေနံစက်ရုံတွေကို မတိုက်ခိုက်ရေး တားဆီးပေးဖို့ ပင်လယ်ကွေ့ နိုင်ငံတွေ တိုက်တွန်း

ဒူဘိုင်း၊ အောက်တိုဘာ ၁၁ ပဋိပက္ခတွေ အရှိန်မြင့်တက်လာချိန် အီရန် ရေနံစက်ရုံတွေကို အစ္စရေး မတိုက်ခိုက်ရေး တားဆီးပေးဖို့ အမေရိကန်ထံ ပင်လယ်ကွေ့ နိုင်ငံတွေက စည်းရုံးပြောဆိုနေကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။ ပဋိပက္ခမှာ ကြားညပ်နိုင်တဲ့ အခြေအနေကို ရှောင်ရှားဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ဆော်ဒီအာရေးဗီးယား၊ ယူအေအီးနဲ့ ကာတာ အပါအဝင် ပင်လယ်ကွေ့ နိုင်ငံတွေက အစ္စရေးအနေနဲ့ အီရန်ကို…

သမ္မတ ရွေးကောက်ပွဲမှာ ကာမယ်လာ ဟားရစ်ကို မဲပေးကြဖို့ အိုဘားမား တိုက်တွန်း

ပစ္စဘာ့ဂ်၊ အောက်တိုဘာ ၁၁ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ တစ်လတောင် မလိုတော့တဲ့အချိန်မှာ လက်ရှိ ဒုသမ္မတ ကာမယ်လာ ဟားရစ်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့ကြား အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်တယ်လို့ သမ္မတဟောင်း ဘားရက် အိုဘားမားက သတိပေးပြီး ဟားရစ်ကို မဲပေးကြဖို့ ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။ ကိုယ်စားလှယ်လောင်းနှစ်ဦးလုံး အနိုင်ရနိုင်ခြေ ဆတူရှိတဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့မှာ အောက်တိုဘာ…

NUG နဲ့ စေ့စပ်ညှိနှိုင်းဖို့ အာဆီယံကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း တိုက်တွန်း

ဗီယန်ကျန်း၊ အောက်တိုဘာ ၁၀ အာဆီယံအနေနဲ့ နေပြည်တော်ရှိ စစ်ကောင်စီ တစ်ခုတည်းနဲ့ စေ့စပ်နေမယ့်အစား အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ စေ့စပ်ညှိနှိုင်းသင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကာဆစ် ပီရွမ်ယာက ပြောကြားပြီး အာဆီယံကို ဝေဖန်လိုက်ပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေဟာ အောက်တိုဘာ ၉ ရက်က လာအိုနိုင်ငံ ဗီယန်ကျန်း မြို့မှာ…

မြန်မာစစ်ပွဲတွေကို တားဆီးဖို့ ကြိုးပမ်းမှုတွေ အလုပ်မဖြစ်ဘူးလို့ ကုလကျွမ်းကျင်သူ ဝေဖန်

ဆစ်ဒနီ၊ အောက်တိုဘာ ၁၀ မြန်မာပြည်တွင်းစစ်ကို တားဆီးဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေ အလုပ်မဖြစ်ဘူးဆိုတာ ရှင်းနေတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူ တစ်ဦးက အောက်တိုဘာ ၁၀ ရက်မှာ ပြောကြားလိုက်ပြီး နိုင်ငံတကာခေါင်းဆောင်တွေအနေနဲ့ စစ်ကောင်စီကို ငွေကြေး၊ လက်နက်နဲ့ တရားဝင်မှု မရရှိအောင် ပြုလုပ်ရေး တိုက်တွန်းလိုက်ပါတယ်။ အခြေအနေက ဆိုးရာကနေ ပိုဆိုးလာပြီး ကြောက်စရာကောင်းတဲ့ အခြေအနေသို့ ရောက်ရှိလာတယ်လို့…

ဂါဇာလို ဖျက်ဆီးခံရလိမ့်မယ်လို့ လက်ဘနွန်ကို အစ္စရေး သတိပေး

တဲလ်အဗစ်၊ အောက်တိုဘာ ၉ ဂါဇာမှာ မြင်တွေ့ခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှု၊ ထိခိုက်ခံစားရမှုမျိုးကို ရှောင်ရှားရေး ဟစ်ဇဘိုလာအဖွဲ့ကို မောင်းထုတ်ပစ်ကြဖို့ လက်ဘနွန် ပြည်သူတွေကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက တိုက်ရိုက် ပန်ကြားလိုက်ပါတယ်။ လက်ဘနွန် အနောက်တောင်ပိုင်းရှိ ဒေသသစ် တစ်ခုသို့ အစ္စရေးက တပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး ထပ်မံ စေလွှတ်လိုက်ပြီး မြေပြင်ထိုးစစ်ဆင်မှု တိုးမြှင့်လိုက်ပြီးနောက် အောက်တိုဘာ ၈…

မြန်မာ့အရေး ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အာဆီယံဆွေးနွေးပွဲ တက်မယ်

ဗီယင်ကျန်း၊ အောက်တိုဘာ ၉ လာအိုနိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီး ညီလာခံမှာ တောင်တရုတ်ပင်လယ်တွင်း တင်းမာမှု မြင့်တက်လာတဲ့ အခြေအနေ၊ ပိုမိုပြင်းထန်လာနေတဲ့ မြန်မာ့ပြည်တွင်းစစ်တို့နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့က အာဆီယံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အခုသီတင်းပတ်မှာ ကျင်းပမယ့် အာဆီယံညီလာခံသို့ ဝန်ကြီး ဘလင်ကန်…

ပြုပြင်ပြောင်းလဲရေးဝါဒီ အိမ်ရှေ့စံလက်ထက် ဆော်ဒီမှာ ကွပ်မျက်မှု စံချိန်တင်

ရီးယာ့ဒ်၊ အောက်တိုဘာ ၈ သေဒဏ်ပေးမှု လျှော့ချပါ့မယ်လို့ ကတိပေးထားပေမယ့် ဆော်ဒီအာရေးဗီးယားမှာ ကွပ်မျက် သတ်ဖြတ်မှု စံချိန်တင် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ အခု ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာတင် ကွပ်မျက် သတ်ဖြတ်ခံရသူ ၂၀၈ ဦးရှိပြီး ၂၀၂၂ ခုနှစ်က ၁၉၆ ဦးထက် ပိုများလာခဲ့သလို တစ်ရက်တည်းနဲ့ ၈၁ ဦး ကွပ်မျက်ခဲ့တဲ့ မှတ်တမ်း…

ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး မြို့တော်ဝန်ရာထူးအတွက် ဝင်ပြိုင်မယ်

ဒါဗောင်၊ အောက်တိုဘာ ၈ လာမယ့်နှစ် သက်တမ်းဝက် ရွေးကောက်ပွဲမှာ နိုင်ငံတောင်ပိုင်းမြို့ ဒါဗောင်ရဲ့ မြို့တော်ဝန်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးက အောက်တိုဘာ ၇ ရက်မှာ မှတ်ပုံတင်ထားလိုက်ပြီ ဖြစ်ပါတယ်။ ဒူတာတေးဟာ သမ္မတရာထူး တာဝန်ယူချိန်က လူသေဆုံးမှုများတဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှုတွေကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ စစ်ဆေးဖို့ ကြိုးပမ်းမှုတွေ ထွက်ပေါ်လာခဲ့ပြီး…

မြန်မာ့အရေး အမြန်ဖြေရှင်းဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

ဘန်ကောက် အောက်တိုဘာ ၈ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အဆုံးသတ်ရေး အာဆီယံအနေနဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရမယ်လို့ ထိုင်းဝန်ကြီး ပေသွန်ထန် ရှင်နာဝပ်ထရာက ဒီတစ်ပတ်ထဲ လာအိုနိုင်ငံမှာ ကျင်းပမယ့် အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်ခင် ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ခံ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပြီး ဆန့်ကျင်ဆန္ဒပြမှုတွေကနေ လက်နက်ကိုင် ပုန်ကန်မှုတွေဖြစ်စေခဲ့တဲ့ ၂၀၂၁…

တရုတ်နဲ့ မြောက်ကိုရီးယား ဆက်လက်ပူးပေါင်းဖို့ ကတိပြု

ဆိုးလ်၊ အောက်တိုဘာ ၇ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကြား ဆက်ဆံရေး ထူထောင်မှု ၇၅ နှစ်ပြည့်နေ့မှာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် ဆောင်ရွက်ဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ အောက်တိုဘာ ၆ ရက်မှာ ကတိပြုခဲ့ကြကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားကြား ဆက်ဆံရေး ဖွံ့ဖြိုးဖို့ အလွန်အရေးကြီးကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မြောက်ကိုရီးယား…