နိုင်ငံတကာ

အစ္စရေး တိုက်ခိုက်မှုအတွက် ကိုယ့်ကိုယ်ကို ခုခံကာကွယ်သွားမယ်လို့ အီရန် သတိပေး

တီဟီရန်၊ အောက်တိုဘာ ၂၈ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အီရန် စစ်သား လေးဦး သေဆုံးခဲ့ပြီး အရှေ့အလယ်ပိုင်းမှာ အင်အားကုန် ထုတ်သုံးတဲ့ စစ်ပွဲကြီး ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပိုများလာချိန်မှာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်သွားမယ်လို့ အီရန်က သတိပေးကြွေးကြော်လိုက်ပါတယ်။ မိမိတို့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ခဲ့မယ်ဆိုရင် အီရန်အနေနဲ့ တန်ဖိုးကြီးကြီး ပြန်ပေးဆပ်ရလိမ့်မယ်လို့ အစ္စရေးက ခြိမ်းခြောက်ထားပြီး အမေရိကန်၊…

မဲမသမာမှု စွပ်စွဲချက် ဂျော်ဂျီယာ ဝန်ကြီးချုပ် ပယ်ချ

တဘီလီစီ၊ အောက်တိုဘာ ၂၈ ဂျော်ဂျီယာနိုင်ငံမှာ သောင်ပြိုကမ်းပြို အနိုင်ရတဲ့ ရွေးကောက်ပွဲ ရလဒ်ကို ကြိုဆိုပြီး မဲမသာမှုတွေ၊ အကြမ်းဖက်မှုတွေ ရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ဝန်ကြီးချုပ်က ပယ်ချလိုက်ပါတယ်။ မူမမှန်တာတွေက နေရာတိုင်းမှာ ဖြစ်တတ်ပါတယ်လို့ ဂျော်ဂျီယာ အိပ်မက်ပါတီ ဝန်ကြီးချုပ် အီရာကလီ ကိုဘက်ဟီဒစီက ပြောကြားခဲ့ပါတယ်။ ဂျော်ဂျီယာ ရွေးကောက်ပွဲကော်မရှင်ကနေ ကနဦး ထွက်ပေါ်လာတဲ့ တရားဝင် ရလဒ်တွေအရ…

ထိုင်းမှာ ပင်စင်ယူနိုင်တဲ့ အသက်အရွယ်ကို ၆၅ နှစ် တိုးမြှင့်သတ်မှတ်မယ်

ဘန်ကောက်၊ အောက်တိုဘာ ၂၆ စင်ကာပူနဲ့ ဆွစ်ဇာလန်နိုင်ငံတွေမှာလိုမျိုး ထိုင်းနိုင်ငံရဲ့ ပုဂ္ဂလိကနဲ့ အစိုးရကဏ္ဍနှစ်ခု စလုံးအတွက် ပင်စင်ယူနိုင်တဲ့ အသက်အရွယ်ကို ၆၅ နှစ် တိုးမြှင့်သတ်မှတ်ဖို့ စီစဉ်နေတယ်လို့ အလုပ်သမားဝန်ကြီး ဖီဖတ် ရတ်ချာကစ်ပရန်ခန်က ပြောကြားခဲ့ပါတယ်။ ယနေ့ခေတ် ကျန်းမာရေးနဲ့ ဆေးဝါးနယ်ပယ်မှာ အဆင့် တိုးမြှင့်မှုတွေကြောင့် အလုပ်ကနေ အနားယူနိုင်တဲ့ အသက်အရွယ်ကို ၆၅ နှစ်သို့ တိုးမြှင့်ဖို့…

အစ္စရေးက အီရန်ကို လက်တုံ့ပြန် တိုက်ခိုက်မှု စတင်

တီဟီရန်၊ အောက်တိုဘာ ၂၆ တီဟီရန်အစိုးရနဲ့ သူ့ရဲ့ ကိုယ်စား လက်နက်ကိုင်အဖွဲ့တွေက လနဲ့ချီပြီး အဆက်မပြတ် တိုက်ခိုက်နေမှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အောက်တိုဘာ ၂၆ ရက် မနက်စောစောပိုင်းမှာ အီရန်ကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း အစ္စရေးက ပြောပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နောက်ပိုင်း အစ္စရေးကို မဆင်မခြင် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အီရန်နိုင်ငံရဲ့…

ယူကရိန်း လက်နက်ဝယ်ယူဖို့ ဗြိတိန်က ချေးငွေ ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ထည့်ဝင်မယ်

လန်ဒန်၊ အောက်တိုဘာ ၂၅ ယူကရိန်းအတွက် လက်နက် ဝယ်ယူဖို့နဲ့ ပျက်စီးသွားတဲ့ အခြေခံ အဆောက်အအုံတွေ ပြန်လည် တည်ဆောက်ဖို့ ဂျီ-၇ အဖွဲ့ရဲ့ ပိုကြီးမားတဲ့အကူအညီ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဗြိတိန်က ကိဗ် အစိုးရကို ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။ ဗြိတိန်က လှူဒါန်းတဲ့ ငွေတွေဟာ ယူကရိန်းအတွက် လက်နက်တွေ…

ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်တို့ BRICS အဖွဲ့ရဲ့ မိတ်ဖက်တွေ ဖြစ်လာ

စင်ကာပူ၊ အောက်တိုဘာ ၂၅ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်စတဲ့ အရှေ့တောင်အာရှ လေးနိုင်ငံဟာ အနောက်တိုင်းကို တုံ့ပြန်မယ့် စီးပွားရေး အင်အားစု တစ်ခုလို့ ရှုမြင်ခံထားရတဲ့ BRICS အဖွဲ့ရဲ့ မိတ်ဖက်နိုင်ငံတွေ ဖြစ်လာပါတယ်။ BRICS အဖွဲ့ရဲ့ X လူမှုမီဒီယာအကောင့်မှာတော့ အဲဒီနိုင်ငံတွေ အပါအဝင် ၁၃ နိုင်ငံဟာ မိမိတို့ မဟာမိတ်အဖွဲ့ရဲ့ မိတ်ဖက်နိုင်ငံတွေ…

အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မယ့် အစီအစဉ် ကန့်ကွက်ခံရ

ခမ်ဂျုံ၊ အောက်တိုဘာ ၂၄ သက်ဆိုင်ရာ တန်ကဟူလ် ကျေးရွာတွေနဲ့ ကြိုတင် တိုင်ပင်မှု မရှိသလို သဘောတူခွင့်ပြုမှု မရှိဘဲနဲ့ ခမ်ဂျုံ ဒေသတစ်လျှောက် အိန္ဒိယ-မြန်မာ နယ်စပ်မှာ အတင်းအကြပ် ခံစည်းရိုးခတ်မယ့် အစီအစဉ်ကို ဆန့်ကျင်ကြောင်း ထပ်မံ အတည်ပြုလိုက်တယ်လို့ နာဂ ကျောင်းသား အဖွဲ့အစည်းတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ခြံစည်းရိုး ခတ်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့…

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲ ရှောင်ရှားကြဖို့ IMF သတိပေး

ဝါရှင်တန်၊ အောက်တိုဘာ ၂၄ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေကြား ကုန်သွယ်ရေးစစ်ပွဲကြီး တစ်ပွဲ ဖြစ်ပွားလာရင် ကမ္ဘာ့စီးပွားရေးဟာ ပြင်သစ်နဲ့ဂျာမနီ ပေါင်းထားတဲ့ စီးပွားရေး အင်အားလောက်အထိ အားလျော့သွားနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF က သတိပေးလိုက်ပါတယ်။ ဒေါ်နယ်ထရန့် ထပ်မံ ရွေးကောက်ခံရနိုင်တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင် စိုးရိမ်မှုတွေ မြင့်မားနေချိန်မှာ အခုလိုမျိုး သတိပေးချက် ထွက်ပေါ်လာတာ…

စစ်ဗိုလ်ချုပ် လူအွန်ကူအွန်ကို ဗီယက်နမ်သမ္မတအဖြစ် တင်မြှောက်

ဟနွိုင်း၊ အောက်တိုဘာ ၂၃ နိုင်ငံရေး ဝရုန်းသုန်းကား ဖြစ်ပြီးနောက် စစ်ဗိုလ်ချုပ် လူအွန် ကူအွန်ကို ဗီယက်နမ်လွှတ်တော်က သမ္မတအသစ်အဖြစ် အောက်တိုဘာ ၂၁ ရက်မှာ ရွေးကောက်တင်မြှောက်လိုက်ပါတယ်။ မကြုံစဖူး နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပွားပြီးနောက် အသက် ၆၇ နှစ်အရွယ် လူအွန် ကူအွန်ဟာ သုံးနှစ်အတွင်း ဗီယက်နမ်ရဲ့ စတုတ္ထမြောက်သမ္မတ ဖြစ်လာခဲ့ပါတယ်။ အကျင့်ပျက်ခြစားမှု…

ရုရှားသို့ စစ်သားတွေ စေလွှတ်ထားတာ မရှိဘူးလို့ မြောက်ကိုရီးယား ငြင်းဆို

နယူးယောက်၊ အောက်တိုဘာ ၂၃ ယူကရိန်းအား ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားက စစ်သားတွေ စေလွှတ်ထားတာ မရှိကြောင်းနဲ့ တောင်ကိုရီးယားက အခြေအမြစ် မရှိပြောဆိုမှုသာ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား ကိုယ်စားလှယ် တစ်ဦးက အောက်တိုဘာ ၂၂ ရက် ပြောကြားလိုက်ပါတယ်။ ရုရှား အရှေ့ဖက်စွန်းမှာ မြောက်ကိုရီးယား အထူး တပ်ဖွဲ့ဝင် ၁၅၀၀…