နိုင်ငံတကာ

ဒေါ်နယ်ထရန့်နဲ့ လက်တွဲ အလုပ်လုပ်မယ်လို့ ကမ္ဘာ့ခေါင်းဆောင်တွေ ကတိပြု

ဟောင်ကောင်၊ နိုဝင်ဘာ ၆ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ လက်ရှိ ဒုသမ္မတ ကာမယ်လာ ဟားရစ်ကို အနိုင်ရခဲ့တဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို ကမ္ဘာ့ ခေါင်းဆောင်တွေ သူ့ထက်ငါဦးအောင် ချီးကျူး ဂုဏ်ပြုခဲ့ကြပါတယ်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မာအိုနင်းက ဘေဂျင်းအစိုးရအနေနဲ့ အမေရိကန်နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်ဖို့ မျှော်လင့်တယ်လို့ ပုံမှန် သတင်းစာရှင်းလင်းပွဲ တစ်ရပ်မှာ…

စစ်ကောင်စီကို ကူညီမယ်လို့ တရုတ်ဝန်ကြီးချုပ် ကတိပြု

ရန်ကုန်၊ နိုဝင်ဘာ ၆ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရှားရှားပါးပါး တွေ့ဆုံမှုအတွင်း တရုတ်ဝန်ကြီးချုပ် လီကီကျန်းက စစ်ကောင်စီကို ကူညီမယ်လို့ ကတိပေးလိုက်ပါတယ်။ ဒါက ပိုဆိုးလာတဲ့ ပြည်တွင်းစစ်အတွင်း နယ်မြေတွေ ဆုံးရှုံးနေတဲ့ စစ်ကောင်စီကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ဘေဂျင်းအစိုးရက ကြိုးပမ်းနေတဲ့ လက္ခဏာ တစ်ရပ် ဖြစ်ပါတယ်။ နိုင်ငံရေးဆိုင်ရာ ရင်ကြားစေ့ရေးနဲ့ အသွင်ကူးပြောင်းမှု အခြေအနေ တိုးတက်လာစေရေး…

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် အနိုင်ရ

ဝါရှင်တန် နိုဝင်ဘာ ၆ ဒေသစံတော်ချိန် နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ၄၇ ဦးမြောက် အမေရိကန်သမ္မတအဖြစ် စီးပွားရေးလုပ်ငန်းရှင် သမ္မတဟောင်း ဒေါ်နယ်ထရန့် ထပ်မံရွေးကောက်ခံခဲ့ရပါတယ်။ သမ္မတအသစ် ဖြစ်လာတော့မယ့်ထရန့်ဟာ ပြီးခဲ့တဲ့တစ်ခေါက် သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အမေရိကန်လွှတ်တော်အဆောက်အဦကို ဝင်ရောက်စီးနင်းတဲ့ဖြစ်ရပ်တွေကို နောက်ကွယ်က ကြိုးကိုင်ခဲ့သူအဖြစ် စွပ်စွဲခံခဲ့ရတာ၊ ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုခံခဲ့ရတာ၊ ၂ ကြိမ်တိုင်တိုင် လုပ်ကြံမှုတွေနဲ့…

ဓားစာခံ တစ်ဦးလျှင် ဒေါ်လာ တစ်သန်း ပေးမယ်လို့ အစ္စရေးဝန်ကြီးချုပ် ကမ်းလှမ်း

တဲလ်အဗစ်၊ နိုဝင်ဘာ ၆ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဓားစာခံတွေထဲက အသက်ရှင်ကျန်သူ တယောက်ချင်းစီအတွက် အစ္စရေးက ဒေါ်လာ ၁ သန်း ပေးမှာ ဖြစ်ပြီး ပြန်ပေးသမားတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးမယ့် သဘောတူညီ တစ်ရပ်ကို ဝန်ကြီးချုပ် နေတန်ညာဟုက ဟားမာ့စ်အဖွဲ့ထံ ကမ်းလှမ်းလိုက်ပါတယ်။ အစ္စရေး ဝန်ကြီးချုပ်ရဲ့ အစီအစဉ်မှာ ပါလက်စတိုင်း…

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ဖို့ စစ်တပ်ကို တရုတ်သမ္မတ တိုက်တွန်း

ဘေဂျင်း၊ နိုဝင်ဘာ ၆ စစ်တပ်အနေနဲ့ အကျင့်ပျက်ခြစားမှုနဲ့ မကောင်းတဲ့ ဘက်လိုက်တိမ်းညွတ်မှုတွေကို တိုက်ဖျက်ရမှာ ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က သတိပေးလိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၅ ရက်မှာဖော်ပြပါတယ်။ ဘေဂျင်းအစိုးရက လက်နက်ကိုင်တပ်တွေအတွင်းမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ဖို့ မကြာသေးခင်က ပိုမို ဖိအားပေးဆောင်ရွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေခရိုင်မှာ တပ်ဖွဲ့ဝင်တွေကို မိန့်ခွန်း ပြောကြားချိန်အတွင်း သမ္မတ…

တောင်တရုတ်ပင်လယ်မှာ ဗီယက်နမ်ရဲ့ ကျောက်တန်းတိုးချဲ့မှု မလေးရှား စောဒကတက်

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၅ နှစ်နိုင်ငံစလုံးက သူတို့ပိုင်ဆိုင်တယ်လို့ ပြောဆိုထားတဲ့ တောင်တရုတ် ပင်လယ်ထဲမှာ ကျောက်တန်းတည်ဆောက်မှုကို ဗီယက်နမ်က တိုးချဲ့ဆောက်လုပ်နေတယ်ဆိုတဲ့ ကိစ္စအတွက် မလေးရှားက ကန့်ကွက်ကြောင်း အသိပေးစာ တစ်စောင်ကို ဟနွိုင်းအစိုးရဆီ ပေးပို့ထားတယ်လို့ အရာရှိ နှစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ ဒါက တရုတ် မပါဝင်ဘဲ မလေးရှားနဲ့ ဗီယက်နမ်ကြား ရှားရှားပါးပါး တင်းမာမှု…

အီလွန်မက်စ်အနေနဲ့ မဲပေးသူတွေကို ဒေါ်လာ ၁ သန်းစီ ဆက်ပေးခွင့်ရှိတယ်လို့ တရားသူကြီး ဆုံးဖြတ်

ဝါရှင်တန်၊ နိုဝင်ဘာ ၅ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း နှစ်ဦး အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ သူဌေးကြီး အီလွန်မက်စ်ရဲ့ နိုင်ငံရေး အုပ်စုက မဲပေးသူတွေကို ဒေါ်လာ ၁ သန်းစီ ဆက်ပြီး ပေးခွင့်ရှိတယ်လို့ တရားသူကြီး တစ်ဦးက ဆုံးဖြတ်လိုက်ပါတယ်။ အီလွန်မက်စ်ရဲ့ America PAC အုပ်စုက အဲဒီ ပြည်နယ်တွေမှာ မဲပေးသူတွေကို…

တောင်ကိုရီးယား သမ္မတကြောင့် နျူကလီးယား စစ်ပွဲဖြစ်လာနိုင်တယ်လို့ မြောက်ကိုရီးယား ပြော

ဆိုးလ်၊ နိုဝင်ဘာ ၄ တောင်ကိုရီးယား သမ္မတဟာ မြောက်ကိုရီးယားအပေါ် ထားရှိတဲ့ မူဝါဒတွေကတဆင့် သူ့နိုင်ငံကို နျူကလီယား စစ်ပွဲနဲ့ ကြုံအောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲဖော်ပြထားတဲ့ စက္ကူဖြူစာတမ်းတစ်ခုကို မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။ ရန်သူ့ နိုင်ငံများကို လေ့လာရေး မြောက်ကိုရီးယား အင်စတီကျုက ရေးသားပြီး KCNA သတင်းဌာနက ဖော်ပြတဲ့…

ဂါဇာ စစ်ပွဲ အဆုံးသတ်အောင် လုပ်ဆောင်မယ်လို့ အမေရိကန် ဒုသမ္မတ ဟားရစ် ကြွေးကြော်

ဝါရှင်တန်၊ နိုဝင်ဘာ ၄ နိုဝင်ဘာ ၅ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် နောက်ဆုံး မဲဆွယ်တဲ့နေ့မှာ လက်ရှိ ဒုသမ္မတ ကာမယ်လာ ဟားရစ်က ဂါဇာ စစ်ပွဲ အဆုံးသတ်အောင် လုပ်ဆောင်မယ်လို့ ပြောဆိုပြီး သမ္မတဟောင်း ဒေါ်နယ်ထရန့်က သူ့အစိုးရအဖွဲ့မှာ ဂျွန်အက်ဖ် ကနေဒီ ဂျူနီယာကို နေရာကြီးကြီး ပေးမယ်လို့ ပြောကြားပါတယ်။ ကိုယ်စားလှယ်လောင်း…

ထိုင်းနိုင်ငံရဲ့ ပြည်နယ် ၁၀ ခုမှာ မူးယစ်ဆေးဝါး နှိမ်နှင်းမှု စတင်

ဘန်ကောက်၊ နိုဝင်ဘာ ၂ ဗျူဟာ အသစ်တွေကို စမ်းသပ် အသုံးပြုဖို့ ထိုင်းအစိုးရက ပြည်နယ် ၁၀ ခုကို ပထမဆုံးပြည်နယ်တွေအဖြစ် သတ်မှတ်ပြီး မူးယစ်ဆေးဝါးနဲ့ ဆက်စပ် ပြဿနာတွေကို ဖြေရှင်းရေး ထိထိရောက်ရောက် လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ပြဿနာရဲ့ လူမှု အသိုင်းအဝိုင်းအပေါ် ပိုမို ကျယ်ပြန့်စွာ သက်ရောက်မှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ပေသွန်ထန်…