နိုင်ငံတကာ

သုဝဏ္ဏဘူမိလေဆိပ်မှာ စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအရေးပေါ် ဆင်းသက်ခဲ့ရ၊ တစ်ဦးသေဆုံး ၃၀ ဒဏ်ရာရ

ဘန်ကောက် မေ ၂၁ လန်ဒန်မြို့ကနေ စင်ကာပူမြို့သို့ ပျံသန်းနေတဲ့ စင်ကာပူလေကြောင်းလိုင်းက လေယာဉ်တစ်စင်းဟာ လေထန်မှုကြောင့် ဒီနေ့ မေ ၂၁ ရက် မွန်းလွဲပိုင်းအချိန် သုဝဏ္ဏဘူမိလေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်မှာ ခရီးသည်တစ်ဦး သေဆုံးပြီးတော့ တခြားလူ ၃၀ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ “ဘိုးရင်း ၇၇၇- ၃၀၀ အီးအာလေယာဉ်ပေါ်မှာ လူတစ်ဦးသေဆုံးပြီး…

ကင်ဂျုံအန်ကို ချီးကျူးဂုဏ်ပြုထားတဲ့ ဝါဒဖြန့်ဗီဒီယို တောင်ကိုရီးယား တားမြစ်

ဆိုးလ်၊ မေ ၂၁ မြောက်ကိုရီးယားခေါင်ဆောင်း ကင်ဂျုံအန်ကို ချစ်ခင်တတ်တဲ့ ဖခင်ကြီးနဲ့ ကြီးမြတ်တဲ့ ခေါင်းဆောင်အဖြစ် ချီးကျူးအမွှန်းတင်ထားတဲ့ ဝါဒဖြန့်ဗီဒီယိုဖိုင်ကို တားမြစ်ကြောင်း တောင်ကိုရီးယား မီဒီယာစည်းကြပ်ရေးအဖွဲ့က မေ ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယား အမျိုးသားလုံခြုံရေး အက်ဥပဒေအရ ကင်ဂျုံအန်ကို ချီးကျူးဂုဏ်ပြုထားတဲ့ အဲ့ဒီဗီဒီယိုကို တားမြစ်တာ ဖြစ်ပြီး မီဒီယာတွေအနေနဲ့လည်း ဖော်ပြခွင့်မရှိဘူးလို့ ဆိုပါတယ်။ ၁၉၅၀-၁၉၅၃…

ICC က ဖမ်းဆီးဖို့ ကြိုးပမ်းမှုကို အစ္စရေးဝန်ကြီးချုပ် ဒေါသတကြီး ပြစ်တင်ရှုတ်ချ

ဂျေရုစလင်၊ မေ ၂၁ ဂါဇာစစ်ပွဲမှာ စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC က ဟားမာ့စ် ခေါင်းဆောင်တွေနဲ့အတူ သူ့ကို ဖမ်းဆီးဖို့ ကြိုးပမ်းမှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဒေါသတကြီး ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ အစ္စရေးကို လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်သူတွေနဲ့ နှိုင်းယှဉ်လိုက်တာက စက်ဆုပ်စရာကောင်းတယ်လို့…

ခြိမ်းခြောက်မှုတွေ ရပ်တန်ဖို့ တရုတ်ကို ထိုင်ဝမ် သမ္မတသစ် တိုက်တွန်း

တိုင်ပေ၊ မေ ၂၀ မေ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတသစ် ဝီလီယံလိုင်က ထိုင်ဝမ်ကို ခြိမ်းခြောက်နေတာတွေ ရပ်တန့်ဖို့ တရုတ်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဆရာဝန် အဖြစ်ကနေ နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့တဲ့ အသက် ၆၄ နှစ်အရွယ် သမ္မတလိုင်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် ထိုင်ဝမ်သမ္မတအဖြစ် ကျမ်းသစ္စာ ကျန်ဆိုခဲ့တာ ဖြစ်ပါတယ်။…

ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အီရန်သမ္မတ သေဆုံး

တီဟီရန်၊ မေ ၂၀ အီရန်သမ္မတ အီဗရာဟင် ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အဇာဘိုင်ဂျန်နယ်စပ်အနီး တောင်ထူထပ်တဲ့ဒေသမှာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားပြီ ဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက မေ ၂၀ ရက်နေ့မှာ အတည်ပြုကြေညာပါတယ်။ ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အမီရာဒိုလာဟီယံတို့ လိုက်ပါသွားတဲ့ ရဟတ်ယာဉ်ဟာ မေ ၁၉ ရက်နေ့က ပျက်ကျသွားပြီး မီးလောင်ကျွမ်းထားတဲ့ အဲဒီရဟတ်ယာဉ်အပျက်အစီးကို နှင်းမုန်တိုင်း…

ခါကိဗ်မြို့ကို အသည်းအသန် တိုက်ခိုက်နေပေမယ့် သိမ်းယူဖို့အစီအစဉ် မရှိဘူးလို့ ပူတင် ပြော

မော်စကို၊ မေ ၁၈ ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ ခါကိဗ်ကို အသည်းအသန် တိုက်ခိုက်နေပေမယ့် လောလောဆယ် သိမ်းယူဖို့ အစီအစဉ်မရှိဘူးလို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့အချိန်မှာ အဲဒီလိုအစီအစဉ်မရှိသေးတဲ့အကြောင်း တရုတ် ခရီးစဉ်အဆုံးသတ်မှာ ပူတင်က ပြောဆိုခဲ့တာပါ။ ရုရှားနယ်စပ်ဒေသအတွက် လုံခြုံရေးဇုန်ဖန်တီးရေး ခါကိဗ်မြို့ အရှေ့မြောက်ပိုင်းကို ရုရှားတပ်တွေက ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ သမ္မတပူတင်က…

နိုင်ငံနယ်နိမိတ်ကို အားမာန်အပြည့်နဲ့ ကာကွယ်သွားမယ်လို့ ဖိလစ်ပိုင် သမ္မတ ကြွေးကြော်

မနီလာ ၊မေ ၁၈ တရုတ်နဲ့ ရေပြင်နယ်နိမိတ် အငြင်းပွားမှု ပြင်းထန်လာချိန်မှာ ဖိလစ်ပိုင် သမ္မတ မားကို့စ်ဂျူနီယာက မိမိတို့ နိုင်ငံပိုင်နက်ကို အားမာန်အပြည့်နဲ့ ကာကွယ်သွားမှာ ဖြစ်ကြောင်း မေ ၁၈ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်ပိုင်ဆိုင်တဲ့ နယ်နိမိတ်ကို မလေးမစားလုပ်ပြီး ချင်းနင်းဝင်ရောက်နေသူတွေကို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဥပဒေလိုက်နာတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဥပဒေအရ၊ တာဝန်ခံမှုအရ တုံ့ပြန်သွားမယ်လို့ ဖိလစ်ပိုင်သမ္မတက…

ဖာပွန်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ KNU ထုတ်ပြန်

ဖာပွန်၊ မေ ၁၇ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်နယ်မြေထဲမှာ ပြီးခဲ့တဲ့ ၁၅ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။ မေ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ KNLA တပ်မဟာ ၅…

ဗြိတိန်သံတမန် တစ်ပတ်အတွင်း နိုင်ငံတွင်းက ထွက်သွားဖို့ ရုရှား အမိန့်ပေး

မော်စကို၊ မေ ၁၇ လျှို့ဝှက်ထောက်လှမ်းမှုနဲ့ပတ်သက်လို့ သံတမန်ရေး အငြင်းပွားမှု အရှိန်မြင့်တက်လာနေချိန်မှာ ဗြိတိန်သံတမန် တစ်ယောက်ကို ရုရှားကနေ ထွက်သွားဖို့ အချိန်တစ်ပတ်ပေးထားပါတယ်။ ဗြိတိန်ရဲ့ အခင်အမင်ပျက်စေတဲ့ ရုရှားဆန့်ကျင်ရေး လုပ်ရပ်တွေကြောင့် သံတမန်ဗိုလ်ကြီး အက်ဒရီယန် ကော့ဟဲလ်ကို ဖယ်ရှားရတာဖြစ်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေးအရာရှိဖြစ်ကြောင်း အသိမပေးဘဲ ရှိနေတဲ့ ရုရှားကာကွယ်ရေးဝန်ထမ်း တစ်ယောက်ကို…

မြန်မာနိုင်ငံသားတွေကို ကျောင်းသားဗီဇာထုတ်ပေးမှု ကန့်သတ်တာ မရှိဘူးလို့ ထိုင်း ငြင်းဆို

ဘန်ကောက်၊ မေ ၁၇ ထိုင်းနိုင်ငံမှာ ကျောင်းသားဗီဇာ လျှောက်ထားလိုသူတွေအနေနဲ့ နိုင်ငံပြင်ပကနေသာ လျှောက်ထားရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းသားဗီဇာ ထုတ်ပေးမှုမရှိဘူးဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် မြန်မာနိုင်ငံသားတွေအတွက် ပညာရေးဆိုင်ရာ ဗီဇာထုတ်ပေးမှုနဲ့ ပတ်သက်လို့ ကန့်သတ်တားမြစ်ထားတာ မရှိဘူးလို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မေ ၁၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ထိုင်းမှာ ပညာရေးဆိုင်ရာ ဗီဇာလျှောက်ထားမှု လုပ်ငန်းစဉ် အပြောင်းအလဲရှိတယ်ဆိုတဲ့…