နိုင်ငံတကာ

ရခိုင်ပြည်နယ်က စစ်ရာဇဝတ်မှုတွေကို ကုလ စုံစမ်းစစ်ဆေးနေ

ကုလသမဂ္ဂ၊ မေ ၂၇ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှာ အရှိန်မြင့်လာတဲ့ တိုက်ပွဲတွေကို စောင့်ကြည့်နေပြီး အဖိနှိပ်ခံလူနည်းစု ထောင်နဲ့ချီပြီး နှင်ထုတ်ခံရမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ကုလသမဂ္ဂ စစ်ရာဇဝတ်မှု စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား IIMM အဖွဲ့ရဲ့ မေ ၂၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်က…

ထိုင်ဝမ်အရေး တင်းမာနေချိန် အမေရိကန်နဲ့တရုတ် စစ်ဖက်ဆိုင်ရာ အကြီးအကဲတွေ တွေ့ဆုံမယ်

ဝါရှင်တန်၊ မေ ၂၅ တရုတ်ရဲ့ ထိုင်ဝမ်ကျွန်းတစ်ဝိုက် စစ်ရေးလေ့ကျင့်မှုကြောင့် တင်းမာမှုတွေ မြင့်တက်လာပြီးနောက် အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုင်း အော်စတင်ဟာ တရုတ် စစ်ဖက်ဆိုင်ရာအကြီးအကဲနဲ့ တွေ့ဆုံမယ်လို့ ပင်တဂွန်က မေ ၂၄ ရက်မှာကြေညာခဲ့ပါတယ်။ ကမ္ဘာတဝှမ်းက ကာကွယ်ရေးဝန်ကြီးတွေရဲ့ နှစ်စဉ်တွေ့ဆုံပွဲ ဖြစ်တဲ့ စင်ကာပူမှာ မေ ၃၁ ရက်နေ ဇွန် ၂ ရက်…

ထိုင်းဝန်ကြီးချုပ်ကို ထုတ်ပယ်ရေး တိုင်ကြားမှုကို တရားရုံး လက်ခံ

ဘန်ကောက်၊ မေ ၂၅ ထောင်ကျခံရဖူးတဲ့ ရှေ့နေတစ်ယောက်ကို ဝန်ကြီးများအဖွဲ့မှာ ခန့်အပ်မှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို ထုတ်ပယ်ရေး တိုင်ကြားမှုကို ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက မေ ၂၃ ရက်နေ့မှာ လက်ခံလိုက်ပါတယ်။ ပြည်သူ သန်း ၅၀ အတွက် ငွေသားတွေ ပေးဝေရေး ကြန့်ကြာနေတဲ့ ရွေးကောက်ပွဲ ကတိတည်စေဖို့ ရန်ပုံငွေရှာဖွေရေး၊ စွမ်းဆောင်ရည်…

မြန်မာ့ပြဿနာဖြေရှင်းဖို့ မရပ်မနား ကြိုးပမ်းနေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပြော

တိုကျို ၊ မေ ၂၄ စစ်ကောင်စီနဲ့ တော်လှန်ရေးအုပ်စုတွေကြား တိုက်ခိုက်နေကြတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ပဋိပက္ခတွေအဆုံးသတ်ရေး ထိုင်းအစိုးရအနေနဲ့ မရပ်မနား ကြိုးပမ်းနေကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြောကြားပါတယ်။ ထိုင်းအစိုးရအနေနဲ့ လက်ရှိအာဆီယံဥက္ကဌ လာအို၊ အခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ မြန်မာ့ပြဿနာ ဖြေရှင်းရေး ကြိုးပမ်းနေတယ်လို့ သာဗီဆင်က တိုကျိုမြို့မှာ မေ ၂၄ ရက်နေ့က ပြုလုပ်တဲ့…

အမေရိကန်ရဲ့ ဂြိုဟ်တုလမ်းကြောင်းမှာ ရုရှားက ဂြိုဟ်တုဖျက်လက်နက် လွှတ်တင်ထား

ဝါရှင်တန်၊ မေ ၂၄ ရုရှားက အမေရိကန်အစိုးရပိုင် ဂြိုဟ်တုတစ်လုံးရဲ့ လမ်းကြောင်းမှာ ဂြိုဟ်တုဖျက် လက်နက်ဖြစ်ဖွယ်ရှိတဲ့ အရာတစ်ခုကို လွှတ်တင်ထားတယ်လို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ပြောကြားခဲ့ပါတယ်။ ရုရှားက အခြားဂြိုဟ်တုတွေကို တိုက်ခိုက်နိုင်တယ်လို့ ယူဆရတဲ့ အာကာသတိုက်ခိုက်ရေး လက်နက်ဖြစ်ဖွယ်ရှိတဲ့ ဂြိုဟ်တုတစ်လုံးကို ကမ္ဘာ့ဂြိုဟ်ပတ်လမ်း အနိမ့်ပိုင်းမှာ လွှတ်တင်ထားတယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ လေတပ်ဗိုလ်မှူးချုပ် ပက်ရိုက်ဒါက မေ ၂၁…

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ဆင်ခြင်တုံတရားမဲ့တဲ့ ရန်စမှု ဖြစ်တယ်လို့ ထိုင်ဝမ် ပြော

တိုင်ပေ၊ မေ ၂၃ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းအနီး တရုတ်ရဲ့ စစ်ရေး လေ့ကျင့်မှုတွေဟာ ဆင်ခြင်တုံတရားမဲ့တဲ့ ရန်စမှုတွေဖြစ်တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးက ပြောကြားပြီး ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ခွဲထွက်ရေးသမား ပြဿနာကောင်လို့ ဘေဂျင်းကသတ်မှတ်ထားတဲ့ ဝီလီယံလိုင်က ထိုင်ဝမ်သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး သုံးရက် အကြာမှာ တရုတ်က ထိုင်ဝမ်ကျွန်းအနီး စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။…

ထိုင်းဝန်ကြီးချုပ် ထုတ်ပယ်ရေး လျှောက်ထားမှု တရားရုံး ဆုံးဖြတ်မယ်

ဘန်ကောက်၊ မေ ၂၃ ပီချစ် ချူအန်ဘန်းကို ဝန်ကြီးများ အဖွဲ့မှာ ခန့်ထားဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို ထုတ်ပယ်ရေး လျှောက်လဲထားမှု လက်ခံစဉ်းစားဖို့ သင့် မသင့် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက မေ ၂၃ ရက်နေ့မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။ မစ္စတာ ပီချစ်နဲ့ ဝန်ကြီးချုပ်တို့ဟာ ဝန်ကြီးများဆိုင်ရာ ကျင့်ဝတ်ကို ချိုးဖောက်တယ်ဆိုပြီး လွှတ်တော်အမတ်…

ဗီယက်နမ် ထိပ်တန်းလုံခြုံရေးအရာရှိ သမ္မတအဖြစ် အတည်ပြုခန့်အပ်ခံရ

ဟနွိုင်း၊ မေ ၂၂ ဗီယက်နမ် ထိပ်တန်းလုံခြုံရေး အရာရှိ တိုလမ်ကို နိုင်ငံရဲ့ သမ္မတအဖြစ် မေ ၂၂ ရက်နေ့မှာ အတည်ပြုခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ အခြေခံလွတ်လပ်ခွင့်တွေ ဖိနှိပ်ခံရပြီး ဗီယက်နမ်ထောက်လှမ်းရေး ဌာနဟာ နိုင်ငံတကာဥပဒေတွေ ချိုးဖောက်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုခဲ့တဲ့ကာလမှာ သမ္မတ တိုလမ်ဟာ ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေး ဆိုင်ရာစစ်ဆင်ရေးတွေကို ကြီးကြပ်ခဲ့သူ ဖြစ်ပါတယ်။…

အိန္ဒိယမှာ အပူချိန်မြင့်တက်လာမှုကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရ

နယူးဒေလီ၊ မေ ၂၂ ပြင်းထန်တဲ့ အပူလှိုင်းကြောင့် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ အပူချိန် ၄၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေလို့ အရာရှိတွေက နွေရာသီ အားလပ်ရက်အတွက် စာသင်ကျောင်းတွေ စောစောပိတ်ဖို့ ညွှန်ကြားထားပါတယ်။ အရမ်းပူပြင်းနေတဲ့ အပူချိန်ကြောင့် ဒေလီမြို့ အရာရှိတွေက စာသင်ကျောင်းတွေကို သတ်မှတ်ရက်ထက် ရက်အနည်းငယ် စောပြီး ပိတ်ထားဖို့ ညွှန်ကြားထားတာ ဖြစ်ကြောင်း Hindustan Times…

စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဗုဒ္ဓနေ့အခမ်းအနား (သတင်းဓာတ်ပုံ)

စင်ကာပူ မေ ၂၂ စင်ကာပူနိုင်ငံက ကုန်မန်ဆန်ဖာကတ်ဆီ ဘုန်းကြီးကျောင်းမှာ ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်တစ်စိတ်တစ်ပိုင်းအနေနဲ့ မေ ၂၁ ရက်ညနေပိုင်းမှာ “ခြေလှမ်း သုံးလှမ်း၊ တစ်ခါ ဦးချ” အစဉ်အလာအတိုင်း မြတ်စွာဘုရားရှင်ကို ဗုဒ္ဓဘာသာဝင် ရဟန်းတော်တွေနဲ့ အသက်အရွယ်စုံမှ ကိုးကွယ်ယုံကြည်သူတွေက အလေးအမြတ်ပြု ပူဇော်ခဲ့ကြပါတယ်။ ဘုန်းကြီးကျောင်း ပရဝုဏ်အတွင်းမှာ ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူ ၁ သောင်းဝန်းကျင်လောက်ဟာ အချိန် ၂…