နိုင်ငံတကာ

စစ်ခင်းလိုတဲ့ အပြုအမူတွေ မပြုလုပ်ဖို့ တရုတ်ကို ဖိလစ်ပိုင်သမ္မတ သတိပေး

စင်ကာပူ ၊ ဇွန် ၁ နှစ်နိုင်ငံကြား တင်းမာမှုတွေ အရှိန်ဆက်လက် မြင့်တက်လာနေတဲ့ တောင်တရုတ်ပင်လယ်မှာ အနီရောင်စည်းကို မကျော်ဖို့ ဖိလစ်ပိုင် သမ္မတ မားကို့စ် ဂျူနီယာက တရုတ်ကို သတိပေးလိုက်ပါတယ်။ တရုတ်ရဲ့ ရည်ရွယ်ချက်ရှိရှိ ပြုမူမှုကြောင့် ဖိလစ်ပိုင်နိုင်ငံသား တစ်ယောက်ယောက် သေဆုံးခဲ့မယ်ဆိုရင် အဲဒီလုပ်ရပ်ဟာ စစ်ခင်းလိုတဲ့ အပြုအမူနဲ့ နီးစပ်တဲ့လုပ်ရပ်လို့ ဖိလစ်ပိုင်က မှတ်ယူပြီး အလားတူ…

ဗီဇာသက်တမ်းတိုးရင် မိခင်နိုင်ငံ ပြန်လျှောက်ရမှာကြောင့် ထိုင်းရောက် မြန်မာလုပ်သားတွေ စိုးရိမ်

ဘန်ကောက်၊ ဇွန် ၁ ထိုင်းနိုင်ငံမှာ နိုင်ငံခြားအလုပ်သမားတွေ နေထိုင်ခွင့်သက်တမ်းတိုးပါက မိခင်နိုင်ငံကို ပြန်ပြီးမှ လျှောက်ထားရမယ်ဆိုတဲ့ မူဝါဒအသစ်ကြောင့် ထိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စစ်ကောင်စီအတွက် စစ်မှုထမ်းရမှာကို စိုးရိမ်နေကြောင်း အကူအညီပေးရေး အဖွဲ့တွေက ပြောဆိုနေကြပါတယ်။ စစ်ကောင်စီဟာ ရှုံးနိမ့်မှု တော်တော်များများနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အရွယ်တွေ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေကို အသက်သွင်းခဲ့ပါတယ်။…

ဥရောပနဲ့ အာရှမှာ အမေရိကန်ဒုံးကျည်တွေချထားရင် နျူကလီးယား တားဆီးရေး နောက်တစ်ဆင့်တက်မယ်လို့ ရုရှား ပြော

မော်စကို၊ မေ ၃၁ အမေရိကန်က အာရှနဲ့ ဥရောပမှာ တာလတ်နဲ့ တာတိုပစ် ဒုံးကျည်တွေ ချထားခဲ့မယ်ဆိုရင် သူတို့အနေနဲ့နျူကလီးယား တားဆီးရေးနယ်ပယ်မှာ ထပ်ဆောင်းအစီအစဉ်တွေ ပြုလုပ်သွားဖို့ရှိတယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့က နိုင်ငံပိုင် RIA သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့ စစ်အင်အား ချထားမှု ပိုများလာတာကို တုံ့ပြန်တဲ့အနေနဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ…

ကတ်တလန်ဒေသအတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေ စပိန်အစိုးရ အတည်ပြု

မက်ဒရစ် ၊မေ ၃၁ ကတ်တလန်ဒေသမှ အမျိုးသားရေးဝါဒီတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကို စပိန်အစိုးရက အတည်ပြု ပြဌာန်းလိုက်ပြီ ဖြစ်ပါတယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလကတည်းက ဥပဒေအရ အရေးယူခံရနိုင်တဲ့ ကတ်တလန်ဒေသခံ အမျိုးသားရေးဝါဒီ ၄၀၀ လောက် အကျိုးခံစားရမယ်လို့ မျှော်လင့်ရပါတယ်။ သူတို့တွေထဲက တော်တော်များများဟာ တရားမဝင်ဘူးလို့ သတ်မှတ်ခံခဲ့ရတဲ့ ၂၀၁၇ ခုနှစ် လွတ်လပ်ရေး…

ရွေးကောက်ပွဲ မတိုင်ခင် ဗြိတိန်လွှတ်တော် ဖျက်သိမ်း

လန်ဒန်၊ မေ ၃၀ ကွန်ဆာဗေးတစ်တို့ ၁၄ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် လေဘာပါတီ အာဏာရလာဖွယ်ရှိတဲ့ လာမယ့်ဇူလိုင် ၄ ရက် အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် ဗြိတိန်လွှတ်တော်ကို မေ ၃၀ ရက်နေ့မှာ ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ လွှတ်တော်အမတ်နေရာ ၆၅၀ အတွက် မဲဆွယ်မှုတွေဟာ အဲဒီနေ့ ညသန်းခေါင်ကျော်ပြီး ၁ မိနစ်မှာ စတင်နိုင်မှာဖြစ်ပါတယ်။ အများမျှော်လင့်ထားခဲ့သလို အခုနှစ်နှောင်းပိုင်းမှာကျင်းပမယ့်အစား…

အမေရိကန်ရေငုပ်သင်္ဘောတွေကို ဝေဟင်ကနေ ခြေရာခံနိုင်မယ့်စနစ် တရုတ် တီထွင်နေ

ဘေဂျင်း၊ မေ ၃၀ ထိုင်ဝမ်ကိုကျူးကျော်တိုက်ခိုက်ချိန်မှာ အန္တရာယ်ပေးလာနိုင်တဲ့ အမေရိကန်နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို လိုက်လံရှာဖွေရေး တရုတ်က ဝေဟင်ကနေ ခြေရာခံနိုင်မယ့် စနစ်သစ်တစ်ခု တီထွင်နေတယ်လို့ သိရပါတယ်။ တရုတ်ရေတပ်က ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လက်နက် ASW ဟာ ကြည်းနဲ့ရေ စစ်ဆင်ရေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ လက်နက်ဖြစ်တယ်လို့ ရှုမြင်ထားပြီး အမေရိကန် ဒါမှမဟုတ် ဂျပန်က တိုက်ခိုက်လာရင်…

ဘုရင့်နန်းတော် စော်ကားမှုနဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် အမှုရင်ဆိုင်ရမယ်

ဘန်ကောက်၊ မေ ၂၉ ဘုရင့်နန်းတော်ကို စော်ကားတယ်ဆိုတဲ့အမှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာကို ထိုင်းအစိုးရရှေ့နေချုပ်ရုံးက စွဲချက်တင်သွားမှာဖြစ်ကြောင်း အရာရှိတစ်ဦးက မေ ၂၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဝါရင့်နိုင်ငံရေးသမား ဝန်ကြီးချုပ်ဟောင်း သက်ဆင်အပေါ် သစ္စာစောင့်သိသူတွေဟာ လက်ရှိအစိုးရအဖွဲ့မှာ ပါဝင်နေတာကြောင့် ဒါဟာ သူ့အတွက် ဆုတ်ယုတ်မှုတစ်ခု ဖြစ်ပါတယ်။ သက်ဆင်ရဲ့ ညီမ ယင်လတ် ရှင်နာဝါထရာ…

PDF လူငယ်နှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှု အမှုဖွင့်နိုင်ရေး ကုလ ပြင်ဆင်

နယူးယောက်၊ မေ ၂၉ မကွေးတိုင်းမှာ PDF လူငယ်နှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ကျူးလွန်သူတွေကို ရာဇဝတ်မှုဆိုင်ရာ အမှုဖွင့်နိုင်ရေး အချက်အလက်တွေပေးအပ်ဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ကောင်စီထံ တောင်းဆိုလိုက်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင် လူငယ်နှစ်ဦးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ဖိုးတေနဲ့ အသက် ၂၂ နှစ်အရွယ် သားထောင်တို့ မီးရှို့သတ်ဖြတ်ခံရမှု ဗီဒီယို ဖိုင်တစ်ခုဟာ…

ပါပူအာ နယူးဂီနီမှာ မြေပြိုမှုကြောင့် လူ ၂၀၀၀ ကျော် သေဆုံးနိုင်

ဆစ်ဒနီ၊ မေ ၂၈ ပါပူအာ နယူးဂီနီနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ကြီးမားတဲ့မြေပြိုမှုကြောင့် လူ ၂၀၀၀ ကျော်ဟာ အသက်ရှင်လျက် မြေကြီးအောက် ရောက်သွားနိုင်တယ်လို့ အစိုးရက မေ ၂၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ မြေမျက်နှာပြင်အနေအထား ကြမ်းတမ်းမှုနဲ့ အဲဒီနေရာကို အကူအညီ ရောက်ရှိနိုင်ဖို့ ခက်ခဲတာကြောင့် အသကရှင်ကျန်ရစ်သူ အနည်းငယ်ကိုပဲ ရှာတွေ့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အမျိုးသား သဘာဝဘေးစင်တာက…

အမေရိကန်နဲ့ တောင်ကိုရီးယားက ကင်းထောက်မှုတွေ အရှိန်မြှင့်ထားတယ်လို့ မြောက်ကိုရီးယား စွပ်စွဲ

ဆိုးလ်၊ မေ ၂၇ အမေရိကန်နဲ့တောင်ကိုရီးယားတို့ဟာ ကိုရီးယားနှစ်နိုင်ငံနယ်စပ်မှာ ကင်းထောက်လှမ်းမှုကို အရှိန်မြှင့်ပြုလုပ်နေတယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲခဲ့ပြီး အချုပ်အခြာအာဏာနဲ့ လုံခြုံရေး ချိုးဖောက်ခံရပါက အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးလိုက်ပါတယ်။ အမေရိကန်က သူတို့ရဲ့ RC-135 အမျိုးအစားလေယာဉ်နဲ့ မဟာဗျူဟာကင်းထောက်လေယာဉ် U-2S၊ RQ-4B ဒရုန်းတို့နဲ့ ကိုရီးယားနှစ်နိုင်ငံ နယ်စပ်မှာ မေ ၁၃ ရက်နဲ့ ၂၄ ရက်ကြားမှာ…