နိုင်ငံတကာ

ထိုင်းမှာ ဆေးရုံတက်နေတဲ့ မြန်မာလူနာတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

ဘန်ကောက် ဇွန် ၇ ထိုင်းနိုင်ငံ မူအန်းခရိုင်က ပြည်သူ့ဆေးရုံတစ်ခုမှာ ခွဲစိတ်ကုသမှုခံယူဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာလူနာတစ်ဦးဟာ ဇွန် ၇ ရက်နေ့ အစောပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီပစ်ခတ်မှုက ခွန်ကရန်ဆေးရုံရဲ့ အမျိုးသားခွဲစိတ်လူနာအဆောက်အအုံမှာ ဖြစ်ပွားခဲ့တာဖြစ်တဲ့အကြောင်း ခရိုင်ရဲမှူးကြီး ယော့ဆာဝတ် ကရူးဆူးထန်နစ်က ပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အကြောင်း ဒေသစံတော်ချိန် မနက် ၁ နာရီလောက်မှာ…

မြန်မာ့အရေး အာဆီယံအနေနဲ့ အပြောမဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ မလေးရှားဝန်ကြီးချုပ် ပြော

ကွာလာလမ်ပူ၊ ဇွန် ၇ အာဆီယံအနေနဲ့ ဒေသဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်လို့ အာဝဇွန်း ရွှင်ရွှင်ပြောနေရုံ မဟုတ်ဘဲ ခိုင်မာတဲ့ လက်တွေ့ အရေးယူဆောင်ရွက်မှုတွေ လိုအပ်နေပြီဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က ပြောကြားခဲ့ပါတယ်။ သူက အာဆီယံရဲ့ ဒေသဆိုင်ရာ အစည်းအဝေးတွေ အမေရိကန်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယနဲ့ တောင်ကိုရီးယားတို့ ပါဝင်တဲ့ အာဆီယံအပေါင်း အစည်းအဝေးတွေကို…

မော်ရိုကိုက Youtuber တစ်ဦး ရွှေတြိဂံဒေသ မြန်မာပိုင်နက်မှာ ပျောက်ဆုံးနေ

ရွှေတြိဂံ၊ ဇွန် ၆ ရွှေကြိဂံဒေသရှိ မြန်မာပိုင်နက်မှာ ပြန်ပေးဆွဲခံထားရတဲ့ မော်ရိုကို နိုင်ငံသားတွေအကြောင်း ဖော်ပြဖို့ သွားရောက်ခဲ့တဲ့ မော်ရိုကိုနိုင်ငံသား Youtuber တစ်ဦးဟာ ထူးဆန်းတဲ့ အခြေအနေတွေနဲ့ ပျောက်ဆုံးနေကြောင်း သိရပါတယ်။ New Battuta လို့လည်း လူသိများတဲ့ မော်ရိုကိုနိုင်ငံသား အဒမ် တော်ဖစ်ဟာ မေ ၂၃ ရက်နေ့က သူ့မိသားစုနဲ့ နောက်ဆုံး အဆက်အသွယ်ရခဲ့ပါတယ်။…

ချီဗွေမှာ မြေရှားသတ္ထုမိုင်းတွင်း မြေပြိုမှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၂၀ ကျော် ပျောက်ဆုံးနေ

ချီဗွေ၊ ဇွန် ၆ ကချင်ပြည်နယ် ချီဗွေမြို့ရှိ မြေရှားသတ္ထုရှာဖွေရေး မိုင်းတွင်းတစ်ခုမှာ မြေပြိုမှုကြောင့် တရုတ်နိုင်ငံသား တစ်ဦး အပါအဝင် သေဆုံးနေသူ လူ ၅ ဦး ကို ကယ်ဆယ်ရေးသမားတွေက ဇွန် ၅ ရက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ပြီး ပိတ်မိနေသူ ၂၅ ဦးကို ဆက်လက်ရှာဖွေနေကြောင်း ဒေသခံတွေက ပြောကြားခဲ့ပါတယ်။ ချီဗွေမြို့ရှိ မြေရှားသတ္ထုမိုင်းတွင်းမှာ ဇွန်…

ရွေးကောက်ပွဲမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီအနိုင်ရတယ်လို့ ပြောပေမယ့်အတိုက်အခံတွေ အရှုံးမပေးသေး

နယူးဒေလီ၊ ဇွန် ၅ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ အာဏာဆက်လက် ရရှိနိုင်ခြေ ရှိနေပေမယ့် သူ့ရဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP ဟာ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ လွှတ်တော်တွင်းက အမတ်နေရာအများစုကို လက်လွှတ်ရနိုင်ပါတယ်။ ဝန်ကြီးချူပ် မိုဒီရဲ့ နိုင်ငံရေးအင်အားစုဟာ အမတ်နေရာ ၂၄၀ နေရာ အနိုင်ရထားပေမယ့် အစိုးရဖွဲ့ရေး အမတ်နေရာ ၃၂ နေရာ…

ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရပါက နျူကလီးယားလက်နက် အသုံးပြုဖို့ အသင့်ပြင်ထားမယ်လို့ လေဘာပါတီ ခေါင်းဆောင် ပြော

လန်ဒန် ၊ ဇွန်၅ လေဘာပါတီ ခေါင်းဆောင် ကီယာ စတာမာက သူ့အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ဝန်ကြီးချုပ် ဖြစ်လာမယ်ဆိုပါက ဗြိတိန်ကို ကာကွယ်ရေး နျူကလီးယား လက်နက်တွေ အသုံးပြုဖို့ အဆင်သင့် ပြင်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။ မိမိရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံ့လုံခြုံရေးဟာ အမြဲတမ်း ပထမ ဖြစ်နေမှာဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲနိုင်ရင် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှာ…

လာနီညာကြောင့် ဖြစ်ပေါ်လာမယ့် ရိုက်ခတ်မှုကို ထိုင်းအစိုးရ ကြိုတင်စောင့်ကြည့်နေ

ဘန်ကောက်၊ ဇွန် ၄ အယ်လ်နီညိုရာသီဥတု အခြေအနေကနေ လာနီညာရာသီဥတု အခြေအနေသို့ ပြောင်းလဲလာနိုင်ခြေကို စောင့်ကြည့်နေကြောင်း ထိုင်းစီးပွားရေးဝန်ကြီးဌာနက ဇွန် ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။ လာနီညာရာသီဥတု အခြေအနေအဖြစ် ပြောင်းလဲလာရင် အထူးသဖြင့် အဲဒီရာသီဥတုအခြေအနေနဲ့ ပတ်သက်လို့ အတိမ်းအစောင်းမခံနိုင်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုတွေနဲ့ စားနပ်ရိက္ခာ ပစ္စည်း ထုတ်လုပ်မှုတွေကို ထိခိုက်နိုင်ပြီး ထိုင်းနိုင်ငံရဲ့ ငွေဖောင်းပွမှု…

ယူကရိန်းအရေး ဆွေးနွေးပွဲမတက်ဖို့ အခြားနိုင်ငံတွေကို ဖိအားပေးမှု စွပ်စွဲချက် တရုတ် ပယ်ချ

ဘေဂျင်း ၊ဇွန် ၄ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ကျင်းပဖို့ စီစဉ်ထားတဲ့ ငြိမ်းချမ်းရေး ညီလာခံကို မတက်ရောက်ဖို့ တရုတ်က အခြားနိုင်ငံကို ဖိအားပေးနေတယ်ဆိုတဲ့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ စွပ်စွဲချက်ကို ဘေဂျင်းအစိုးရက ဇွန် ၃ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ ဇွန် ၂ ရက်နေ့က စင်ကာပူမှာ ကျင်းပနေတဲ့ လုံခြုံရေးညီလာခံမှာ ယူကရိန်းသမ္မတဇီလန်စကီးက အခုလအတွင်း…

ဂါဇာ အပစ်ရပ်ရေးအဆို အစ္စရေး လက်ခံမယ်လို့ အမေရိကန် မျှော်လင့်နေ

ဝါရှင်တန်၊ ဇွန် ၃ ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲတွေ သီတင်းခြောက်ပတ်ကြာ ရပ်ဆိုင်းထားမှုနဲ့အတူ စတင်မယ့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို ဟားမာ့စ်အဖွဲ့က လက်ခံမယ်ဆိုရင် အစ္စရေးကလည်း လက်ခံလိမ့်မယ်လို့ အမေရိကန်က မျှော်လင့်ကြောင်း အိမ်ဖြူတော်အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က သမ္မတဂျိုးဘိုင်ဒန် မိတ်ဆက်ခဲ့တဲ့ အဆင့်သုံးဆင့်ပါ သဘောတူညီမှုမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီ ပိုမိုပို့ဆောင်ရေးအပြင် စစ်ပွဲထာဝရ အဆုံးမသတ်ခင် ပါလက်စတိုင်းသား…

မက္ကစီကိုမှာ ပထမဆုံးအမျိုးသမီးသမ္မတ ရွေးကောက်ခံရ

မက္ကစီကိုစီးတီး၊ ဇွန် ၃ ရာဇဝတ်မှုထူပြောလှတဲ့ မက္ကစီကိုနိုင်ငံမှာ ရွေးကောက်ပွဲနေ့က အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပေမယ့် အမျိုးသမီးအများစု အနိုင်ရဖို့ အားသာနေတဲ့ သမ္မတရွေးကောက်ပွဲကို မက္ကစီကိုနိုင်ငံသားတွေ ဇွန် ၂ ရက်နေ့မှာ မဲပေးခဲ့ကြပါတယ်။ ဒေသဆိုင်ရာ နိုင်ငံရေးသမား နှစ်ဒါဇင်လောက် သတ်ဖြတ်ခံခဲ့ရပြီးနောက် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲပေးသူတွေကို ကာကွယ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး ချထားခဲ့ပါတယ်။ ရွေးကောက်ပွဲ…