နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် ထုတ်ပယ်ရေးအမှု လာမယ့်အပတ်အတွင်း ကြားနာဖို့ရှိ

ဘန်ကောက်၊ ဇွန် ၁၃ ထိုင်းဝန်ကြီးချုပ် ထုတ်ပယ်ခံရတဲ့ အခြေအနေအထိ ဦးတည်သွားစေနိုင်တဲ့ အမှုတစ်ခု အပါအဝင် နိုင်ငံရေးအရ စွဲချက်တင်ထားတဲ့ အမှုသုံးမှုကို တရားရုံးတွေက လာမယ့်သီတင်းပတ်အတွင်း ကြားနာစစ်ဆေးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းမှာ အစိုးရအဖွဲ့ မတည်ငြိမ်ဖြစ်နိုင်ခြပိုများလာနေပါတယ်။ ဇွန် ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်တစ်ရပ်မှာ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက ဝန်ကြီးချုပ် ဆရီသာ သာဗီဆင်အပေါ်…

အိန္ဒိယမှာ ကြက်ငှက်တုပ်ကွေး ရောဂါကူးစက်ခံရသူ ရှိခဲ့ကြောင်း WHO အတည်ပြု

နယူးဒေလီ၊ ဇွန် ၁၂ အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်မှာ ကလေးငယ် တစ်ဦးဟာ H9N2 ခေါ်တဲ့ ကြက်ငှက်တုပ်ကွေး ကူးစက်ခံခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဇွန် ၁၁ ရက်နေ့မှာ အတည်ပြုထားပါတယ်။ လူနာဟာ အသက် ၄ နှစ်အရွယ်ဖြစ်ပြီး နေကောင်းသွားလို့ ဆေးရုံက ဆင်းသွားပြီဖြစ်ကြောင်း WHO ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ…

မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု တစ်ရာခိုင်နှုန်းပဲ ရှိမယ်လို့ ကမ္ဘာ့ဘဏ် ခန့်မှန်း

ဝါရှင်တန်၊ ဇွန် ၁၂ ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အရှိန်မြင့်လာတဲ့ တိုက်ပွဲတွေ၊ လုပ်သားအင်အား ပြတ်လပ်မှုတွေနဲ့ ငွေကြေးတန်ဖိုး လျော့ကျမှုတွေကြောင့် စီးပွားရေး လုပ်ကိုင်ရ ပိုမိုခက်ခဲလာနေပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ တစ်ရာခိုင်နှုန်းပဲ ရှိမယ်လို့ ခန့်မှန်းကြောင်း ကမ္ဘာ့ဘဏ်က ဇွန် ၁၂ ရက်နေ့မှာ ဖော်ပြပါတယ်။ ၂၀၂၄ ခုနှစ် မတ်လမှာ အဆုံးသတ်တဲ့…

မြန်မာ့လက်ဝှေ့သမား ဒေ့ဗ်ကို နိုင်ငံတွင်းမှာ ယှဉ်ပြိုင်ထိုးသတ်ခွင့် ကမ္ဘောဒီးယားခွင့်မပြုဟုဆို

ဖနွမ်းပင် ဇွန် ၁၁ အသစ်ခန့်အပ်ခံထားရတဲ့ ခမာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ကော့ချဟေးက သူရာထူးမှာရှိနေသမျှကာလပတ်လုံး နာမည်ကျော် မြန်မာ့လက်ဝှေ့သမား ဒေ့ဗ် လဒုကို နိုင်ငံတွင်းမှာ ယှဉ်ပြိုင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့ကမှ ခမာလက်ဝှေ့အဖွဲ့ချုပ် အမှုဆောင်ကော်မတီကနေဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ ချဟေးက မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေ့ဗ်ရဲ့ ဆိုရှယ်မီဒီယာပေါ်က ပို့စ်တစ်ခုကို တုံ့ပြန်တဲ့အနေနဲ့…

အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ ပါတီဝင် အများစုပါဝင်တဲ့ ဝန်ကြီးများအဖွဲ့ကို မိတ်ဆက်

နယူးဒေလီ၊ ဇွန် ၁၁ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ သူ့ရဲ့ ဟိန္ဒူအမျိုးသားရေးပါတီက လွှတ်တော်တွင်း အမတ်အများစုနေရာ မရဖြစ်ခဲ့ပြီးနောက် ဇွန် ၁၀ ရက်နေ့မှာပဲ သူ့ရဲ့ ညွှန့်ပေါင်း အစိုးရအဖွဲ့ကို မိတ်ဆက်လိုက်ပါတယ်။ သူ့အစိုးရအဖွဲ့ရဲ့ အဖွဲ့ဝင် ၇၁ ဦးဟာ ဇွန် ၉ ရက်မှာ မိုဒီက ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် တဆက်တစပ်တည်း…

အစ္စရေး-ဂါဇာ အပစ်ခတ်ရပ်စဲရေး အစီအစဉ်ကို လုံခြုံရေးကောင်စီ မဲခွဲအတည်ပြု

နယူးယောက်၊ ဇွန် ၁၁ အမေရိကန် အဆိုပြုထားတဲ့ အစ္စရေး-ဂါဇာ အပစ်ခတ်ရပ်စဲရေး အစီအစဉ်ကို ထောက်ခံကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ အမေရိကန်ရဲ့ အဆိုပြုချက်တွေမှာ လုံးဝအပြည့်အဝ အပစ်ခတ် ရပ်စဲရေး၊ ဟားမာ့စ်အဖွဲ့ ဝင်တွေ ဖမ်းထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေး၊ သေဆုံးသွားတဲ့ ဓားစာခံတွေရဲ့ ကြွင်းကျန်ရစ်တဲ့ အစိတ်အပိုင်းတွေ ပြန်လည်ပေးအပ်ရေးနဲ့ ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ အလဲအလှယ်ပြုလုပ်ရေးတို့အတွက်…

ထိုင်းဖွဲ့စည်းပုံတရားရုံးကနေ ပါတီကို ဖျက်သိမ်းပိုင်ခွင့်မရှိဘူးလို့ Move Forward ပါတီ ပြော

ဘန်ကောက်၊ ဇွန် ၁၀ ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးကနေ မိမိတို့ပါတီကို ဖျက်သိမ်းပိုင်ခွင့် မရှိဘူးလို့ Move Forward Party က ပြောကြားခဲ့ပြီး ဘုရင့်နန်းတော် စော်ကားမှုနဲ့ ပတ်သက်လို့ ပါတီရဲ့ ရပ်တည်ချက်အတွက် အရင်က တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ လက်ရှိဖြစ်ပွားနေတဲ့ ပါတီဖျက်သိမ်းရေး အမှုနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ဆိုပါတယ်။ MFP ပါတီ အကြံပေးအရာရှိချုပ် ခေါင်းဆောင်ဟောင်း…

တောင်ကိုရီးယားရဲ့ ဝါဒဖြန့်ချိနေမှုကို လက်တုံ့ပြန်မယ်လို့ ကင်ဂျုံအန် ညီမ သတိပေး

ဆိုးလ်၊ ဇွန် ၁၀ နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်နေချိန် တောင်ကိုရီးယားက နယ်စပ်မှာ အသံချဲ့စက်တွေနဲ့ အသံထုတ်လွှင့်နေမှု၊ မိုးပျံပူးဖောင်းတွေနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေနေမှု မရပ်တန့်ဘူးဆိုရင် လက်တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ သြဇာကြီးမားတဲ့ ညီမဖြစ်သူ ကင်ဂျိုယောင်းက သတိပေးလိုက်ပါတယ်။ တောင်ကိုရီးယားက မိမိတို့နိုင်ငံထဲကို လက်ကမ်းစာစောင်တွေ ပို့ဆောင်နေတာ၊ နယ်စပ်မှာ အသံချဲ့စက်တွေနဲ့ အသံထုတ်လွှင့်နေမှုတွေကို အဆက်မပြတ် လုပ်ဆောင်နေမယ်ဆိုရင်…

ဖခင်ဖြစ်သူကို စိတ်အနှောင့်အယှက်ပေးတဲ့ မြန်မာလူနာကို ပစ်သတ်ခဲ့ကြောင်း ထိုင်းရဲအရာရှိ ဝန်ခံ

ဘန်ကောက် ဇွန် ၈ ထိုင်းနိုင်ငံ မူအန်းခရိုင်က ပြည်သူ့ဆေးရုံတစ်ခုမှာ မြန်မာလူနာတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ကိစ္စနဲ့ဆက်စပ်လို့ ဒေသဆိုင်ရာ ရဲအရာရှိတစ်ယောက်က အာဏာပိုင်တွေထံမှာ ဇွန် ၈ ရက်နေ့က လာရောက်အဖမ်းခံခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြပါတယ်။ အဲဒီသေနတ်သမားဟာ ခွန်ကရန်မြို့က ဆေးရုံမှာ တက်ရောက်ကုသမှုခယူနေတဲ့ သူ့ရဲ့ ဖခင်ဖြစ်သူကို စိတ်အနှောင့်အယှက်ပေးနေလို့ အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသားကို…

ဥရောပမှာ ခုခံကာကွယ်နိုင်မှု ကင်းမဲ့နေတယ်လို့ သမ္မတ ပူတင် သတိပေး

မော်စကို ၊ဇွန် ၈ ဥရောပမှာ ကြိုတင် သတိပေးစနစ်မရှိတာကြောင့် အနည်းနဲ့ အများဆိုသလို ခုခံကာကွယ်နိုင်မှု ကင်းမဲ့နေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သတိပေးပြောကြားလိုက်ပါတယ်။ ယူကရိန်းကို ကူညီပေးနေတဲ့ ဥရောပနိုင်ငံတွေကို သတိပေးလိုက်တာဖြစ်ပြီး အမေရိကန်အနေနဲ့ ဥရောပဆီကို သူတို့ရဲ့ နျူကလီးယား လက်နက်တွေ ရွှေ့ပြောင်းလာခဲ့မယ်ဆိုရင်တောင် ရုရှားမှာ ဥရောပထက် နျူကလီးယားလက်နက် ပိုများနေသေးတယ်လို့ သမ္မတပူတင်က ပြောပါတယ်။…