နိုင်ငံတကာ

စစ်ကောင်စီ လက်နက်ဝယ်ယူလို့ရအောင် ကူညီပေးတာ မရှိဘူးလို့ ထိုင်းဘဏ်တွေ ငြင်းဆို

ဘန်ကောက်၊ ဇွန် ၂၉ မြန်မာစစ်ကောင်စီအတွက် လက်နက်ဝယ်ယူနိုင်ရေး ငွေလွှဲပြောင်းပို့ဆောင်မှုတွေ လုပ်လို့ရအောင် ကူညီပေးခဲ့တာ မရှိဘူးလို့ ထိုင်းဘဏ်လုပ်ငန်းများအဖွဲ့ TBA က ဇွန် ၂၈ ရက်မှာ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ထိုင်းဘဏ်တွေအနေနဲ့ ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ရာမှာ အသုံးပြုမယ့် လက်နက်တွေ ဝယ်ယူတဲ့နေရာမှာ သူတို့ရဲ့ ဝန်ဆောင်မှုတွေ အသုံးချမခံရရေး ကြိုတင်ကာကွယ်ဖို့ အရေးကြီးကြောင်းလည်း ကြေညာချက်မှာ…

စကားစစ်ထိုးပွဲ စွမ်းဆောင်ရည် မကောင်းပေမယ့် ထရန့်ကို အနိုင်ယူမယ်လို့ ဘိုင်ဒန် ကြွေးကြော်

ဝါရှင်တန်၊ ဇွန် ၂၉ နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို အနိုင်ယူဖို့ ရည်ရွယ်ထားကြောင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ဇွန် ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။ သမ္မတဘိုင်ဒန်က ထရန့်နဲ့ စကားစစ်ထိုးပွဲ ပြုလုပ်ရာမှာ သူရဲ့ စွမ်းဆောင်ရည် မကောင်းခဲ့ကြောင်း အသိအမှတ်ပြုထားပြီး သူ့ရဲ့ ဒီမိုကရက်ပါတီဝင် အပေါင်းအပါတွေကလည်း အားမရ ဖြစ်ခဲ့ကြပါတယ်။…

လက်ဘနွန်ကို ကျောက်ခေတ်ရောက်အောင် ပြန်ပို့ပစ်နိုင်တယ်လို့ အစ္စရေး ခြိမ်းခြောက်

ဂျေရုဆလင်၊ ဇွန် ၂၉ အိမ်နီးချင်း လက်ဘနွန်နဲ့ စစ်မဖြစ်လိုပေမယ့် အဲဒီနိုင်ငံကိုကျောက်ခေတ်ပြန်ရောက်သွားအောင် လုပ်ပစ်နိုင်တယ်လို့ အစ္စရေးက ခြိမ်းခြောက်လိုက်ပါတယ်။ အဲဒီလို ပဋိပက္ခတစ်ခု ဖြစ်ပွားရင် ကမ္ဘာပျက်သလို ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး အကြီးအကဲက သတိပေးထားချိန်မှာ အခုလိုမျိုး ခြိမ်းခြောက်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အီရန် ထောက်ပံ့ထားတဲ့ လက်ဘနွန်ရှိ ဟစ်ဇဘိုလာ အဖွဲ့ရဲ့ မဟာမိတ်…

တရုတ်ကွန်မြူနစ်ပါတီက ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကို အကျင့်ပျက်ခြစားမှုနဲ့ ထုတ်ပယ်

ဘေဂျင်း၊ဇွန် ၂၈ တရုတ်နိုင်ငံကို အုပ်ချုပ်နေတဲ့ ကွန်မြူနစ်ပါတီက ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးဖြစ်တဲ့ လီရှန်ဖူနဲ့ သူ့အရင် ကာကွယ်ရေးဝန်ကြီး ဝေဖမ်ဂီတို့ကို စည်းကမ်းပြင်းပြင်းထန်ထန် ချိုးဖောက်မှုနဲ့ ဇွန် ၂၇ ရက်မှာ ထုတ်ပယ်လိုက်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြပါတယ်။ စည်းကမ်း ချိုးဖောက်တယ်ဆိုတဲ့ ကွန်မြူနစ်ပါတီရဲ့ အသုံးအနှုန်းဟာ အကျင့်ပျက် ခြစားမှုကို ရည်ညွှန်းတာလည်း ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဟောင်း လီဟာ လာဘ်ငွေ…

မြန်မာစစ်တပ်ကို ဘဏ္ဍာရေး ဝန်ဆောင်မှုပေးရာမှာ ထိုင်းဘဏ်တွေ ထိပ်ဆုံးက ပါဝင်နေ

ဘန်ကောက်၊ ဇွန် ၂၇ မြန်မာစစ်ကောင်စီအတွက် နိုင်ငံတကာ ဘဏ္ဍာရေး ဝန်ဆောင်မှုပေးရာမှာ ထိုင်းဘဏ်တွေဟာ အဓိကဝန်ဆောင်မှုပေးတဲ့ ဘဏ်တွေ ဖြစ်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တွမ် အန်ဒရူးရဲ့ ဇွန် ၂၆ ရက်မှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီလိုဝန်ဆောင်မှုတွေ ပေးနေတာကြောင့် စစ်ကောင်စီဟာ ဒီမိုကရေစီ လိုလားတဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုင်ရင်းသားလက်နက်ကိုင်တပ်တွေကို ဆိုးရွားတဲ့တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်တဲ့…

ယူကရိန်းစစ်ပွဲဆီ မြောက်ကိုရီးယားစစ်သားတွေ စေလွှတ်ရင် အမြောက်စာ ဖြစ်သွားမယ်လို့ ပင်တဂွန် ခြိမ်းခြောက်

ဝါရှင်တန်၊ ဇွန် ၂၇ ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားက စစ်သားတွေ စေလွှတ်ခဲ့မယ်ဆိုရင် အမြောက်စာ ဖြစ်သွားလိမ့်မယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ခြိမ်းခြောက်လိုက်ပါတယ်။ ဇွန် ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ပင်တဂွန် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ပက်ရိုက်ဒါကို သတင်းထောက် တစ်ယောက်က မြောက်ကိုရီးယား ဆောက်လုပ်ရေးနဲ့ အင်ဂျင်နီယာ လုပ်ငန်းတွေဟာ…

ရုရှားစစ်ဖက်ဆိုင်ရာ ထိပ်တန်းအရာရှိ နှစ်ဦးကို စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်

သည်ဟေ့ဂ်၊ ဇွန် ၂၆ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC က ရုရှား ကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂျီ ရှိုဂူးနဲ့စစ်ဦးစီးချုပ် ဘာလာရီ ဂျီရာဆီမော့ဗ်တို့ကို ဖမ်းဝရမ်း ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ ရုရှားအရာရှိ နှစ်ဦးဟာ ယူကရိန်းစစ်ပွဲအတွင်း စစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ သံသယရှိကြောင်း ICC တရားသူကြီးတွေက ပြောပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလနဲ့…

ရွေးကောက်ပွဲဆိုင်ရာ အလောင်းအစား ၃ ခု ပြုလုပ်ခဲ့ကြောင်း ဗြိတိန်အစိုးရဝန်ကြီး ဝန်ခံ

လန်ဒန်၊ ဇွန် ၂၆ ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆွန်နက်က ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို အမှတ်မထင် မကြေညာခင် သီတင်းပတ်အနည်းငယ်အလိုမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် ရက်စွဲနဲ့ ပတ်သက်လို့ အလောင်းအစား ၃ ခုကို ပြုလုပ်ခဲ့ကြောင်း အစိုးရအဖွဲ့ဝင် ကွန်ဆာဗေးတစ်ဝန်ကြီး တစ်ဦးက ဝန်ခံလိုက်ပါတယ်။ စကော့တလန်ဝန်ကြီး အလီဆာ ဂျက်က ပြီးခဲ့တဲ့ မတ်လအတွင်း အလောင်းအစား နှစ်ကြိမ်…

မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၂၆၀၀၀ ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ဘန်ကောက်၊ ဇွန် ၂၅ အခုလ လဆန်းပိုင်းက ဘန်ကောက်မြို့နဲ့ အနီးအနား ပြည်နယ်တွေမှာ ၈ ရက်ကြာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့ဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက ရွှေ့ပြောင်း အလုပ်သမား ၂၆၀၀၀ ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအစိုးရက ပြောပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေ အများကြီး ဝင်ရောက်လာမှုနဲ့ ပတ်သက်လို့ တိုင်ကြားချက်တွေ အများကြီး ရှိလာတာကြောင့်…

ပထမအသုတ် ခေါ်ယူထားတဲ့ စစ်မှုထမ်း ၅၀၀၀ အခုလကုန်မှာ တာဝန်ထမ်းဆောင်ရတော့မယ်

နေပြည်တော်၊ ဇွန် ၂၅ စစ်ကောင်စီက စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးအသုတ်အဖြစ် ခေါ်ယူထားသူ ၅၀၀၀ ကို အခုလကုန်မှာ တာဝန်စပေးတော့မယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေက AFP သတင်းဌာနကို ဇွန် ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။ အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ စစ်သားအင်အား ပြတ်လပ်မှုနဲ့ ကြုံနေရတဲ့ စစ်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပါတယ်။ အဲဒီဥပဒေအရ မြန်မာစစ်တပ်အနေနဲ့…