နိုင်ငံတကာ

နိုဘယ်ငြိမ်းချမ်းဆုရှင် အမေရိကန်သမ္မတဟောင်း အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်

ပလိန်းစ်၊ ဒီဇင်ဘာ ၃၀ ၃၉ ယောက်မြောက် အမေရိကန်သမ္မတ၊ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဂျင်မီကာတာဟာ အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်း ကာတာ စင်တာက ဒီဇင်ဘာ ၂၉ ရက် ကြေညာချက်မှာ ဖော်ပြပါတယ်။ ၁၉၇၇ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်အထိ သမ္မတရာထူး တာဝန် ထမ်းဆောင်ခဲ့တဲ့ ကာတာဟာ သူ့ရဲ့…

တောင်ကိုရီးယားမှာ Jeju Air လေယာဉ်ပျက်ကျမှုအတွင်း အနည်းဆုံး ၂၈ ဦးသေဆုံး

ဆိုးလ် ဒီဇင်ဘာ ၂၉ တောင်ကိုရီးယားနိုင်ငံရှိ မူအန်းနိုင်ငံတကာလေဆိပ်မှာ ဒီဇင်ဘာ ၂၉ ရက်နေ့က လေယာဉ်တစ်စီးဟာ ပြေးလမ်းပေါ်မှာ ပေါက်ကွဲပြီး နံရံနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်အတွင်း အနည်းဆုံး လူ ၄၇ ဦးသေဆုံးထားကြောင်း ယွန်ဟက်သတင်းဌာနက ထုတ်ပြန်ပါတယ်။ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ကနေ ခရီးသည် ၁၇၅ ဦးနဲ့ ယာဉ်အမှုထမ်း ၆ ဦးကို တင်ဆောင်လာတဲ့ Jeju Air…

အရက်မူးပြီး ယာဉ်မောင်းနှင်သူတွေကို ထိုင်းအစိုးရက ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်မယ်

ဘန်ကောက်၊ ဒီဇင်ဘာ ၂၈ ထိုင်းနိုင်ငံမှာ အရက်မူးပြီး ကားမောင်းသူတွေအနေနဲ့ မကြာခင် ပိုမို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဆူရီယာ ဂျွန်ရွမ်ရီယန်ကစ်က ကြေညာပါတယ်။ ယာဉ် မတော်တဆမှု လျှော့ချနိုင်ရေး ရည်ရွယ်တဲ့ ပိုမို တင်းကြပ်တဲ့ ဥပဒေတွေ ပြဌာန်းရေး ထိုင်းအစိုးရက ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။ အထူးသဖြင့် အရက်မူးပြီး ကားမောင်းတာ၊…

အမေရိကန်က ယူကရိန်းသို့ ဒေါ်လာ ၁ ဒသမ၂၅ ဘီလီယံ တန်ဖိုးရှိ လက်နက်တွေ ထပ်မံပေးပို့မယ်

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၈ ဇန်နဝါရီ ၂၀ ရက်မှာ ရာထူးကနေ မထွက်ခင် ဘိုင်ဒန်အစိုးရက ယူကရိန်းအတွက် စစ်ရေးအကူအညီ တတ်နိုင်သမျှ ပေးပို့ရေး ကြိုးပမ်းနေချိန်မှာ ယူကရိန်းအတွက် ကန်ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံ တန်ဖိုးရှိ စစ်ရေး အကူအညီပေးရေး ကြေညာသွားမှာ ဖြစ်ကြောင်း အမေရိကန် အရာရှိတွေက ဒီဇင်ဘာ ၂၇ ရက်မှာ…

တောင်ကိုရီးယား ယာယီသမ္မတ စွပ်စွဲပြစ်တင်ခံရ

ဆိုးလ်၊ ဒီဇင်ဘာ ၂၇ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ကို စွပ်စွဲပြစ်တင်ဖို့ လွှတ်တော်က မဲခွဲ ဆုံးဖြတ်ခဲ့ပြီးနောက် သီတင်းနှစ်ပတ်မပြည့်ခင်မှာပဲ နိုင်ငံ ဝန်ကြီးချုပ်နဲ့ ယာယီသမ္မတ ဟန်ဒက်ဆူးအပေါ် စွပ်စွဲ ပြစ်တင်မယ့် အဆိုကို အတိုက်အခံ လွှတ်တော်အမတ်တွေက တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီက အမည်စာရင်း တင်သွင်းထားတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံတရားရုံး တရားသူကြီးတွေကို ခန့်အပ်ဖို့ ယာယီသမ္မတ…

အကြီးတန်းအရာရှိတွေအား သတ်ဖြတ်မယ့် ယူကရိန်းရဲ့ အကြံအစည်ကို တားဆီးနိုင်ခဲ့တယ်လို့ ရုရှား ပြော

မော်စကို၊ ဒီဇင်ဘာ ၂၇ အားသွင်းဘက်ထရီတွေနဲ့ စာရွက်စာတမ်း ခေါက်သိမ်း ကိရိယာတွေလို ပုံဖျက်ထားတဲ့ ဗုံးတွေနဲ့ မော်စကိုမြို့ရှိ အဆင့်မြင့် ရုရှားအရာရှိတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ပစ်မှတ်ထား လုပ်ကြံ သတ်ဖြတ်နိုင်ဖို့ ယူကရိန်း ထောက်လှမ်းရေးအဖွဲ့ရဲ့ အကြံအစည်တွေကို တားဆီးနိုင်ခဲ့ကြောင်း ရုရှား ဖက်ဒရယ် လုံခြုံရေးဌာနက ဒီဇင်ဘာ ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ…

မလေးရှားမှာ မြန်မာရွှေ့ပြောင်းနေထိုင်သူ ၁၀၀၀ နီးပါး ဖမ်းဆီးခံရ

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၇ မလေးရှားအစိုးရရဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို သူတို့မိခင်နိုင်ငံတွေဆီ ပြန်လည်ပို့ဆောင်ရေး စီမံချက်ကြောင့် အခု ဒီဇင်ဘာလအတွင်း နိုင်ငံတွင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူ ၁၀၀၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ မြန်မာအလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေကို ၁၄ ရက်အတွင်း ရုံးတင်ပြီး ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိပြီးတာနဲ့ ထောင်ဒဏ် လေးလ ချမှတ်ခံရလေ့ရှိကြောင်း မလေးရှားရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ…

ယူကရိန်း-ရုရှား စစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးကြဖို့ ပုပ်ရဟန်း မင်းကြီး တိုက်တွန်း

ဗာတီကန်စီးတီး၊ ဒီဇင်ဘာ ၂၆ ၂၀၂၂ ခုနှစ်အတွင်း ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်မှုကြောင့် စတင်ခဲ့တဲ့ စစ်ပွဲ အဆုံးသတ်ရေး ရုရှားနဲ့ ယူကရိန်းကြား ညှိနှိုင်းမှုတွေ ပြုလုပ်ကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။ အစဉ်အလာအရ မိန့်ကြားတဲ့ ခရစ်စမတ် မိန့်ခွန်းထဲမှာ ပုပ်ရဟန်းမင်းကြီးက နှစ်နိုင်ငံကြား ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိစေရေးနဲ့ ဆွေးနွေးညှိနှိုင်းရေး တံခါးကို ဖွင့်လှစ်ဖို့…

ဦးခေါင်းနဲ့အမြီးဖြူ လင်းယုန်ငှက်ကို အမေရိကန်ရဲ့ နိုင်ငံတော်အထိမ်းအမှတ်ငှက်အဖြစ် တရားဝင်သတ်မှတ်

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၆ ဦးခေါင်းဖြူနဲ့ နှုတ်သီးဝါ အမဲလိုက်ငှက်တွေအတွက် ဂုဏ်ပြုတဲ့ ဥပဒေကို သမ္မတ ဂျိုး ဘိုင်ဒန်က ခရစ်စမတ် အကြိုနေ့က လက်မှတ်ရေးထိုး အတည်ပြုလိုက်တာကြောင့် ဦးခေါင်းနဲ့ အမြီးဖြူ လင်းယုန်ငှက်တွေဟာ အခုအချိန်မှာ အမေရိကန်ရဲ့ တရားဝင် နိုင်ငံတော် အထိမ်းအမှတ် ငှက်တွေ ဖြစ်လာပါတယ်။ အဲဒီ လင်းယုန်ငှက်တွေကို အမေရိကန် နိုင်ငံတော်သင်္ကေတ အဖြစ်…

အမေရိကန်ဆီက တိုင်ဖွန်းဒုံးကျည်စနစ် ဝယ်ယူမယ်လို့ ဖိလစ်ပိုင် ပြော

မနီလာ၊ ဒီဇင်ဘာ ၂၅ ကိုယ်ပိုင် ရေပြင် အကျိုးစီးပွားများ လုံခြုံစေရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန် တိုင်ဖွန်း ဒုံးကျည်စနစ် ဝယ်ယူဖို့ စီစဉ်ထားကြောင်း ဖိလစ်ပိုင်နိုင်ငံက ပြောကြားလိုက်တာကြောင့် တရုတ်ဘက်က ဒေသဆိုင်ရာ လက်နက်ပြိုင်ဆိုင်မှု ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သတိပေးမှုတွေ ထွက်ပေါ်လာပါတယ်။ အမေရိကန်က သူတို့ရဲ့ ကာလရှည် မဟာမိတ် ဖိလစ်ပိုင်နဲ့ နှစ်စဉ် ပူးတွဲ…