ပါကစ္စတန်တက္ကသိုလ်ဗုံးခွဲမှုတရုတ်နိုင်ငံသား ဆရာမသုံးဦးနဲ့ယာဉ်မောင်းသေဆုံးဆရာဒဏ်ရာ ပြင်းထန်
ကရာချီ – ဧပြီ (၂၈) ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့ ကရာချိမြို့မှာရှိတဲ့ တရုတ်ဘာသာစကား သင်ကြားရေး စင်တာ အနီးမှာ အသေခံဗုံးဖောက်ခွဲမှုလို့ ယူဆရတဲ့ ကားဗုံးပေါက်ကွဲမှုမှာ တရုတ်နိုင်ငံသား ဆရာမ သုံးဦးနဲ့ ယာဉ်မောင်းတစ်ဦးတို့ သေဆုံးခဲ့ရပြီး ဆရာတစ်ယောက် ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။ ဧပြီ လ ၂၆ရက် ညနေပိုင်းကဖြစ်ခဲ့တဲ့ ဒီပေါက်ကွဲမှုဟာ ကရာချီတက္ကသိုလ်ရဲ့ ကွန်ဖြူးရှပ် အင်စတီ ကျုအနီးက…