နိုင်ငံတကာ

ယူကရိန်းမှာ နေတိုးအဖွဲ့ရဲ့ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေ ချထားမယ့် အစီအစဉ် ရုရှား ပယ်ချ

မော်စကို၊ ဇန်နဝါရီ ၂၄ ရုရှားနဲ့ အပစ်ခတ်ရပ်စဲထားတဲ့အချိန် ယူကရိန်းမှာ နေတိုးအဖွဲ့ဝင် နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေ ချထားမယ့် အစီအစဉ်ကို ရုရှားက ဇန်နဝါရီ ၂၃ ရက်မှာ ပယ်ချလိုက်ပြီး အဲဒီလိုလုပ်ရပ်က ထိန်းချုပ်မရတဲ့ အရှိန်မြင့်တက်မှု ဖြစ်စေနိုင်တဲ့ အန္တရာယ် ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ အဲဒီအစီအစဉ်ဟာ ရုရှားအတွက် လုံးဝ လက်ခံနိုင်စရာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန…

ထိုင်းမှာ LGBTQ စုံတွဲ ရာပေါင်းများစွာ တရားဝင် လက်ထပ်

ဘန်ကောက်၊ ဇန်နဝါရီ ၂၃ ထိုင်းနိုင်ငံမှာ လိင်တူထိမ်းမြားခွင့်ဥပဒေ အသက်ဝင်လာခဲ့ပြီးနောက် ဇန်နဝါရီ ၂၃ ရက်မှာ လူသိထင်ရှား လိင်တူအမျိုးသား စုံတွဲ တစ်တွဲ အပါအဝင် နိုင်ငံတဝန်းရှိ LGBTQ စုံတွဲ ရာပေါင်းများစွာ လက်ထပ်ခဲ့ကြပါတယ်။ ထိုင်း သရုပ်ဆောင်ဖြစ်တဲ့ အသက် ၄၉ နှစ်အရွယ် အပီဝတ်ဆေယီနဲ့ အသက် ၃၈ နှစ်အရွယ် ဆပ်ဖန်ယိုတို့ဟာ ဆင်တူ…

ယူကရိန်းစစ်ပွဲ အဆုံးမသတ်ရင် ပိတ်ဆိုမှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ ပူတင်ကို ထရန့် သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ သမ္မတ ဗလာဒီမာ ပူတင် ပျက်ကွက်ခဲ့ရင် ရုရှားအပေါ် အခွန်တွေ တိုးမြှင့်ပြီး နောက်ထပ် အရေးယူပိတ်ဆို့မှု အသစ်တွေ ပြုလုပ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သတိပေးလိုက်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်လူမှုမီဒီယာ Truth ပေါ်မှာ သမ္မတ ထရန့်က ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး သူ့ရဲ့…

ယူကရိန်းအရေး ပူတင် မဆွေးနွေးရင် ရုရှားကို အရေးယူပိတ်ဆို့မယ်လို့ ထရန့် ခြိမ်းခြောက်

ဝါရှင်တန်၊ ဇန်နဝါရီ ၂၂ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးညှိနှိုင်းဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ငြင်းဆိုခဲ့မယ်ဆိုရင် ရုရှားကို အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဇန်နဝါရီ ၂၁ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဖြစ်လာနိုင်ခြေရှိတဲ့ နောက်ထပ် အရေးယူပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကို သမ္မတ ထရန့်က ထုတ်ဖော်ပြောဆိုတာ…

လွှတ်တော်အမတ်တွေကို ဖမ်းဆီးရေး အမိန့်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် တောင်ကိုရီးယားသမ္မတ ငြင်းဆို

ဆိုးလ်၊ ဇန်နဝါရီ ၂၂ စစ်အုပ်ချုပ်ရေး ဥပဒေကြေညာဖို့ ကြိုးပမ်းခဲ့ချိန်မှာ လွှတ်တော်အမတ်တွေ ဖမ်းဆီးရေး အမိန့်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ခ်ယိုလ်က သူ့ရဲ့ စွပ်စွဲ ပြစ်တင်ခံရမှု ပထမဆုံး ရုံးချိန်းအတွင်း ပယ်ချလိုက်ပါတယ်။ သမ္မတ ယွန်ကို စွပ်စွဲ ပြစ်တင်ဖို့ လွှတ်တော်အမတ်တွေက ပြီးခဲ့တဲ့လမှာ မဲခွဲ ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီနောက် သူ့ကို ရာထူးက…

ရွှေရောင်ခေတ်ကို ရောက်လာစေရမယ်လို့ ၄၇ ဦးမြောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကတိပြု

ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ ဒေါ်နယ်ထရန့်က သမိုင်းဝင် ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ဇန်နဝါရီ ၂၀ ရက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ရွှေရောင်ခေတ်ကိုရောက်လာစေရမယ်လို့ ကတိပြုလိုက်ပါတယ်။ ဒါပေမဲ့ အမေရိကန် အင်အား လျော့နေတယ်ဆိုတဲ့ အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ သူ့ရဲ့ သဘောထား တင်းမာတဲ့ မူဝါဒတွေ ချပြခဲ့ပါတယ်။ ၄၇ ဦးမြောက် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက်…

ပါရီ ရာသီဥတု သဘောတူညီမှုကနေ အမေရိကန် ထပ်မံ နုတ်ထွက်

ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ သမ္မတ ဒေါ်နယ်ထရန့်က ပါရီ ရာသီဥတု သဘောတူညီမှုကနေ အမေရိကန်ကို ဇန်နဝါရီ ၂၀ ရက်မှာ ထပ်မံ နုတ်ထွက်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒါက ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုကနေ သမိုင်းဝင် ကာဗွန်ဒိုင်အောက်ဆိုက် အများဆုံး ထုတ်လွှတ်နေတဲ့ အမေရိကန်ကို ဆယ်စုနှစ်တစ်ခုအတွင်း ဒုတိယမြောက် နုတ်ထွက် စေလိုက်တာ…

ရွေးကောက်ပွဲ မဟုတ်ဘဲ ငြိမ်းချမ်းရေးကို ဦးစားပေးရမယ်လို့ စစ်ကောင်စီကို အာဆီယံ တိုက်တွန်း

လန်ကာဝီ၊ ဇန်ဝါရီ ၂၀ စစ်ကောင်စီအနေနဲ့ ရန်လိုတိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ပြီး ဆွေးနွေးမှုတွေ စတင်ဖို့ ချက်ချင်း ဆောင်ရွက်သင့်ပြီး ရွေးကောက်ပွဲက ဦးစားပေးရမယ့် ကိစ္စ မဟုတ်ဘူးလို့ အာဆီယံနိုင်ငံတွေက ဇန်ဝါရီ ၁၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရှိ စစ်ခင်းနေတဲ့ အဖွဲ့တွေ အားလုံး တိုက်ခိုက်မှုတွေ ရပ်တန့်ရေးနဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီ ပေးမှု…

ထရန့် ကတိပေးပြီးနောက် အမေရိကန်မှာ TikTok ဝန်ဆောင်မှု ပြန်လည် ရရှိ

ဝါရှင်တန်၊ ဇန်ဝါရီ ၂၀ ဇန်နဝါရီ ၂၀ ရက် သမ္မတရာထူး လက်ခံချိန်မှာ TikTok အက်ပလီကေးရှင်း ပြန်လည် သုံးစွဲခွင့်ပြုရေး အထူးအမိန့် တစ်ရပ် ထုတ်ပြန်သွားမယ်လို့ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့်က ပြောကြားလိုက် ပြီးနောက် အမေရိကန်ရှိ TikTok အသုံးပြုသူ သန်း ၁၇၀ ကျော် ပြန်လည် အသုံးပြုခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။ အမေရိကန်…

ထရန့်ရဲ့ စီးပွားရေးအစီအစဉ်တွေကြောင့် ငွေကြေးဖောင်းပွနိုင်တယ်လို့ IMF အကြီးအကဲ သတိပေး

ဝါရှင်တန် ဇန်နဝါရီ ၁၈ မကြာခင် အမေရိကန်သမ္မတအဖြစ် တာဝန်ယူတော့မယ့် ဒေါ်နယ်ထရန့်ရဲ့ စီးပွားရေးအစီအစဉ်တွေကြောင့် နိုင်ငံတွင်းမှာ ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အကြီးအကဲ စီးပွားရေးပညာရှင် ပီယာ အိုလီဗာ ဂေါ်ရင်ချက်စ်က ပြောကြားလိုက်ပါတယ်။ အခွန်စည်းကြပ်မှုတွေ တိုးမြှင့်ဖို့နဲ့ လူဝင်မှုကြီးကြပ်ရေး ကန့်သတ်ဖို့ဆိုတဲ့ ထရန့်ရဲ့ အဆိုပြုချက်တွေက စီးပွားရေးအတွက် ထောက်ပံ့ပေးမှုတွေကို ကန့်သတ်မှုတွေ…