နိုင်ငံတကာ

မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကြောက်စရာကောင်းလောက်အောင် ပိုများလာတယ်လို့ ကုလ ပြော

ဂျီနီဗာ၊ သြဂုတ် ၁၄ မြန်မာ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ကြောက်စရာ ကောင်းလောက်အောင် ပိုများလာနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက သတိပေးလိုက်ပါတယ်။ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေ၊ ကလေးသူငယ်တွေ အပေါ် စော်ကားမှုတွေဟာ စစ်ကောင်စီ လက်ထက်မှာ ပိုများလာတယ်လို့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုများ စုံစမ်းစစ်ဆေးရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ရဲ့…

အရှေ့အလယ်ပိုင်းသို့ ရေငုပ်သင်္ဘောတစ်စီး အမေရိကန် စေလွှတ်

ဝါရှင်တန်၊ သြဂုတ် ၁၂ အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုင်း အော်စတင်က ပဲ့ထိန်း ဒုံးကျည်တပ် ရေငုပ်သင်္ဘော တစ်စီးကို အရှေ့အလယ်ပိုင်းမှာ ချထားရေး ညွှန်ကြားထားပါတယ်။ ယူအက်စ်အက်စ် အေဗရာ ဟန်လင်ကွန်း လေယာဉ်တင်သင်္ဘော ပါဝင်တဲ့ တိုက်ခိုက်ရေး ရေယာဉ်အုပ်စုကိုလည်း အဲဒီဒေသဆီကို ပိုပြီး မြန်မြန်ဆန်ဆန် သွားရောက်ရေး ဝန်ကြီး အော်စတင်က ညွှန်ကြားထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ်…

အီရန်ရဲ့ လုံခြုံရေးအတွက် ခုခံကာကွယ်မှုကို တရုတ် ထောက်ခံ

ဘေဂျင်း၊ သြဂုတ် ၁၂ အီရန်ရဲ့ အချုပ်အခြာ အာဏာ၊ လုံခြုံရေးနဲ့ နိုင်ငံတော် ဂုဏ်သိက္ခာ အတွက် ခုခံကာကွယ်ရာမှာ တီဟီရန်ကို တရုတ်က ထောက်ခံကြောင်း သြဂုတ် ၁၁ ရက်က ဖုန်းခေါ်ဆိုမှု တစ်ရပ်အတွင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက အီရန် ယာယီ နိုင်ငံခြားရေးဝန်ကြီးကို ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃၁…

အစ္စရေးကို ပြင်းပြင်းထန်ထန် အရေးယူဖို့ အီရန်ခေါင်းဆောင် ညွှန်ကြား

တီဟီရန်၊ သြဂုတ် ၁၀ တီဟီရန်မြို့မှာ ဟားမာ့စ်ခေါင်းဆောင် တစ်ဦးကို လုပ်ကြံသတ်ဖြတ်မှု အတွက် အစ္စရေးကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း တော်လှန်ရေးအစောင့်တပ်ဖွဲ့ ဒုတိယအကြီးအကဲက သြဂုတ် ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ အီရန်ထိပ်တန်း ခေါင်းဆောင်က အာဇာနည် အစ္စမေးလ် ဟာနီယာရဲ့…

ထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ်ဟောင်း ဟာဆီနာ ဘင်္ဂလားဒေ့ချ် ပြန်လာမယ်လို့ သားဖြစ်သူ ပြော

ဒါကာ၊ သြဂုတ် ၁၀ ရာထူးက နုတ်ထွက်ပြီး နိုင်ငံကနေ ထွက်ပြေးသွားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာဟာ ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်ကို ကြေညာချိန်ပြီးချိန်မှာ ဘင်္ဂလားဒေ့ချ်သို့ ပြန်လာမှာ ဖြစ်ကြောင်း သားဖြစ်သူ ဆာဂျစ် ဝါဇက် ဂျွိုင်းက ပြောကြားလိုက်ပါတယ်။ ဆိုးဆိုးရွားရွား မငြိမ်မသက်မှုတွေ ဖြစ်ပြီးတဲ့နောက် ဘင်္ဂလားဒေ့ချ်က ထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ်ဟောင်း ဟာဆီနာဟာ လောလောဆယ်…

မြန်မာ့ပြဿနာ ဖြေရှင်းရေး အာဆီယံ သုံးနိုင်ငံ အပေါင်း ဆွေးနွေးဖို့ ပြင်ဆင်

ဘန်ကောက်၊ သြဂုတ် ၉ မြန်မာ့ပြဿနာ ဖြေရှင်းရေး အာဆီယံ သုံးနိုင်ငံ အပေါင်း အစည်းအဝေးကို ယခုနှစ် အာဆီယံ အစည်းအဝေးပြီးနောက်မှာ ကျင်းပနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ် ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ဗီယန်ကျန်းမြို့မှာ ကျင်းပခဲ့တဲ့ ၅၇ ကြိမ်မြောက် အာဆီယံ ဝန်ကြီးများ အစည်းအဝေးမှာ ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို ယခုနှစ်…

ဒေါ်နယ်ထရန့်ဟာ ဒီမိုကရေစီအတွက် အန္တရာယ်လို့ ဘိုင်ဒန်နဲ့ ဟားရစ် သတိပေး

ဒက်ထရွိုက်၊ သြဂုတ် ၈ ဒေါ်နယ်ထရန့်သာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရင် ငြိမ်းငြိမ်းချမ်းချမ်း ဝန်ခံလိမ့်မယ်လို့ မိမိအနေနဲ့ အယုံအကြည် မရှိဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။ သူနဲ့ ယှဉ်ပြိုင်ရမယ့် ဒုသမ္မတ ကာမယ်လာ ဟားရစ်က ဒေါ်နယ်ထရန့်သာ ရွေးကောက်ပွဲ အနိုင်ရခဲ့ရင် အမေရိကန်နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်တွေကို တားဆီးမယ့် ဥပဒေမဲ့ အစိုးရတစ်ရပ် ထွက်ပေါ်လာလိမ့်မယ်လို့ ပြောကြားထားပါတယ်။…

ထိုင်းအတိုက်ခံပါတီ ဖျက်သိမ်းမှု အီးယူ၊ အမေရိကန်၊ ကုလနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ပြစ်တင်ရှုတ်ချ

ဘန်ကောက်၊ သြဂုတ် ၈ ထိုင်းနိုင်ငံမှာ လူကြိုက်များတဲ့ ပြုပြင်ပြောင်းလဲရေး Move Forward ပါတီ ဖျက်သိမ်းဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အီးယူ၊ အမေရိကန်၊ ကုလနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြစ်တင် ရှုတ်ချလိုက်ကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက နိုင်ငံတွင်းမှာ လူကြိုက် အများဆုံး နိုင်ငံရေးသမား ဖိထာ အပါအဝင် ပါတီရဲ့ အကြီးတန်း…

ဘင်္ဂလားဒေ့ချ် ယာယီအစိုးရအဖွဲ့ကို နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဦးဆောင်မယ်

ဒါကာ၊ သြဂုတ် ၇ ရာထူးက နုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာရဲ့ ကာလကြာရှည် နိုင်ငံရေးရန်ဖက်ဖြစ်တဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မူဟာမက် ယူနာ့စ်ကို ဘင်္ဂလားဒေ့ချ်နိုင်ငံရဲ့ ယာယီ ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဆိုးဆိုးရွားရွား မငြိမ်သက်မှုတွေ သီတင်းပတ်များစွာကြာ ဖြစ်ပွားပြီးနောက် ဝန်ကြီးချုပ် ဟာဆီနာ နိုင်ငံတွင်းက ထွက်ပြေးသွားပြီး တစ်ရက်အကြာမှာ အသက် ၈၄ နှစ်အရွယ်…

ထိုင်းအတိုက်အခံ Move Forward ပါတီ ဖျက်သိမ်းခံရ

ဘန်ကောက်၊ သြဂုတ် ၇ လူကြိုက်များတဲ့ အတိုက်အခံ Move Forward ပါတီကို ဖျက်သိမ်းရေး ထိုင်းဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးက သြဂုတ် ၇ ရက်မှာ ညွှန်ကြားလိုက်ပါတယ်။ ဘုရင့်နန်းတော်ကို မဝေဖန်ရဘူးလို့ တားမြစ်ထားတဲ့ နန်းတော်စော်ကားမှုဆိုင်ရာဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ တရားရုံးက ပါတီဖျက်သိမ်းဖို့ အမိန့်ချမှတ်တာ ဖြစ်ပါတယ်။ Move Forward ပါတီရဲ့ ဥပဒေပြင်ဆင်ရေး…