နိုင်ငံတကာ

ဝေဟင်ပစ်ဒုံးကျည်တွေ ပစ်ခတ်နိုင်စွမ်း ထိုင်ဝမ် ထုတ်ဖော်ပြသ

တိုင်ပေ၊ သြဂုတ် ၂၀ ထိုင်ဝမ်ကျွန်း အရှေ့တောင်ဖက် ကမ်းရိုးတန်းရှိ အတိမ်အစောင်းမခံနိုင်တဲ့ လက်နက် စမ်းသပ်ရာနေရာမှာ ထိုင်ဝမ် စစ်တပ်က သြဂုတ် ၂၀ ရက်မှာ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေ ပစ်ခတ်ပြီး သူတို့ရဲ့ ပစ်ခတ်နိုင်စွမ်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ တရုတ်က သူတို့ပိုင်နက်လို့ ရှုမြင်ထားတဲ့ ထိုင်ဝမ်က တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မကြာခဏ စောဒက…

နှစ်ဖက်စစ်တပ်တွေ အပြန်အလှန်ချထားနိုင်ဖို့ သြစတြေးလျနဲ့ အင်ဒိုနီးရှားတို့ သဘောတူညီမှုရရှိ

ဆစ်ဒနီ၊ သြဂုတ် ၂၀ သြစတြေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကြား စစ်တပ်တွေကို အပြန်အလှန် ချထားခွင့်ရှိမယ့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် အန်ထိုနီ အယ်ဘာနစ်က သြဂုတ် ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဒါက နှစ်နိုင်ငံစလုံးအတွက် အရေးကြီးတဲ့ နှစ်ဖက်လုံခြုံရေးကို ကူညီပေးရေးမှာ အရေးပါတဲ့ သဘောတူညီမှု ဖြစ်သလို ဒေသတွင်းလုံခြုံရေး…

ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်လက်ကူညီမယ်လို့ ဘင်္ဂလားဒေ့ချ် ယာယီအစိုးရ ပြော

ဒါကာ၊ သြဂုတ် ၁၉ ဘင်္ဂလားဒေ့ချ် အစိုးရအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဆက်လက် ကူညီသွားမှာ ဖြစ်ကြောင်း ယာယီ အစိုးရအဖွဲ့ အကြီးအကဲ နိုဘယ်ဆုရှင် မိုဟာမက် ယူနာ့စ်က သြဂုတ် ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ ယာယီအစိုးရအဖွဲ့ အကြီးအကဲ ယူနာ့စ်က ဘင်္ဂလားဒေ့ချ်အတွက် အရေးအကြီးဆုံး မူဝါဒနှစ်ရပ်ကို နိုင်ငံတကာ သံတမန်တွေ ရှေ့မှောက်မှာ ချပြခဲ့ချိန်…

သက်ဆင် သမီးဖြစ်သူကို ထိုင်းဝန်ကြီးချုပ်အဖြစ် ဘုရင့်နန်းတော် အတည်ပြု

ဘန်ကောက်၊ သြဂုတ် ၁၉ ပသွန်ထန် ရှင်နာဝါထရာကို ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က ရွေးချယ်လိုက်ပြီးနောက် နှစ်ရက်အကြာမှာ ဘုရင့်နန်းတော်က လက်ခံ အတည်ပြုလိုက်တာကြောင့် သူ့အနေနဲ့ လာမယ့်ရက်တွေမှာ အစိုးရဝန်ကြီးများအဖွဲ့ ဖွဲ့စည်းရေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မဟာမိတ် ဝန်ကြီးချုပ်ဟောင်း ဆရီသာ သာဗီဆင်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံးက ထုတ်ပယ်လိုက်ပြီးနောက် ရက်ပိုင်းအကြာ အသက်…

မြန်မာ့တော်လှန်ရေးအင်အားစုတွေကို အကူအညီ ပိုပေးမယ်လို့ အမေရိကန် ကတိပြု

ဝါရှင်တန် ဩဂုတ် ၁၇ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် မြန်မာ့တော်လှန်ရေး အင်အားစုတွေနဲ့ အမေရိကန်အရာရှိတွေဟာ ဩဂုတ် ၁၆ ရက်မှာ အွန်လိုင်းကနေ တွေ့ဆုံခဲ့ကြပြီး အရပ်သားအစိုးရ ရွေးကောက်တင်မြှောက်နိုင်ရေး တိုက်ရိုက် ကူညီပေးဖို့ သဘောတူခဲ့တဲ့အပြင် စစ်ကောင်စီကို ဆက်လက် ဖိအားပေးရေး ကတိပြုခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဝါရှင်တန်အစိုးရရဲ့ ဒေသဆိုင်ရာ ပြိုင်ဘက် တရုတ်က…

မြောက်ကိုရီးယား ခရီးသွားလုပ်ငန်းပြန်စမယ်

ပြုံးယမ်း၊ သြဂုတ် ၁၆ Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံနယ်စပ်ကို လုံးဝပိတ်ထားခဲ့ပြီးနောက် ငါးနှစ်နီးပါးအကြာ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ကန့်သတ်ထားတဲ့ နိုင်ငံတကာ ခရီးသွားတွေအတွက် မြောက်ကိုရီးယားက တံခါးပြန်ဖွင့်မှာ ဖြစ်တယ်လို့ ပြုံးယမ်းနဲ့ အဆက်အသွယ်ရှိတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှစ်ခုက ကြေညာပါတယ်။ ခရီးသည်အုပ်စုတွေကို ကွယ်လွန်သွားပြီဖြစ်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီရဲ့ မွေးရပ်လို့ယူဆရတဲ့ တောင်တန်းမြို့ ဆမ်ဂျီယမ်ကို လည်ပတ်ခွင့်ပေးသွားမှာဖြစ်ကြောင်း ဘေဂျင်းအခြေစိုက် Koryo…

သက်ဆင်ရဲ့သမီး ဖယ်ထောင်ထန် ရှင်နာဝပ်ထရာကို ၃၁ ယောက်မြောက် ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်

ဘန်ကောက် ဩဂုတ် ၁၆ ဖူထိုင်းပါတီရဲ့ ခေါင်းဆောင် ဖယ်ထောင်ထန် ရှင်နာဝပ်ထရာကို ထိုင်းနိုင်ငံရဲ့ ၃၁ ဦးမြောက် ဝန်ကြီးချုပ်သစ်အဖြစ် ထောက်ခံမဲ ၃၁၉ မဲ၊ ကန့်ကွက်မဲ ၁၄၅ မဲ၊ ကြားနေမဲ ၂၇ မဲနဲ့ အောက်လွှတ်တော်မှာ ဩဂုတ် ၁၆ ရက်က ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။ အဲဒီလွှတ်တော်က ဝန်ကြီးချုပ်သစ်ရွေးချယ်တဲ့အစီအစဉ်ကိုတော့ အသက် ၃၇ နှစ်အရွယ်…

တောင်ကိုရီးယားနဲ့ ဂျပန်တို့ကို နျူကလီးယားနဲ့ တိုက်ခိုက်မယ်လို့ မြောက်ကိုရီးယား ခြိမ်းခြောက်

ဆိုးလ်၊ သြဂုတ် ၁၅ အမေရိကန်နဲ့ သုံးနိုင်ငံ ဆက်ဆံရေး အားကောင်းအောင် လုပ်ဆောင်နေတာကြောင့် တောင်ကိုရီးယားနဲ့ ဂျပန်တို့မှာရှိတဲ့ ပြည်သူတွေဟာ နျူကလီးယား တိုက်ခိုက်မှုရဲ့ သားကောင်တွေ ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက သတိပေးလိုက်ပါတယ်။ နိုင်ငံပိုင် KCNA သတင်းဌာနရဲ့ ကြေညာချက်မှာ အမေရိကန်ရဲ့ စစ်ရေး ခြိမ်းခြောက်မှုကြောင့် မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားစစ်ပွဲ တားဆီးနိုင်ရေး အင်အားကောင်းလာအောင်…

ထိုင်းဝန်ကြီးချုပ် ရာထူးမှ ဖြုတ်ချခံရ

ဘန်ကောက်၊ သြဂုတ် ၁၄ ထောင်ဒဏ်ကျခံခဲ့ဖူးတဲ့ ရှေ့နေဟောင်း တစ်ဦးကို ဝန်ကြီးများအဖွဲ့မှာ ခန့်အပ်မှုနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်ကို ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက သြဂုတ် ၁၄ ရက်မှာ ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး ဆရီသာဟာ အဲဒီ ဖွဲ့စည်းပုံ တရားရုံး တစ်ခုတည်းက ထုတ်ပယ်တဲ့ ၁၆…

ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို ဘင်္ဂလားဒေ့ချ် တရားရုံးက လူသတ်မှုနဲ့ အမှုဖွင့်

ဒါကာ၊ သြဂုတ် ၁၄ ပြီးခဲ့တဲ့လမှာ ဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှုအတွင်း လူတစ်ဦးကို ရဲတပ်ဖွဲ့က သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ချ် တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာနဲ့ သူ့ရဲ့ အစိုးရအဖွဲ့ဝင် ထိပ်တန်း အရာရှိဟောင်း ခြောက်ဦးကို လူသတ်မှုနဲ့ သြဂုတ် ၁၃ ရက်မှာ အမှုဖွင့်လိုက်ပါတယ်။ ဒါကာမြို့ရဲ့ လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေ ပြည့်နှက်သွားခဲ့ပြီး ဆူပူ အကြမ်းဖက်မှုများ…