နိုင်ငံတကာ

မြန်မာနိုင်ငံအတွက် လူသားချင်း စာနာရေးအကူအညီ ဘတ် ၉ သန်း ထိုင်း ထပ်မံလှူဒါန်း

ဘန်ကောက်၊ သြဂုတ် ၂၇ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ကျင်းပခဲ့တဲ့ ၅၇ ကြိမ်မြောက် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးမှာ ယာယီ နိုင်ငံခြားရေးဝန်ကြီး မာရစ် ကတိပေးခဲ့တဲ့အတိုင်း ထိုင်းအစိုးရက မြန်မာနိုင်ငံအတွက် ဘတ် ၉ သန်း တန်ဖိုးရှိတဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီကို သြဂုတ် ၂၆ ရက်မှာ ထပ်မံလှူဒါန်းလိုက်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အက်ဆီရီ…

ဂါဇာ အပစ်ရပ်ရေး ဆွေးနွေးပွဲ သဘောတူညီချက် မရဘဲ ပြီးဆုံး

ကိုင်ရို၊ သြဂုတ် ၂၆ ကိုင်ရိုမြို့မှာ ကျင်းပခဲ့တဲ့ ဂါဇာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ ကြားဝင် ညှိနှိုင်းပေးသူတွေ တင်ပြတဲ့ အဆိုပြုချက်တွေကို အစ္စရေးကရော ဟားမာ့စ်အဖွဲ့ကပါ သဘောမတူခဲ့တာကြောင့် ဘာသဘောတူညီမှုမှမရဘဲ ပြီးဆုံးခဲ့တယ်လို့ အီဂျစ် လုံခြုံရေး သတင်းရင်းမြစ် နှစ်ခုက ပြောပါတယ်။ ၁၀ လကြာမြင့်ခဲ့ပြီဖြစ်တဲ့ စစ်ပွဲ အဆုံးသတ်စေရေး အမေရိကန် ဦးဆောင်တဲ့ နောက်ဆုံး ကြိုးပမ်းမှုဟာ…

မြန်မာနယ်စပ်အနီး တရုတ်စစ်တပ် ကင်းလှည့်

ဘေဂျင်း၊ သြဂုတ် ၂၆ လုံခြုံရေးနဲ့ တည်ငြိမ်မှု ထိန်းသိမ်းဖို့ မြန်မာနယ်စပ်အနီးမှာ စစ်တပ်၊ လေကြောင်းနဲ့ မြေပြင် ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တွေ ကင်းလှည့် စောင့်ကြည့်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း တရုတ် စစ်တပ်က သြဂုတ် ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ အဲဒီ ကင်းလှည့်မှုတွေအတွင်း ရူအီလီ၊ ချန်ကန်းတို့အပြင် မြန်မာနယ်စပ်နဲ့ ထိစပ်နေတဲ့ အခြားဒေသတွေကို အဓိကထား ကင်းလှည့်ခဲ့တယ်လို့…

တရုတ်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး ဆွေးနွေး

ဘေဂျင်း၊ သြဂုတ် ၂၄ တရုတ်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့ဟာ သြဂုတ် ၂၃ ရက်မှာ တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေးနဲ့ ဂါဇာစစ်ပွဲ အခြေအနေတို့ကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီတို့ ဘေဂျင်းမြို့မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြကြောင်း တရုတ်…

ယူကရိန်းခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ ငြိမ်းချမ်းရေး အကျိုးဆောင်လုပ်မယ်

ကိဗ်၊ သြဂုတ် ၂၃ သမိုင်းဝင် ယူကရိန် ခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီဟာ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ သြဂုတ် ၂၃ ရက်မှာ တွေ့ဆုံခဲ့ပြီး ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲ အဆုံးသတ်ရေး အဖြေရှာဖို့ တွန်းအားပေးမယ်လို့ မျှော်လင့်ထားပါတယ်။ ရုရှား ကျူးကျော်တိုက်ခိုက်ပြီးနောက် နှစ်နှစ်ခွဲ အကြာမှာ ဝန်ကြီးချုပ် မိုဒီက သူ့ကိုယ်သူ…

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် လူ ၇၀၀ နီးပါးထိခိုက်သေဆုံးခဲ့တယ်လို့ ကုလ ပြော

ရန်ကုန်၊ သြဂုတ် ၂၃ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း မြေမြှုပ်မိုင်းတွေနဲ့ စစ်ပွဲအတွင်း အခြားဖောက်ခွဲရေးပစ္စည်း အကြွင်းအကျန်တွေကြောင့် ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးသူ အရပ်သား ၆၉၂ ဦး ရှိခဲ့တယ်လို့ ကုလသမဂ္ဂ နိုင်ငံတကာ ကလေးငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF Myanmar ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ အရင်နှစ်ကနဲ့ နှိုင်းယှဉ်ရင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူ…

ထိုင်းမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရတယ်လို့ သံသယရှိသူ တစ်ဦး တွေ့ရှိ

ဘန်ကောက်၊ သြဂုတ် ၂၂ ထိုင်းမှာ အန္တရာယ်ပိုများတဲ့ မျောက်ကျောက်ရောဂါ မျိုးစိတ်သစ် ကူးစက်ခံထားရတယ်လို့ သံသယရှိသူ တစ်ဦးကို သြဂုတ် ၂၁ ရက်မှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဲဒီ ဗိုင်းရပ်စ် မျိုးစိတ်သစ်ပျံ့နှံ့မှုကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း WHO က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပြီး ဖြစ်ပါတယ်။ အခု စစ်ဆေးတွေ့ရှိထားတဲ့ လူနာဟာ မျောက်ကျောက်ရောဂါ…

ရုရှား-တရုတ် လက်တွဲဆောင်ရွက်မှုကနေ ရလဒ်တွေ ထွက်ပေါ်လာပြီလို့ ပူတင် ပြော

မော်စကို၊ သြဂုတ် ၂၂ ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်မှာ ကရင်မလင်နန်းတော်ကနေ တရုတ် ဝန်ကြီးချုပ် လီကီကျန်းကို ကြိုဆိုချိန်မှာ သမ္မတ ဗလာဒီမာ ပူတင်က ရုရှားရဲ့ တရုတ်နဲ့ စီးပွားရေး၊ ကုန်သွယ်ရေး အဆက်အသွယ်တွေကနေ ရလဒ်တွေ ထွက်ပေါ်လာပြီလို့ ပြောကြားပါတယ်။ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ပြီး နောက်ပိုင်း အနောက်တိုင်းရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ…

ထိုင်းနိုင်ငံ စီးပွားရေး အကြပ်ဆိုက်ခါနီးနေပြီလို့ ယာယီ ဘဏ္ဍာရေး ဝန်ကြီး သတိပေး

ဘန်ကောက်၊ သြဂုတ် ၂၁ ပြည်ပသို့ ကုန်တင်ပို့မှု လျော့ကျမှုနဲ့ အပြိုင်အဆိုင်မရှိတဲ့ ကုန်ထုတ်လုပ်မှုတို့ကြောင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေး အကြပ်ဆိုက်ခါနီးနေပြီလို့ ယာယီ ဘဏ္ဍာရေးဝန်ကြီး ပီချိုင်း ချွန်ဟာဗာဂျီရာက သြဂုတ် ၂၁ ရက်မှာ သတိပေးလိုက်ပါတယ်။ ပြည်ပသို့ ကုန်တင်ပို့မှုဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ၇၀ ရာခိုင်နှုန်းကို ကိုယ်စားပြုနေပေမယ့် ထုတ်လုပ်ရေးကဏ္ဍဟာ ဈေးကွက် ဝယ်လိုအားကို လိုက်မမှီနိုင်…

ကုလ အထူးကိုယ်စားလှယ်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

ဘေဂျင်း၊ သြဂုတ် ၂၁ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ သြဂုတ် ၂၀ ရက်က ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ မြန်မာ့ပြဿနာနဲ့ ပတ်သက်လို့ တရုတ်က မြန်မာရဲ့ အချုပ်အခြာ အာဏာ၊ လွတ်လပ်မှု၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ နယ်နိမိတ် ဆိုင်ရာ ဂုဏ်သိက္ခာတို့ကို လေးစားမှု…