နိုင်ငံတကာ

အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ ဘရာဇီးသမ္မတဟောင်း စွဲချက်တင်ခံရ

ဘရာစီလီယာ၊ ဖေဖော်ဝါရီ ၁၉ ဘရာဇီးသမ္မတဟောင်း ဂျာယာ ဘိုလ်ဆိုနာရိုဟာ ၂၀၂၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးနောက် အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ ထိပ်တန်း အစိုးရရှေ့နေချုပ်က စွဲချက်တင်လိုက်ပါတယ်။ ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီးနောက် အသက် ၆၉ နှစ်အရွယ် သမ္မတဟောင်း ဘိုလ်ဆိုနာရိုက သူ့နေရာ ဆက်ခံမယ့် သမ္မတ လူလာ…

ယူကရိန်းအရေး အမေရိကန်နဲ့ ဆွေးနွေးပွဲ အပြုသဘောဆောင်တယ်လို့ ရုရှား ပြော

ရီးယာ့ဒ်၊ ဖေဖော်ဝါရီ ၁၈ ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယား မြို့တော် ရီးယာ့ဒ်မှာ လေးနာရီကြာ ဆွေးနွေးခဲ့ပြီးနောက် နှစ်ဖက် ဆွေးနွေးမှုတွေ အပြုသဘော ဆောင်တယ်လို့ ရုရှားသမ္မတရဲ့ ကရင်မလင်နန်းတော် ကိုယ်စားလှယ်က ပြောကြားလိုက််ပါတယ်။ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့ဗ်နဲ့ အမေရိကန် နိုင်ငံခြားရေ ဝန်ကြီး မာကို ရူဘီယိုတို့ တွေ့ပြီး ယူကရိန်းအရေး…

DeepSeek က အသုံးပြုသူတွေရဲ့အချက်အလက်တွေကို တရုတ်ပိုင် ByteDance ကုမ္ပဏီဆီ ပေးပို့

ဆိုးလ် ဖေဖော်ဝါရီ ၁၈ တရုတ်အခြေစိုက် ဉာဏ်ရည်တုကုမ္ပဏီတစ်ခုကနေ ဖန်တီးထားတဲ့ DeepSeek မေးလိုရာမေး စက်ရုပ်ဝန်ဆောင်မှုက တောင်ကိုရီးယားနိုင်ငံသား အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို TikTok ကိုပိုင်ဆိုင်တဲ့ တရုတ်ကုမ္ပဏီ ByteDance ဆီပေးပို့လိုက်တယ်လို့ ကိုရီးယားအချက်အလက် ကာကွယ်ရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ပြောဆိုလိုက်ပါတယ်။ ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေးကော်မရှင် PIPC က အချက်အလက်စုဆောင်းမှု လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ စိုးရိမ်မှုတွေကြောင့်…

ကမ္ဘာ့ဒီမိုကရေစီ အန္တရာယ် ရှိနေပြီလို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂျွန်မေဂျာ သတိပေး

လန်ဒန်၊ ဖေဖော်ဝါရီ ၁၇ ကမ္ဘာမှာ ဦးဆောင်နေတဲ့ အခန်းကဏ္ဍကနေ အမေရိကန် နောက်ပြန် ဆုတ်နေချိန် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ အန္တရာယ်ရှိနေပြီလို့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဆာ ဂျွန်မေဂျာက သတိပေးလိုက်ပါတယ်။ အမေရိကန် သီးခြားရပ်တည်ဖို့ဆိုတဲ့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ မူဝါဒကြောင့် ရုရှားနဲ့ တရုတ်လို နိုင်ငံတွေကို ရဲတင်းလာစေမယ့် အာဏာ လစ်ဟာမှု ဖြစ်ပေါ်နေတယ်လို့ ဝန်ကြီးချုပ်ဟောင်း…

ကျားဖြန့် ရငွေတွေက မြန်မာပြည်တွင်းစစ်ကို လောင်စာ ထည့်ပေးနေတာလို့ သက်ဆင် ပြော

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၇ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်အပြင် ကမ္ဘောဒီးယားနဲ့ လာအိုရှိ ကျားဖြန့်လုပ်ငန်းတွေကနေ တရားမဝင်ရရှိနေတဲ့ ငွေကြေးတွေဟာ မြန်မာပြည်တွင်းစစ်ကို လောင်စာထည့်ပေးနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာက ပြောကြားလိုက်ပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ရရှိနေတဲ့ ငွေတွေဟာ မသန့်ရှင်းတဲ့ ငွေတွေ ဖြစ်တယ်လို့ သက်ဆင်က ဆိုပါတယ်။ ဒီလို မသန့်ရှင်းတဲ့ ငွေတွေကို မြန်မာစစ်ကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့များစွာဟာ တိုက်ခိုက်မှုတွေအတွက် အသုံးချနေတာကြောင့်…

ဆန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် အရေးပေါ် အရန်ဆန် ထုတ်သုံးမယ်လို့ ဂျပန်အစိုးရ ကြေညာ

တိုကျို၊ ဖေဖော်ဝါရီ ၁၅ ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှုကို တုံ့ပြန်တဲ့အနေနဲ့ အရေးပေါ် အခြေအနေအတွက် အရန်သုံးဖို့ ထားတဲ့ ဆန်တွေကို ထုတ်သုံးမှာ ဖြစ်ကြောင်း ဂျပန်အစိုးရက ဖေဖော်ဝါရီ ၁၄ ရက်မှာ ကြေညာလိုက်ပါတယ်။ ကြီးကြီးမားမား ငလျင်လှုပ်တာမျိုးလို အရေးပေါ် ကာလတွေမှာသာ ဂျပန်အစိုးရဟာ အရေးပေါ် အရန်ဆန်တွေကို သုံးစွဲဖို့ အရင်ကသတ်မှတ်ထားခဲ့ပေမယ့် ဖြန့်ဝေဖို့ အနှောင့်အယှက် ရှိတာကြောင့်…

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှားအပြင် ဥရောပကိုပါ အမေရိကန် ဖိအားပေး

မြူးနစ်၊ ဖေဖော်ဝါရီ ၁၅ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ မတွေ့ခင် ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ ရုရှားကို အမေရိကန်က ဖိအားပေးဖို့ ကြိုတင် ပြင်ဆင်ထားတယ်လို့ ဒုသမ္မတ ဂျေဒီ ဗန့်စ်က ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ သုံးနှစ်နီးပါး ကြာနေပြီဖြစ်တဲ့ ပဋိပက္ခနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကနေ ချန်လှပ်ခံရမယ့်အရေး စိုးရိမ်နေကြတဲ့ ဥရောပနိုင်ငံတွေကိုလည်း သူတို့…

နိုင်ငံခြားအကူအညီပေးရေး ရန်ပုံငွေတွေ ပြန်ပေးဖို့ အမေရိကန် တရားသူကြီး ညွှန်ကြား

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄ နိုင်ငံခြားသို့ အကူအညီပေးရေး အဖွဲ့အစည်းတွေအတွက် ရန်ပုံငွေတွေ ပြန်လည် ပေးအပ်ရေး အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အစိုးရကို ဖက်ဒရယ် တရားသူကြီး တစ်ဦးက ညွှန်ကြားထားကြောင်း Politico သတင်းဌာနက ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းမှာ ဖော်ပြထားပါတယ်။ ထရန့်ရဲ့ ရက်ပေါင်း ၉၀ ကြာ ရန်ပုံငွေ ရပ်ဆိုင်းထားမှုကြောင့်…

အီရန်ကို အစ္စရေး တိုက်ခိုက်ဖို့ ကြံစည်နေ

ဂျေရုစလင်၊ ဖေဖော်ဝါရီ ၁၄ အီရန်ရဲ့ နျူကလီးယားစီမံကိန်းကို အစ္စရေးက အခုနှစ် နှစ်လယ်ပိုင်းမှာ ကြိုတင် လက်ဦးမှု ရယူ တိုက်ခိုက်ဖို့ ရှိနေတယ်လို့ အမေရိကန် ထောက်လှမ်းရေးက သတိပေးထားကြောင်း ထောက်လှမ်းရေး သတင်းတွေကို ကိုးကားပြီး Washington Post သတင်းစာက ဖော်ပြပါတယ်။ အစ္စရေးက အဲဒီလို တိုက်ခိုက်ခဲ့မယ်ဆိုရင် ဒေသတွင်းမှာ တင်းမာမှု အရှိန် မြင့်တက်လာပြီး…

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် တချို့ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်း ထုတ်

ဗျူနိုအေးရီးစ် ဖေဖော်ဝါရီ ၁၄ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုအတွက် စေခိုင်းသူနဲ့ ကျူးလွန်သူတွေကို အာဂျင်တီးနားတရားရုံး တစ်ခုက နိုင်ငံတကာဖမ်းဝရမ်း ထုတ်ပြန်လိုက်တယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ ဖေဖော်ဝါရီ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဗျူနိုအေးရီမြို့မှာရှိတဲ့ တရားရုံးတစ်ခုက ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုမှာ ပါဝင်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တခြား မြန်မာစစ်တပ်အရာရှိတွေကို…