နိုင်ငံတကာ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးမှု ချက်ချင်းရပ်ဖို့ တရုတ်ထံ တောင်းဆို

ဘန်ကောက်၊ စက်တင်ဘာ ၁၉ အိမ်နီးချင်း အင်အားကြီး တရုတ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် ခြိမ်းခြောက်နေတာတွေ အားလုံး ချက်ချင်း ရပ်တန့်ဖို့ မြန်မာလူ့အခွင့်အရေးအဖွဲ့ ၃၀၀ နီးပါးက တောင်းဆိုလိုက်ပါတယ်။ အပစ်အခတ်ရပ်စဲဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိအားပေးနေတာတွေ ချက်ချင်း ရပ်တန့်ရေး၊ စစ်ကောင်စီအပေါ် လိုက်လျော ခွင့်ပြုမှုတွေ လုပ်ဆောင်လာအောင် ဖိအားပေးနေတာတွေ ရပ်တန့်ရေး မြန်မာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ…

ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို ထောက်ခံတဲ့ မီဒီယာသမားတွေ ဖမ်းဆီးခံရ

ဒါကာ၊ စက်တင်ဘာ ၁၈ ပြီးခဲ့တဲ့လမှာ အာဏာရှင် ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာကို ပြုတ်ကျစေခဲ့တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက် တိုက်ခိုက်ရာမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရသူ စာနယ်ဇင်းသမား နှစ်ဦးနဲ့ စာရေးဆရာ တစ်ဦးကို ဘင်္ဂလားဒေ့ချ် ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၇ ရက်မှာ ရမ္မာန်နဲ့ ဖမ်းဆီးလိုက်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဟာဆီနာ အစိုးရနဲ့ သူ့ရဲ့ အဝါမီလိဂ်…

အချိန်မရွေး နျူကလီးယား စမ်းသပ်မှု ပြန်လည် စတင်ဖို့ အသင့်ရှိနေပြီလို့ ရုရှား ပြော

မော်စကို၊ စက်တင်ဘာ ၁၈ ကရင်မလင်နန်းတော်ကနေ အမိန့်ပေးလာပါက အချိန်မရွေး နျူကလီးယား စမ်းသပ်မှုတွေကို ပြန်လည် စတင်ဖို့ အသင့်ရှိနေပြီလို့ ရုရှားရဲ့ လျှို့ဝှက်နျူကလီးယား စမ်းသပ်ရေး လုပ်ငန်းခွင် အကြီးအကဲက စက်တင်ဘာ ၁၇ ရက်က ပြောကြားလိုက်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင် တစ်နှစ်အလို ၁၉၉၀ ပြည့်နှစ်မှာကတည်းက မော်စကိုအစိုးရဟာ နျူကလီယား လက်နက် စမ်းသပ်မှုတွေ မလုပ်ဆောင်တော့ပေမယ့်…

လူနည်းစုဝင်တွေအရေး အီရန်ခေါင်းဆောင်ကြီးရဲ့ သဘောထားမှတ်ချက်ကို အိန္ဒိယ ပြစ်တင်ရှုတ်ချ

နယူးဒေလီ၊ စက်တင်ဘာ ၁၇ အိန္ဒိယမှာ မွတ်စလင်တွေ အပေါ် ပြုမူဆက်ဆံပုံနဲ့ ပတ်သက်လို့ အီရန် ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ ပြောဆိုမှုတွေဟာ မှားယွင်းပြီး လက်မခံနိုင်စရာ ဖြစ်တယ်လို့ နယူးဒေလီ အစိုးရက ပြောကြားပြီး ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ မြန်မာ၊ ဂါဇာ၊ အိန္ဒိယနဲ့ အခြားနေရာတွေမှာ မွတ်စလင်တွေ ထိခိုက်ခံစားနေရတာကို မိမိတို့…

ရုရှားစစ်တပ်ကို ကမ္ဘာမှာ ဒုတိယအင်အား အကြီးဆုံး ဖြစ်အောင်တည်ဆောက်ဖို့ ပူတင် ညွှန်ကြား

မော်စကို၊ စက်တင်ဘာ ၁၇ တရုတ် စစ်တပ်ပြီးနောက် ကမ္ဘာမှာ ဒုတိယမြောက် အကြီးဆုံး စစ်တပ် ဖြစ်လာစေရေး ဆောင်ရွက်မှု တစ်ရပ်အနေနဲ့ သမ္မတ ဗလာဒီမာ ပူတင်က ရုရှား စစ်တပ်ရဲ့ ပုံမှန် အင်အားကို စစ်မှုထမ်း ၁၈၀၀၀၀ ကနေ ၁ ဒသမ ၅ သန်းအထိ တိုးမြှင့်ရေး ညွှန်ကြားလိုက်ပါတယ်။ ကရင်မလင် နန်းတော်…

အာဖဂန်နစ္စတန် နိုင်ငံသား နှစ်သန်းကို အီရန် နေရပ်ပြန်ပို့မယ်

တီဟီရန်၊ စက်တင်ဘာ ၁၆ ခေတ်သစ်ရာဇဝင်မှာ အကြီးမားဆုံးနှင်ထုတ်မှုအဖြစ် အီရန်က အာဖဂန်နစ္စတန်နိုင်ငံသား နှစ်သန်းကို ခြောက်လအတွင်း နေရပ်ပြန်ပို့သွားမယ်လို့ အီရန် အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲ အာမက် ရီဇာ ရာဒန်က ပြောကြားလိုက်ပါတယ်။ အီရန် ရဲတပ်ဖွဲ့က ရွှေ့ပြောင်းနေထိုင်သူတွေကို အကြမ်းဖက် ဖမ်းဆီးပြီး တာလီဘန်တွေ အုပ်ချုပ်နေတဲ့ အာဖဂန်နစ္စတန်နယ်စပ်ဆီ ပြန်ပြီး ပို့ဆောင်နေပြီ ဖြစ်ပါတယ်။ ပြည်နယ်တစ်ခုရှိ ဈေးဆိုင်တွေကို…

ဂါဇာစစ်ပွဲကို ဆက်လက် ဆင်နွှဲနိုင်စွမ်းရှိနေဆဲပဲလို့ ဟားမာ့စ်အဖွဲ့ ကြွေးကြော်

အစ္စတန်ဘူလ်၊ စက်တင်ဘာ ၁၆ ဂါဇာစစ်ပွဲ ၁၁ လ ကြာမြင့်လာချိန်မှာ မိမိတို့အနေနဲ့ ဆုံးရှုံးမှုတွေ များပေမယ့် စစ်ပွဲကို ဆက်လက် ဆင်နွှဲနိုင်ရေး ရင်းမြစ်တွေ အများကြီး စုဆောင်းထားပြီး ဖြစ်တယ်လို့ ပါလက်စတိုင်း လက်နက်ကိုင် ဟားမာ့စ်အဖွဲ့ရဲ့ အကြီးတန်း အရာရှိ တစ်ယောက်က စက်တင်ဘာ ၁၅ ရက်မှာ ပြောကြားလိုက်ပါတယ်။ ခုခံတွန်းလှန်ရေးအင်အားစုအနေနဲ့ ဆက်လက်ခရီးနှင်ဖို့ အင်အားရှိနေဆဲ…

ရုရှားနိုင်ငံပိုင်မီဒီယာကို အမေရိကန် ပိတ်ဆို့အရေးယူမှုထပ်ချ

ဝါရှင်တန်၊ စက်တင်ဘာ ၁၄ နိုင်ငံပိုင် ရုပ်သံလိုင်း RT ဟာ ရုရှား ထောက်လှမ်းရေးဌာနရဲ့ လက်တံခွဲ တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို ဘလင်ကန်က ပြောကြားပြီး အရေးယူ ပိတ်ဆို့မှု အသစ်တွေ ချမှတ်လိုက်ပါတယ်။ RT ရုပ်သံလိုင်းဟာ အမေရိကန်မှာ ဒီမိုကရေစီ အားနည်းစေရေး ကြိုးပမ်းနေတဲ့ ရုရှားအစိုးရ ထောက်ပံ့ပေးထားတဲ့ မီဒီယာတွေထဲက…

ရေဘေးကြောင့် နိုင်ငံတကာထံ စစ်ကောင်စီ ရှားရှားပါးပါး အကူအညီတောင်းခံ

ရန်ကုန်၊ စက်တင်ဘာ ၁၄ စစ်ပွဲသုံးနှစ်တာကာလထဲ ဝင်ရောက်လာချိန်မှာ လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ရေဘေးဒဏ်ကို နိုင်နင်းအောင် ထိန်းသိမ်းနိုင်ရေး မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှားရှားပါးပါးအနေနဲ့ စက်တင်ဘာ ၁၄ ရက်မှာ နိုင်ငံတကာထံ အကူအညီ တောင်းခံလိုက်ပါတယ်။ စူပါတိုင်ဖွန်း မုန်တိုင်း ယာဂီကြောင့် ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ပွားပြီး မြန်မာ၊ ဗီယက်နမ်နဲ့ ထိုင်းတို့မှာ…

ကာမယ်လာ ဟားရစ်နဲ့ နောက်ထပ် စကားစစ်ထိုးတော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရန့် ပြော

ဝါရှင်တန်၊ စက်တင်ဘာ ၁၃ ဒေါ်နယ် ထရန့်က သူ့ရဲ့ ပြိုင်ဖက် ကာမယ်လာ ဟားရစ်နဲ့ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် နောက်ထပ် တစ်ကြိမ် စကားစစ်ထိုးတော့မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ သမ္မတလောင်းနှစ်ဦး ဖီလာဒေးဖီးယားမြို့မှာ ပထမဆုံး စကားစစ်ထိုးပွဲ ကျင်းပခဲ့ပြီးနောက် နှစ်ရက်အကြာ စက်တင်ဘာ ၁၂ ရက်မှာ ရီပါဘလစ်ကန် သမ္မတလောင်း ထရန့်က အခုလိုမျိုး…